“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, February 27, 2014

ဘက်ထရီ စက်ရုံ၌ ၅ ဘီလျံဒေါ်လာ ရင်းနှီးမြှုပ်နှံရန် တက်စ်လာမှ ပြင်ဆင်

လျှပ်စစ်ကားမျာအတွက် အသုံးပြုနိုင်မည့် ပိုမိုဈေးသက်သာသော ဘက်ထရီများကို အများအပြား ထုတ်လုပ်နိုင်မည့် စက်ရုံတွင် လာမည့် သုံးနှစ်အတွင်း ၂ ဘီလျံဒေါ်လာကို ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း တက်စ်လာမှ ဗုဒ္ဓဟူးနေ့တွင် ကြေငြာခဲ့သည်။
ဇိမ်ခံ လျှပ်စစ် ဆီဒင်ကားများကို ထုတ်လုပ်ခဲ့သည့် တက်စ်လာ ကုမ္ပဏီမှ အမေရိကန် အနောက်တောင်ပိုင်းတွင် ဘက်ထရီစက်ရုံ တစ်ခုကို တည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း နောက်ထပ် ၃ ဘီလျံဒေါ်လာကို ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။
၎င်းစက်ရုံမှ အစိတ်အပိုင်းများ ပေါင်းစပ်ထုတ်လုပ်ခြင်းထက် သတ္တုမှ ဘက်ထရီထွက်သည်အထိ အပြီးသတ် လုပ်ဆောင်နိုင်မည် ဖြစ်ပြီး ယာဉ်သုံး ဘက်ထရီများအတွက်
အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တဆင့် ဥပဒေကြမ်း တင်ပြဆောင်ရွက်သွားဖို့ ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ပေးပို့လာတဲ့ အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေ ၄ ရပ် ပြဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဆီ သ၀ဏ်လွှာ ပြန်လည် ပေးပို့တဲ့အထဲမှာ ပြောကြားထားတာ ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒန္ဒ တိလောကာဘိဝံသ လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ ၄ရပ်ကို ဥပဒေ ပြဌာန်းပေးဖို့

**နောက်တာ**

အင်တာဗျူးတစ်ခုကို အချိန်အတော်နောက်ကျပြီးမှ ရောက်လာတဲ့စီးပွားရေးဘွဲ့ ရခါစ လူငယ်လေးတစ်ဦးရဲ့  အင်တာဗျူးမှာ …
အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းထားပါသလဲ။လူငယ် ။ ။ တစ်လ ဒေါ်လာ ၁၂၀၀၀ ရယ်။ ကုမ္ပဏီရဲ့  
အမြတ်အပေါ်မူတည်ပြီးရတဲ့ အပိုဆောင်းလေးရယ်ပေါ့ဗျာ။အင်တာဗျူးသူ ။ ။ အင်း … ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။ဆေးဝါးကုသမှု အတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။ကုမ္ပဏီကနေ အငြိမ်းစား ယူတဲ့အခါ

တိုယိုတာ ကားပြခန်း လာဖွင့်မည်

အခု မတ်လအတွင်း ဂျပန် တိုယိုတာ ကားကုမ္ပဏီဟာ မြန်မာနိုင်ငံ ရန်ကုန်မှာ ကားပြခန်း တခု လာရောက်ဖွင့်လှစ် ရောင်းချမယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ ဖော်ပြချက်အရ သိရပါတယ်။
ကားဝယ်ယူမှု တိုးပွားလာတဲ့ မြန်မာနိုင်ငံမှာ တရုတ်၊ ကိုးရီးယား၊ အမေရိကန် နဲ့ ဂျပန် အမှတ်တံဆိပ်ပေါင်းစုံ ရောက်ရှိနေပြီး မြန်မာလူမျိုးတွေ အများဆုံး အသုံးပြုနေတဲ့ ဂျပန် တိုယိုတာ ကားကုမ္ပဏီက အခုနောက်ဆုံး ၀င်ရောက်လာတာ ဖြစ်ပါတယ်။
တိုယိုတာ ကုမ္ပဏီဟာ ဟိုင်းလက် ပစ်ကပ် ထရပ်စ်ကားငယ်တွေ၊ လင်ခရူဆာ

ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်သူ အလုပ်နဲ့ထောင်ဒဏ်(၁၀)နှစ်ကျ

မကွေးတိုင်းဒေသကြီး၊မကွေး ခရိုင်တရားသူကြီးရုံးကဇနီးဖြစ်သူ ကို ဓားဖြင့် ထိုးသတ်သူ ကျော် သန်းကို လူသတ်မှုဖြင့် အလုပ်နဲ့ ထောင်ဒဏ် (၁၀)နှစ်ကျခံစေရန် (၂၀-၂-၂၀၁၄) ရက်နေ့က အမိန့် ချမှတ်လိုက်ပြီဖြစ်ကြောင်းသတင်း ရရှိသည်။
ဖြစ်စဉ်မှာ (၃-၇-၂၀၁၃) ရက် ည(၇း၃၀)အချိန်ခန့်က ရွှေ အိုး(၁)ရပ်ကွက်၊ အပိုင်း (၃) နေ ရာအိမ်မှူး ဦးတင်ဝင်းသည် နေ အိမ်တွင်ရှိနေစဉ် ဦးလေးတစ်ဝမ်း ကွဲတော်စပ်သူဦးအောင်စိုးရောက် ရှိလာပြီး ၄င်း၏သမီး မအေးအေး သင်းကို ခင်ပွန်းဖြစ်သူကျော်သန်း မှ ဓားဖြင့်ထိုး၍ တောင်တွင်းကြီး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ နေကြောင်း ပြောပြသိရှိရသဖြင့် ဆေးရုံသို့ လိုက်သွားခဲ့ရာ မအေး အေးသင်း၏ ယာနို့အုံဘေး၊ ယာ နံဘေး၊ နောက်ကျောယာဘက် ခြမ်း၊ နဖူးယာဘက် ခြမ်းတို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေ သည်ကို တွေ့ရှိရသည်ဆို၏။ အဆိုပါ အချင်းမဖြစ်ပွားမီ ထိုနေ့ ည (၇း၀၀) အချိန်ခန့်က ကျော် သန်းမှာ ဇနီးဖြစ်သူ မအေးအေး သင်းကို မိဘများနှင့်အတူ မနေ ဘဲ အိမ်ခွဲနေရန် ပြောကြားရာမှ လင်မယားချင်း စကားများပြီး ကျော်သန်းက ဇနီးဖြစ်သူ မအေး အေးသင်းကို ဓားဖြင့် ထိုးသတ် ခဲ့ကြောင်း

ရခိုင်ပြည်နယ်၌ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏လူမှုရေးလုပ်ကိုင်ခွင့် ပြည်ထဲရေးပိတ်ပင်

ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) ကို ပြည်နယ်အတွင်း၌ ဝင်ရောက်၍ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ခွင့် မပြုရန်နှင့် ပြည်နယ်အစိုးရမှ လက်ခံခြင်းမပြုရန်အတွက် သတင်းပေးပို့လာကြောင်း ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းက ဆိုသည်။
“ ပြည်ထဲရေးက စာပို့လာပါတယ်၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှာ ဆက်လက်လုပ်ကိုင်ခွင့်မပြုဖို့ပါ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေတဆင့် သက်ဆိုင်ရာအဆင့်ဆင့်ကို အကြောင်းကြားသွားမှာပါ” ဟု ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဖေဖော်ဝါရီလ(၂၅)ရက်နေ့က ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဒုချီးရားတန်းကျေးရွာဖြစ်စဉ်တွင် MSF(MEDECINA SANS FOONTERES HOLLAND) AZG အဖွဲ့မှ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့ခဲ့သောစာမှာ ရခိုင်ပြည်နယ်၏ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ် ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်းလှုံ့ဆော်သော အဓိပ္ပါယ်ဖော်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ ၊ ပုဂ္ဂိုလ်စွဲ ဖြင့် ပဋိပက္ခမဖြစ်ဖြစ်အောင် သွေးတိုးစမ်း ဖန်တီမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသဖြင့် INGO အဖြစ် မှတ်ပုံ တင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MOU သက်တမ်း ထပ်မံတိုးမြှင့်ခြင်းအား

မန်းရတနာပုံ လေကြောင်းလိုင်း စတင် ပြေးဆွဲ

မန္တလေးအခြေစိုက် မန်းရတနာပုံ လေကြောင်းလိုင်းဟာ ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ် အသုံးပြုပြီး ရန်ကုန်၊ မြစ်ကြီးနား၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံနဲ့ တာချီလိတ်ခရီးစဉ်တွေကို ဒီနေ့ စပြေးဆွဲနေပြီလို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
မန်းရတနာပုံလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ ၉ ခုမြောက် ပြည်တွင်းလေကြောင်းလိုင်း ဖြစ်ပြီး နောက်ထပ်

ပူတာအိုမြို့လျှပ်စစ်မီးရရှိရေးအတွက်ထူးကုမ္ပဏီက ငွေကျပ်သိန်း၁ဝဝဝဝ စတင်လှူဒါန်း

ထူးကုမ္ပဏီက ကချင်ပြည်နယ် ပူတာအိုမြို့ လျှပ်စစ်မီးရရှိရေး အတွက် ငွေကျပ်သိန်း ၁ဝဝဝဝကို ယခုလ ၂၄ရက်တွင်စတင်လှူဒါန်း ခဲ့သည်။ ယင်းသို့လှူဒါန်းခြင်းမှာ မဒွယ်တောင်ပေါ်တွင် ရဟတ် ယာဉ်ပျက်ကျခဲ့သူ ဦးတေဇအပါအဝင် ကပ္ပတိန်မောင်မောင်သန်း၊ ကပ္ပတိန်စည်သူတင်ချိမ့်၊ကိုသက်ထွန်း၊ကိုဇေယျာထွန်းနှင့် မဂရေ့စ်တို့ ကိုယ်စား ထူးဖောင်ဒေးရှင်းမှ ဒေသခံတို့၏ကူညီဆောင်ရွက်ပေးမှုများ အား ကျေးဇူးဆပ်သည့်အနေဖြင့်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
''ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီမြို့လေး ကိုတစ်ခုခုပြန်ပေးခဲ့ချင်တဲ့အတွက် မှတ်မှတ်ရရအစ်ကိုတို့ကအကောင် အထည်ဖော်ပေးခဲ့ချင်တယ်။ အခုပညာရေးလဲလုပ်ပေးနေတယ်။
ကျန်းမာရေးဆိုလဲပြောစရာမလိုဘူး။ အမြဲတည်မြဲအောင် မီးလေး

" နွေရောက်ပြီ ဘယ်မှာလဲ ရေ…"

ဖွံ့ဖြိုး တိုးတက်မှု နောက် တုံ့ဆိုင်းစွာဖြင့်သာ လိုက်ပါနေရသည့် ဒလမြို့ နယ်၏အတွင်းပိုင်းရပ်ကွက်တစ်ခုဖြစ်သော ရာဇသင်္ကြန်ရပ်ကွက်သည် အိမ်ခြေခပ်ကျဲ ကျဲ။ နွေ ဦးပေါက် ရာသီ၏ စူးစူးရှရှပူပြင်းသောနေပူဒဏ်က ညနေလေးနာရီ ထိုးရန် မိနစ်ပိုင်းအလိုအထိ အတော်လေး သက် ရောက်နေဆဲဖြစ် သည်။နွေရာသီ၌ ရန်ကုန်မြစ် တစ် ဖက်ကမ်းရှိ ဒလမြို့သို့ သင်ရောက်ခဲ့မည်ဆိုလျှင် ဒလမြို့၏ သောက်သုံးရေအခက်အခဲများကို မဖြစ်မနေ သင်သိရှိသွားပါလိမ့်မည်။
အကယ်၍ အဆိုပါ ပြဿနာ အတွက် ကူညီဖြေရှင်းချင်သဖြင့် ယင်းမြို့နယ်၏ ရေရှားပါးဆုံးအရပ်ကို မေးမြန်းကြည့်မိမည်ဆိုလျှင်မူ ရာဇသင်္ကြန် ရပ်ကွက်ကို မြို့ခံများက ညွှန်ပြပါလိမ့်မည်။
”ဒလမှာနေတယ်ဆို ရေမထမ်းတတ်တဲ့သူက မရှိသလောက်ပဲ။ ဘဘဆိုငယ်ငယ်ကတည်းက ဒလမှာနေလာတာဆိုတော့ ငယ်ငယ်ကတည်းက ရေထမ်းရတယ်” ဟု အ သက် ၆ဝကျော်အရွယ် ဒလမြို့သား တစ်ဦးဖြစ်သူ ဦးကျော်ဌေးကဆိုသည်။ ၎င်းနှင့် စကားပြောနေချိန်တွင် သူ့ထံသို့ ရေထမ်းတံပိုးများလွယ်၍

Wednesday, February 26, 2014

ပန်းခြံကဲ့သို့ နေရာများတွင် တစ်ဦးချင်း လွှတ်လပ်စွာ တင်ပြနိုင်သော ဟစ်တိုင်လုပ်ရန် အစီအစဉ်မရှိသေး

နေပြည်တော်၊ဖေဖော်ဝါရီ၂၆ လူအများ စုဝေးအပန်းဖြေနိုင်သည့် ပန်းခြံကဲ့သို့ နေရာများတွင်
ပြည်သူများ တစ်ဦးချင်း လွှတ်လပ်စွာ တင်ပြနိုင်သော နေရာအဖြစ်စည်းကမ်းချက်များနင့်အညီ ခွင့်ပြုပေးရန် မှာ
လက်ရှိအခြေအနေအရ သီးသန့်နေရာ သတ်မှတ်ဖန်တီး ဖော်ဆောင်ပေးရန်အစီအစဉ်မရှိသေးပါဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မူးချုပ်ကျော်ဇံမြင့်ကဖေဖော်ဝါရီ(၂၆)ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ရန်ကုန်-မန္တလေး အစရှိသည့် မြို့ ကြီးများရှိ လူအများ စုဝေးအပန်းဖြေသည့်
ပန်းခြံကဲ့သို့ နေရာများတွင် London မြို့ ရှိHyde Park နည်းတူ ပြည်သူများ တစ်ဦးချင်း မိမိ၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာတင်ပြနိုင်သောနေရာများကို သီးသန့် သတ်မှတ်ပေးထားပြီး ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ
သတ်မှတ်ထားသော စည်းကမ်းများနင့်အညီ မည်သူမဆို လာရောက်ပြီး ဟောပြောဝေဖန်ဆွေးနွေးနိုင်မည့် အစီအစဉ်ကို ဖန်တီးဖော်ဆောင်ခွင့်ပြုပေးရန် ရှိ/မရှိ

Tuesday, February 25, 2014

မုန့်ဟင်းခါးချက်ရာမှမီးလောင်မှုမြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(၃)လမ်းနေ မ------- သည် နေအိမ်တွင်ယနေ့ နံနက်၀၅၀၅ အချိန် က
ထင်းမီးဖိုဖြင့် မုန့်ဟင်းခါးချက်ရာမှ မီးစတင်လောင် ကျွမ်းခဲ့ရာ ၎င်း၏နေအိမ်အပါအ၀င် သွပ်မိုး၊ ပျဉ်ထောင်၊ ထရံကာ
နေအိမ်(၆)လုံးနှင့် (၂)ထပ်တိုက်မျက်နှာကျက်၊

ပဋိပက္ခဖြေရှင်းနိုင်အောင် ဥပဒေပြဌာန်းရတာလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဥပဒေပြဌာန်းတယ်ဆိုတာ လူတွေအချင်းချင်းကြားထဲ ပဋိပက္ခတွေ နည်းနိုင်သမျှနည်းအောင်နဲ့ ရှိတဲ့ပဋိပက္ခတွေကိုလည်း အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် ပြဌာန်းတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ဥပဒေ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။
ဒီနေ့ ပြည်ထောင်စု လွှတ်တော်ကို လေ့လာခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုန်တက္ကသိုလ် ဥပဒေဌာနက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။
"ဥပဒေဆိုတာ ဘာဖြစ်လို့ ပြဌာန်းရသလဲဆိုရင် အချင်းချင်းကြားမှာ ပဋိပက္ခနည်းနိုင်သလောက်နည်းအောင် ရှိတဲ့ပဋိပက္ခကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ခြုံငုံပြောရမယ်ဆိုရင်

အခြေခံဥပဒေ ပြင်ပေးရေး ပုသိမ်မှာ လူ ၅၀၀ ကျော်တောင်းဆိုဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ ဒေသခံလူအင်အား ၅၀၀ ကျော်လောက် ဆန္ဒပြတောင်းဆိုကြပါတယ်။
အစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးဖို့ လိုတယ်လို့ ဒီနေ့ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုဝေလုက ပြောပါတယ်။
"ပြည်သူလူထုတွေရဲ့ ဆန္ဒတွေကို အခုလို မြန်မာပြည် တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြနေတာကို လက်ရှိအုပ်ချုပ်ရေး အစိုးရအနေနဲ့ ဒီဟာကိုတော့ သူတို့ဖီဆန်လို့တော့ မရဘူးပေါ့၊ ဒီဟာကို လိုအပ်ချက်ကြောင့် တောင်းဆိုထားတဲ့ တောင်းဆိုမှုကိုတော့ အကောင်းဆုံး ပြုပြင်ပေးရမှာ၊ ပြုမပြင်နိုင်ရင်သော်၎င်း၊ မပြုချင်ရင်သော်၎င်း

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်ကိုဖျက်ဆီးခဲ့သည့် ပြစ်မှုကျူးလွန်သူများအား ပြိုင်ကားများနှင့်အတူ မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံ


၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန်တွင် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် အငှားယာဉ်ကို ပြိုင်ကားများက ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့်တို့ကို ရိုက်နှက်ထိုးကြိတ်စဉ် အငှားယာဉ်ကို ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း (ပ) ၇၂/၂၀၁၄၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၀/၄၂၇ /၃၂၅ /၁၁၄ အရ အမှုဖွင့်ပြီးပြစ်မှုကျူးလွန်သူများနှင့်ပြိုင်ကားများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် ခဲ့ပါသည်။ထိုသို့စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ကိုကိုနိုင် မောင်းနှင်ခဲ့သော 
၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင် ပြိုင်ကားကို ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာ၌ ရပ်ထားသည်ကိုတွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ပြီး၊ ၂၁.၂.၂၀၁၄ ရက်နေ့ ၂၂၄၅ အချိန်တွင် ကိုထက် (ခ)ဇာနည်(ခ)ဇာနည်ထက်ဝေ မောင်းနှင်ခဲ့သော YGN 3G-1470(V300 ARISTO) အဖြူရောင်ပြိုင်ကားကိုလည်းကောင်း၊ ၂၂.၂.၂၀၁၄ရက်နေ့ ၁၈၃၀အချိန်တွင် ဝေယံလင်း မောင်းနှင်ခဲ့သော ၅င/၈၅၆၇ MAZDA
RX-8 ခဲပုတ်ရောင်ပြိုင်ကားကိုလည်းကောင်း ၎င်းတို့၏မိဘအုပ်ထိန်းသူ

ငြိမ်းချမ်းရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး

ငြိမ်းချမ်းရေး မရသေးခြင်းကြောင့် ကချင်လူငယ်များ တိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ပေါ်လျက်ရှိ နေသည်ဟု ကချင်ပြည်နယ် လူငယ်ဖိုရမ်က ကြေညာချက် ထုတ်ပြန်ကြောင်း သတင်းဖတ်လိုက်ရသည်။
လူငယ်နှင့် အခွင့်အရေးကဏ္ဍတွင် ကချင်ပြည်နယ်အတွင်း လူငယ်များ လွတ်လပ်စွာ သွားလာခွင့်မရှိခြင်း၊ အခြားသော နယ်မြေများသို့ သွားလာမှု နည်းပါးခြင်း၊ ကုန်ဈေးနှုန်း မငြိမ်သက်မှုရှိခြင်း၊ မတရားဖမ်းဆီးခြင်း နှင့် တပ်သား စုဆောင်းခြင်းကြောင့် လူငယ်များက အုပ်ချုပ်ရေးအပိုင်းကို ယုံကြည်မှုအားနည်းခြင်း လူငယ် များ စိတ်ဓာတ်ပျက်ပြားခြင်း၊ ကြောက်ရွံ့မှုများပြားခြင်း၊ လူ့ဂုဏ် သိက္ခာကျဆင်းခြင်းနှင့် ဆုံးရှုံးခြင်းများ ဖြစ် ပေါ်နေသည်ဟု သိရှိရသည်။
ငြိမ်းချမ်းမှုမရှိခြင်း၏ ဆိုးကျိုးများသည် ရေတွက်မကုန်နိုင်အောင်ပင် ရှိပေသည်။ လူငယ်များသာမက ငြိမ်း ချမ်းမှုမရှိသည့် နယ်မြေအတွင်းရှိ လူငယ်၊ လူကြီး၊ ကလေးပါမကျန်

အိမ်စောင့်နတ်နှင့်ပဋ္ဌာန်းရွတ်ခြင်း

တကယ်တော့ပဋ္ဌာန်းတရားဟာနတ်ပရိသတ်တွေအတွက်အဓိကထားပြီး မြတ်စွာဘုရား ဟောကြားခဲ့တာပါ။ ဟောတာကိုက နတ်ပြည်မှာလေ။နတ်ပြည်မှာနတ်ပရိသတ်အတွက် ဟောထားတဲ့ တရားကို နတ်တွေက မနှစ်သက်ဘဲရှိပါ့မလား။သူတော်ကောင်းနတ် မှန်ရင်ပဋ္ဌာန်းတရားကိုဘယ်သူဘယ်နေရာမှာရွတ်ရွတ် နှစ်သက်မြတ် နိုးစွာ လာရောက်နာယူမှာ သေချာပါတယ်။
ပဋ္ဌာန်းရွတ်လို့ အိမ်စောင့်နတ် မနေနိုင်ဘဲ ထွက်ပြေးရတယ်ဆို တာ သဘာဝမကျပါဘူး။ တကယ်ဆို ကိုယ်ရွတ်ပေးလို့ သူနာရပေ တယ်ဆိုပြီး ကိုယ့်အိမ်ကတောင် မခွာနိုင်အောင် ဖြစ်နေမှာပါ။ သူနာချင် တဲ့ပဋ္ဌာန်းရွတ်ပေးတဲ့အတွက်ကိုယ့်ကို ကျေးဇူးတွေတင်ပြီး ခါတိုင်းထက် တောင် ကူညီစောင့်ရှောက်ဦးမှာပါ။
တကယ်လို့ ပဋ္ဌာန်းသံကြားတာနဲ့ ထွက်ပြေးတဲ့ အိမ်စောင့်နတ် ရှိခဲ့တယ်ဆိုရင်လည်း အဲဒီ အိမ်စောင့်နတ်ဟာ ဘုန်းကံမရှိတဲ့နတ်၊ သူတော်ကောင်းစိတ်မရှိတဲ့နတ်၊ သူယုတ်မာနတ်ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီလိုနတ်မျိုး ကိုယ့်အိမ်မှာ လာစောင့်နေလို့လည်း ကိုယ့်အတွက် ဘာ အကျိုးမှ ရှိမှာမဟုတ်ပါဘူး။ မနေနိုင်လို့ ထွက်ပြေးသွားလည်း

LG မှ ထုတ်လုပ် လိုက်သည့် မျက်နှာပြင်ကွေး စမတ်ဖုန်း G Flex ကို မတ်လတွင် ပြည်တွင်း၌ စတင်ရောင်းချမည်

LG Electronic မှထုတ်လုပ်လိုက်သည့် ကမ္ဘာ့ပထမဆုံး မျက်နှာပြင်ကွေး စမတ်ဖုန်း G Flex ဖုန်းကိုမတ်လတွင် ပြည်တွင်း၌ စတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။ “ဝယ်ယူချင်တဲ့ သူတွေကို Preorder လက်ခံသွားမှာ ဖြစ်ပါတယ်။ မတ်လတွင် မြန်မာနိုင်ငံမှာ စတင်ရောင်းချ သွားမှာပါ”ဟု LG Electronic Myanmar မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
မျက်နှာပြင်မှာ Curved P-OLED နည်းပညာ အသုံးပြု ၆ လက်မအရွယ် စကရင်ဖြစ်ပြီး Resolution 1280×720 Pixels ရှိသည်။ CPU က 2.26 GHz Quad-Core ဖြစ်ပြီး Snapdragon 800 ချစ်ပ်တပ်ဆင်

၈၈ မျိုးဆက် အဖွဲ့ NLD မှတဆင့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်နိုင်ဖွယ်ရှိ


၈၈ မျိုးဆက် အဖွဲ့ NLD မှတဆင့် ၂၀၁၅ ရွေးကောက်ပွဲ ၀င်နိုင်ဖွယ်ရှိ

၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ တဆင့် ၀င်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုကြသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)ကြားတွင် မကြာသေးခင်လပိုင်းမှ စတင်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အကြောင်းပြုပြီး နိုင်ငံရေး ထိတွေ့ဆက်ဆံမှုများ ဆက်တိုက်ဆိုသကဲ့သို့ ဖြစ်လာရာ နှစ်ဘက် ဆက်ဆံရေး သည် ခိုင်မာမှုရှိလာနိုင်ကြောင်းနှင့် ထိုဆက်ဆံရေးပေါ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သုံးသပ်ပြောဆို နေခြင်းလည်း ဖြစ်သည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေနှင့်လည်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် အကျဉ်းထောင်မှ လွတ်မြောက် လာပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခု၌ လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်နိုင်ငံရေးထဲ

မြန်မာဌာန | သတင်းများ UWSA အဖွဲ့ နေပြည်တော်သွားမည်


ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ဒုတိယ စစ်ဦးစီးချူပ် ဦးကျောက်ကျုံးတန် ဦးဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁ ရက်နေ့ မှာ နေပြည်တော်ကို  ပထမဦးဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်ထားပြီး၊ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ သိရပါတယ်။
နေပြည်တော် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၀ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကို အခုလို ပြော ပါတယ်။
"နေပြည်တော်က အခမ်းအနားတစ်ခုကိုသွားမလို့၊ ၁ ရက်နေ့ အခမ်းအနား၊ ဒီဘက်က ဦးကျောက်ကျုံးတန် ဦးစီးမှာ သူက ဒုတိယစစ် ဦးစီးချုပ်ပါ၊ ပြည်လုံးကျွတ် သန်းခေါင်စာ ရင်းကောက်တဲ့ ရက်ပေါင်း ၃ဝ ကြိုပြီးတော့ လှုံ့ဆော်ဖွင့်ပွဲပေါ့၊ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းတွေဘာတွေ ပြောဦးမှာ ကိုး၊ တွေ့တော့ တွေ့နိုင်မယ်ထင်တယ်၊ ကျနော်တို့ကလည်း ငြိမ်းချမ်းရေး ရပြီးတဲ့နောက်မှာ တရားဝင်ဒါမျိုးသွားလာတာ မရှိခဲ့ဘူးလေ၊ ဒါပထမဆုံးအကြိမ်ပဲ"
နေပြည်တော်ခရီးစဉ်မှာ UWSA  ဒုတိယ စစ်ဦးစီးချူပ် ဦးကျောက်ကျုံးတန်နဲ့အတူ အဖွဲ့ဝင် ၂၀ ၀န်းကျင် လိုက်ပါကြမယ်လို့လည်း သိရပါတယ်။ဒီခရီးစဉ်မှာ ၀ ဒေသကို ပြည်နယ်အဖြစ် သတ်မှတ်ပေးရေး UWSA က တင်ပြဆွေးနွေးမယ်၊ ကာကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း

တရုတ်ကြက်ခြေနီအသင်းရဲ့ ကူညီရေးပစ္စည်းတွေ ရောက်ရှိ

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ငါးထောင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီအသင်းက တရုတ်မြန်မာနယ်စပ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့ မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေကို ဒီနေ့မနက်ပိုင်းက လွှဲပြောင်းလှူဒါန်းလိုက်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းတဲ့ပစ္စည်းတွေကို ဒီနေ့မှာဘဲ ကန်ပိုက်တီ မြို့နယ်ခွဲအတွင်းက စင်ကြိုင်ကျေးရွာ ကယ်ဆယ်ရေး စခန်းမှာ လှူဒါန်းသွားမှာဖြစ်တယ်လို့

မြန်မာဌာန | သတင်းများ မြန်မာအပေါ် လက်နက်ပိတ်ဆို့မှု အမေရိကန် ပြန်ရုတ်သိမ်းနိုင်


အာရှ ပစိဖိတ်ဒေသတခွင် လုံခြုံရေး တိုးမြှင့်ချဲ့ထွင်ဖို့ အမေရိကန် ပြည်ထောင်စုရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ဟာ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေအပေါ် စစ်လက်နက် ပစ္စည်းအရောင်းအ၀ယ် ပိတ်ဆို့တားဆီးထားတာတွေ ကို လျှော့ပေါ့လွတ်ငြိမ်းခွင့်ပြုရေးဆီကို ဦးတည်သွားနိုင် တယ်လို့ ဗြိတိန်အခြေစိုက် IHS Jane’s ခေါ် စစ်တပ်နဲ့ ကာကွယ်ရေးလုပ်ငန်းများဆိုင်ရာ အထူးပြုလေ့လာရေး သားနေတဲ့ စာစောင်က ပြောပါတယ်။လက်ရှိအနေနဲ့ မြန်မာနဲ့ ဗီယက်နမ်ကို စစ်လက်နက် ပစ္စည်းတွေ မရောင်းချနိုင်ပေမဲ့၊ အဲဒီနိုင်ငံတွေမှာ လူ့အခွင့်အရေးကိစ္စလို ပြဿနာမျိုးတွေ ဖြေရှင်း လာနိုင်တာနဲ့အမျှ လက်နက်အရောင်းအ၀ယ်တွေ ကို ပြန်လည်ခွင့်ပြုလာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေး စစ်ရေးဗျူရို၊ စစ်ရေး ကုန်သွယ်မှု ထိန်းချုပ်ရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Kenneth Handelman က IHS Jane’s စာစောင်ကို ပြောကြားခဲ့ပါတယ်။စင်္ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ လေကြောင်းပြပွဲရဲ့ ပြင်ပမှာ စာစောင်က သီးခြားတွေ့ဆုံမေးမြန်းရာမှာ ပြောကြား ခဲ့တာပါ။ အမေရိကန်အစိုးရမှာ အာရှပစိဖိတ်နိုင်ငံတွေနဲ့ စစ်ရေးအရ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာရှိနေတာနဲ့အညီ၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေဆိုင်ရာ မူဝါဒလည်း ပြောင်းလဲသွားနိုင်ပါတယ်၊ အဲဒီနိုင်ငံတွေနဲ့အတူ လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးကို မိမိတို့ စလျှောက်နေပါပြီ၊ ဒါပေမဲ့ လက်နက်အရောင်း အ၀ယ်နဲ့ ပတ်သက်လာရင်တော့ လူ့အခွင့်အရေးကိစ္စဟာ အင်မတန်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်လို့ လက်ထောက်ဝန်ကြီး Kenneth Handelman က ပြောဆိုကြောင်း Jane’s စစ်ရေးစာစောင်က ဖေါ်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်လာတဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ပြန်လည်ရုတ်သိမ်းလိုက်ကြပေမဲ့၊ စစ်လက်နက်ပစ္စည်း အရောင်းအ၀ယ် ပိတ်ဆို့မှုကိုတော့ မရုတ်သိမ်းဘဲ၊ ဆက်လက်ချမှတ်ထားပါတယ်။

မြန်မာဌာန | သတင်းများ လမ်းပြင်ပေးဖို့ ကန်ဘောက်ဒေသ ခံတွေ တောင်းဆိုဆန္ဒပြ


တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Total၊ Petronas နဲ့ PTTEP ကုမ္ပဏီ ၃ ခုကို ကန်ဘောက်ဒေသက ကျေးရွာ ၂၀ နီးပါးက ထောင်နဲ့ ချီတဲ့ ဒေသခံတွေဟာ ကျေးရွာချင်းဆက် လမ်းတွေ ပြုပြင်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြ ပါတယ်။အဲ့ဒီလမ်းကို အသုံးပြုတဲ့ကုမ္ပဏီ ၃ ခုအနေနဲ့ ကျေးရွာချင်းဆက်သွယ်တဲ့လမ်းကို ကတ္တရာခင်းပေးဖို့ တောင်းဆိုကြတာလို့ ဒီနေ့ဆန္ဒပြရာမှာပါဝင်တဲ့ ကောင်းမှုကျေးရွာက ကိုသစ်လွင်က ပြောပါတယ်။"Total၊ Petronas၊ PTTEP ဆိုပြီး ကုမ္ပဏီ ၃ ခုရှိတယ်၊ ကျနော်တို့ ကျေးရွာချင်းဆက်တဲ့ လမ်းကိုပဲ သူတို့ရဲ့ စီမံကိန်းလမ်းအဖြစ် အသုံးပြုတယ်၊ လမ်းရဲ့ဝဲယာမှာ အိမ်တွေ အများကြီးရှိတယ်၊ ဒီလမ်းမှာ ကုမ္ပဏီကကားတွေ အသွားများတဲ့အခါ သွားရင်းနဲ့ပဲ ဖုန်ရှူနေရ၊ စားနေရင်းနဲ့လည်း ဖုန်ရှူနေရ၊ အိပ်နေတဲ့အချိန်လည်း ဖုန်ရှူနေရ၊

မြန်မာဌာန | သတင်းများ မြန်မာအိမ်ဖေါ် ပထမ အသုတ် ဟောင်ကောင် ရောက်ရှိ


နိုင်ငံရပ်ခြားမှာ အိမ်ဖေါ်အလုပ် တရားဝင်လုပ်ကိုင်ဖို့ အတွက် မြန်မာအမျိုးသမီး အိမ်ဖေါ် ၁၉ ဦး၊  ပထမ အသုတ်အဖြစ် တနင်္လာနေ့က ဟောင်ကောင် ကို ရောက်ရှိလာခဲ့ကြပါတယ်။
လာမယ့် သုံးလအတွင်း ဟောင်ကောင်ကို မြန်မာ အိမ်ဖေါ် နှစ်ရာလောက် လာရောက်ကြမှာဖြစ်ပြီး၊ အခု ရောက်ရှိလာတဲ့ ၁၉ ယောက်က ရှေ့ပြေး အသုတ်ဖြစ်ပါတယ်။
သူတို့ဟောင်ကောင်လေဆိပ်ကို ရောက်ရှိလာချိန်မှာ Hong Kong Helpers Campaign ခေါ် အိမ်ဖေါ်များ ကူညီရေး တက်ကြွလှုပ်ရှားသူတွေက မြန်မာဘာသာ နဲ့ ရေးသားထားတဲ့ ဆောင်ရန် ရှောင်ရန် အကြံပေး လွှာတွေကို ဝေငှခဲ့ကြပါတယ်။တက်ကြွလှုပ်ရှားသူတစ်ဦးက အရှေ့တောင်အာရှဒေသတွင်းမှာ

ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှု အယူခံလွှာ တင်သွင်း

ထာင်ဒဏ် နှစ် ၂၇ ကျခံနေရသည့် အတိုက်အခံ သတင်းဌာန ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှုအတွက် မကွေးတိုင်း တရားရုံးတွင် ယခုလ ၈ ရက်နေ့ အယူခံလွှာတင်ခဲ့ကြောင်း ရှေ့နေက ပြော ... 
နယူးဒေလီ (မဇ္ဈိမ)။     ။ ထောင်ဒဏ် နှစ် ၂၇ ကျခံနေရသည့် အတိုက်အခံ သတင်းဌာန ဒီဗီဘီ သတင်းထောက် မလှလှဝင်း အမှုအတွက် မကွေးတိုင်း တရားရုံးတွင် ယခုလ ၈ ရက်နေ့ အယူခံလွှာတင်ခဲ့ကြောင်း ရှေ့နေက ပြောသည်။
နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) သတင်းထောက်ကို မကွေးတိုင်း ပခုက္ကူခရိုင် တရားရုံးက အီလက်ထောနစ်အက်၊ ဗီဒီယိုအက် အပါအဝင် ပုဒ်မ ၃ ခုဖြင့် ပြစ်ဒဏ်ချခဲ့သည့် အနှစ် ၂၀ အတွက်

Monday, February 24, 2014

နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်


နမ့်ဆမ်တွင် အမျိုးသမီး တစ်ယောက်ကို ယွမ်နှစ်သောင်း ပေးဝယ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ် လိုင်ဇာလမ်းမကြီး၊ လားရှိုး-ကုံလုံ-ချင်းရွှေဟော်လမ်းကြောင်းများ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံမှ သိရသည်။
မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ရွှေလီ-မူဆယ် နှင့် လွယ်ဂျယ်-ကျန်းဖုန်း တို့တွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် Hotline များ တပ်ဆင် ထားသည့် နှစ်နိုင်ငံဆက်ဆံရေး ရုံးခန်းများ ဖွင့်လှစ်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့၊ ဒုတိယရဲမှူးကြီး ညွှန့်လှိုင် က The Voice Weekly သို့ ပြောကြားသည်။
စီးပွားရေးကျပ်တည်းမှုကြောင့် လူကုန်ကူးမှုများဖြစ်ပေါ်ပြီး၊ လက်ဖက်စိုက်ပျိုးပြီး တန်းဖိုးမြင့် ထုတ်ကုန် မထုတ်လုပ်နိုင်သဖြင့် စီးပွားရေး ကျပ်တည်းကာ နမ့်ဆမ်မှ တိုင်းရင်းသူ အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ ဘိန်းခြစ်ခြင်း၊ ဘိန်းစိုက်ခြင်း၊ ကြံခုတ်ခြင်းနှင့် နေ့စား အလုပ်များ လုပ်ကိုင်နေရကြောင်း နမ့်ဆမ်ဒေသခံ လက်ဖက်လုပ်ငန်းရှင် ဦးစိုးမောင်က ပြောကြားသည်။
လက်ဖက်စိုက်ပျိုးထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ ယခု ကိစ္စများကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံမှ လူကုန်ကူးမှု အမျိုးအစားများတွင် အဓမ္မထိမ်းမြား လက်ထပ်ခြင်းသည် ၆၀ ရာခိုင်နှုန်း ရှိပြီး မြန်မာအမျိုးသမီးများကို အများဆုံး လူကုန်ကူးသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လူကုန်ကူးမှု စုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ka

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ဆမ်တွင် တရုတ် မျိုးသားများက အရွယ်ကောင်းအမျိုးသမီးတစ်ယောက်ကို တရုတ်ယွမ် ငွေ နှစ်သောင်း ပေးဝယ်ကြောင်း နမ့်ဆမ် မြို့ခံ ဦးဝင်းကျော် က ပြောကြားသည်။
တရုတ်နိုင်ငံ၏ လူဦးရေထိန်းချုပ်မှု မူဝါဒအရ တရုတ်အမျိုးသားများသည် စီးပွာရေး မဖွံ့ဖြိုးသည့် နမ့်ဆမ်တွင် ပလောင်တိုင်းရင်းသူများကို မြန်မာငွေ ၂၆ သိန်းခန့် ဖြင့် ဝယ်ယူလျက်ရှိရာ ပလောင်တိုင်းရင်းသူများမှာ တရုတ် အမျိုးသားများ၏ သိမ်းပိုက်ခြင်း ခံနေရကြောင်း ၎င်းက ဆိုသည်။“နမ့်ဆမ်မှာရှိတဲ့ တိုင်းရင်းသူ ကလေးမတွေ တရုတ်နဲ့ ညားတာ အယောက် ၁၀၀ လောက် ရှိတယ်။ ဒါတွေက စီးပွားရေး မဖွံ့ဖြိုးခြင်းရဲ့ အကျိုးဆက်တွေပါ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးလမ်းကြောင်းမှာ ရန်ကုန်-မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းဖြစ်ပြီး ကျန်လမ်းကြောင်း များမှာ ဗန်းမော်-လွယ်ဂျယ်၊ ကချင်ပြည်နယ်

Sunday, February 23, 2014

ကျုးကျော်တွေကို နေရာချထားပေးမယ်လို့ သတမ္မတပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်သူတွေကို ပြောကြားတဲ့ ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ မြေယာကျူးကျော် ၀င်ရောက်နေထိုင်တဲ့ မြေယာမဲ့အိမ်ထောင်စုတွေကို စာရင်းပြုစုပြီး သက်ဆိုင်ရာ မြို့နယ်ဖွံ့ဖြိုးရေး စီမံကိန်းတွေနဲ့အညီ နေရာချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဥပဒေမဲ့ တရားမ၀င် ကျူးကျော်ဝင်ရောက် အခြေချနေတာတွေကိုတော့ အသေအချာ စိစစ်ကိုင်တွယ်သွားမယ်လို့လည်း မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောကြားသွားပါတယ်။

“မြေယာကိစ္စနဲ့ ကျူးကျော်ဝင်ရောက်အခြေချမှု ပြဿနာများနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်မှုတွေ၊ အငြင်းပွားမှုတွေရှိနေတာကို သိရပါတယ်၊ မြေယာကိစ္စ ပြုပြင်ပြောင်းလဲရေးကို ကျော်ဖြတ်ရတဲ့နိုင်ငံတိုင်း ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ ဆက်နွယ်နေတဲ့ အခက်အခဲဆုံးနဲ့ အကျပ်တည်းဆုံး စီမံဆောင်ရွက်ရတဲ့ ကိစ္စတရပ်ဖြတ်ပါတယ်၊ နိုင်ငံတော်အစိုးရအနေနဲ့ မြေယာမဲ့အိမ်ထောင်စုများကို စာရင်းပြုစုပြီး

သမ္မတအရည်အချင်း ကန့်သတ်ချက် ၅၉(စ)မပြင်ရေး အကြံပြုစာ တစ်သိန်းကျော်ကြံ့ခိုင်ရေးပါတီတင်သွင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေသော ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ရန် အကြံပြုစာ တစ်သိန်းကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက တင်သွင်း ထားကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။
ယနေ့ (ဇန်နဝါရီ ၃၁) ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော လေ့လာ သုံးသပ်ရေး ကော်မတီက တင်သွင်းသည့် အစီရင်ခံစာတွင်

သဲကုန်းမှာ ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆို


သဲကုန်းမှာ ဆန္ဒပြလယ်သမား ခေါင်းဆောင်တွေကို တရားစွဲဆိုပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက ငါးထောင်ကျော်ကို ပြန်ပေးဖို့အတွက် ဒေသခံလယ်သမား ၅၀ လောက် သပိတ်စခန်းဖွင့် ဆန္ဒပြနေရာမှာ အဲဒီသပိတ်စခန်းကို ဦးဆောင်တဲ့ လယ်သမား ၃ ယောက်နဲ့ အကူအညီပေးနေသူ ၁ ဦး၊ စုစုပေါင်း ၄ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ သဲကုန်းမြို့နယ် ရဲစခန်းက ဒီနေ့ တရားစွဲလိုက်ပါတယ်။
မနေ့ကစပြီး ဒေသခံ လယ်သမား ၅၀ လောက်ဟာ သဲကုန်းမြို့ပေါ်မှာ သပိတ်စခန်းဖွင့်လှစ် တောင်းဆိုနေတာဖြစ်ပြီး လယ်မြေတွေပြန်မရမချင်း

Saturday, February 22, 2014

ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်များနှင့် ဌာနဆိုင်ရာအချို့ ကျူးလွန်နေသည့် သစ်ခိုးထုတ်မှုများကို ပြည်ထောင်စုလွှတ်တော်၌ အချိန်မီဆွေးနွေးရန် မိုးကောင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် တင်ပြမည်

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသို့ သစ်ခိုးထုတ်မှုများ နေရာအနှံ့ ဆက်တိုက်ဖြစ်ပေါ်နေပြီး လက်နက်ကိုင်တစ်ခုတည်း ကြောင့်မဟုတ်ဘဲ သက်ဆိုင်ရာဌာနနှင့် အစိုးရ၏ ပေါင်းစပ် လုပ်ဆောင်မှုကြောင့်ဟု မိုးကောင်းမြို့နယ် အမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က ဝေဖန်ပြောကြားလိုက်ပြီး သစ်ခိုးထုတ်မှုများကို ပြည်ထောင်စုလွှတ်တော်၌ အချိန်မီဆွေးနွေးရန် တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။
မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က ဖေဖော်ဝါ ရီ ၁၄ ရက်က ဗန်းမော်ခရိုင် မံသာ-စည် ခမ်းကြီး-ကောင်လွင်-နန့်ဟင်-စီအူလမ်း တစ်လျှောက် စစ်ဘေးကြောင့် ဒုက္ခရောက် သူများအား အကူအညီသွားပေးရာတွင် ကောင်လွင်နှင့် စီအူကျေးရွာကြားတွင် တပ်မတော် ထောက်ပံ့ယာဉ်တန်းမှ

လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်သဘောတူ


လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကော်မရှင် ဥက္ကဌနဲ့ အတွင်းရေးမှူးကို အဆိုပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားကို ဒီနေ့ တင်ပြတောင်းခံလိုက်ပါတယ်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဥက္ကဌအဖြစ် ဦးမြ၀င်း (စစ်မှုထမ်း အငြိမ်းစား) နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား) တို့ကို လျာထားကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတ အဆိုပြုထားတဲ့ ကော်မရှင်ဥက္ကဌနဲ့ အတွင်းရေးမှူးတို့နဲ့ ပတ်သက်ပြီး အရည်အချင်း မပြည့်စုံကြောင်း သက်သေအထောက်အထားပြနိုင်ရင်

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေသော်လည်း KIA တပ်ဖွဲ့ဝင်အချို့ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေ




ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်၊ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။KIA အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပြေးတိမ်းရှောင်နေသော တပ်ဖွဲ့ဝင်များ ၏ မိသားစုများအား ခေါ်ယူတွေ့ဆုံကာ တပ်ဖွဲ့ဝင်များပြန်လာရန် ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံရွာသားအချို့ထံမှ သတင်းရရှိသည်။အဆိုပါ ခြိမ်းခြောက်မှုများကြောင့် တပ်ဖွဲ့ဝင်အချို့သည်

ပါးသိုင်းမွေးနဲ့မှ မိန်းမ ဆန်တယ် ထင်တဲ့ မမ


အသက် ၂၃ နှစ်အရွယ် ဟာ နန်ကူအာ ဆိုသူ အမျိုးသမီးသည် သားအိမ်ရောဂါ လက္ခဏာတစ်မျိုး ကြောင့် ပါးသိုင်းမွေးများ ရှည်ထွက် လျက်ရှိကြောင်း၊ ယင်းကဲ့သို့ ပါးသိုင်း မွေးများ ရှိခြင်းသည် ၄င်းအား မိန်းမပို ဆန်သည်ဟု ခံစားရကြောင်း ပြောကြား ခဲ့သည်။
အင်္ဂလန်နိုင်ငံ ဘတ်ရှိုင်းယား ဒေသတွင် နေထိုင်သူ ဟာနန်သည် သားအိမ်ရောဂါ တစ်မျိုးကြောင့် အသက် ၁၁ နှစ်အရွယ်မှစ၍ ပါးသိုင်းမွေး များ စတင်ပေါက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမွေးအမျှင် များသည် ရင်ဘတ်နှင့် လက်မောင်း၌ပါ ပျံ့နှံ့လာ ခဲ့ကာ အပြင်ထွက် သည့် အခါနှင့် ကျောင်းသွားသည့် အခါ၌ လူများ၏ တွတ်ထိုး ပြောခြင်းကို ခံရ သည့် အပြင် အင်တာနက်ပေါ်၌

မနက်တိုင်း ဇနီးကို နမ်းသော အမျိုးသားက သာမန် အမျိုးသားထက် ငါးနှစ် အသက်ပိုရှည်


ဂျာမနီ နိုင်ငံမှ ဆရာနဲ့ စိတ်ပညာရှင်တို့ ပူးပေါင်းလို့ ရှာဖွေတွေ့ရှိ ထားတဲ့ လေ့လာချက် တစ်ခု ဖြစ်ပါတယ်။ ယင်း လေ့လာချက် အရ မနက်တိုင်း ချစ်သူ ဇနီးမယားကို အနမ်းပေးလေ့ ရှိတဲ့ အမျိုးသားက သာမန် အမျိုးသားများထက် ပျမ်းမျှအားဖြင့် အသက် ၅ နှစ် ပိုရှည်ကြောင်း သိရ ပါတယ်။
မနက်တိုင်း ဇနီးဖြစ်သူကို အနမ်းပေးခြင်းက နွေးထွေးမှုနဲ့ အခြားသော အဓိပ္ပါယ် များစွာ ပါဝင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ် ပြောင်း လဲမှု၊ သွေးလည် ပတ် မှုတို့ကို အားကောင်း စေပါတယ်။ သာမန် လူတစ်ယောက် မနက်နိုးပြီး အပြင်သွားချိန် အကြောင်း အမျိုး မျိုးကြောင့် ဒေါသ ထွက်လွယ်တာမျိုး၊ နှလုံး သာမန်ထက် ခုန်တာ မျိုးကို လည်း မနက်တိုင်း အနမ်းပေးတဲ့ အမျိုးသားတို့က

ဒေါက်တာအောင်ထွန်းသက်အား ဗြိတစ်ရှ် ကိုလံဘီယာ တက္ကသိုလ်(UBC)မှ ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့ချီးမြှင့်

ဗြိတစ်ရှ် ကိုလံဘီယာ တက္ကသိုလ်(UBC)သည် ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့တစ်ခုအား မြန်မာနိုင်ငံမှ ပရော်ဖက်ဆာ ဒေါက်တာအောင်ထွန်းသက်ကို မင်းရဲကျော်စွာလမ်း၊UMSCCI တွင် ဖေဖော်ဝါရီ ၂၁ရက်က ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပရော်ဖက်ဆာ John Hepburn က ပရော်ဖက်ဆာ ဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့ကို ချီးမြှင့်ပေးခဲ့သည်။ သမ္မတ၏ စီးပွားရေးအကြံပေး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံစီးပွားရေးနှင့် လူမှုရေးရာ အကြံပေးကောင်စီဝင် ပရော်ဖက်ဆာ အောင်ထွန်းသက်မှ ကျေးဖူးတင်စကားပြောကြားရာတွင် “လူတိုင်းလူတိုင်း မိမိရဲ့ပညာကို တန်းဖိုးထားဖို့လိုတယ် တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးနိုင်သလို ငြင်းခုန်လို့လည်းရတယ်။ လူတိုင်းသိဖို့က

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ


ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။ သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို

ထိုင်းရှိ ၄ နှစ်ဗီဇာ သက်တမ်းကုန် မြန်မာ အလုပ်သမားများ မိခင်နိုင်ငံ ပြန်ရမည်



ထိုင်းနိုင်ငံတွင် ၄ နှစ်ဗီဇာ သက်တမ်း ကုန်ဆုံးမည့် မြန်မာ အလုပ်သမားများသည် နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) အရ မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်သည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောသည်။
“လတ်တလော မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံသားတွေကို တရားဝင် နေထိုင်ခွင့်ပေးထားတဲ့ လူဦးရေ ၂.၂သန်း ကျော် ရှိပြီး အိမ်နီးချင်း နိုင်ငံတွေက MOU နဲ့ လာကြတဲ့ သူတွေအားလုံး သက်တမ်းပြည့်သွားရင် ၃နှစ် ပြန်နေပြီးမှ ထိုင်းကို ပြန် ၀င် လာရမှာ ဖြစ်ပါတယ်”ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပရာဝစ် ကီပေါ် (Mr. Pravit Khiengpol) က ပြောဆိုကြောင်း ထိုင်းနိုင်ငံထုတ် မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ဖော်ပြထားသည်။
၂၀၀၉ ခုနှစ်က လက်မှတ် ထိုးထားသည့် MOU အရ ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသော အလုပ်သမားများသည် လေးနှစ် ဆက်တိုက် အလုပ်လုပ်ပြီးပါက

ခိုင်မာတဲ့ခံယူချက်နဲ့ မင်္ဂလာပွဲနွှဲပြီး ရွှေလက်တွဲတော့မယ့် လိင်တူချစ်သူစုံတွဲ


ကိုတင်ကိုကို(ရှေ့)နဲ့ ကိုမျိုးမင်းထက်(နောက်)တို့ကို နေအိမ်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရစဉ်။ /မြန်မာတိုင်း(မ်)
ညနေခင်းရုံးဆင်းလို့ သူတို့ရဲ့ထရံကာ၊ သွပ်မိုး ပျဉ်ထောင်အိမ်လေးကို အရင်ဆုံး ပြန်ရောက်တဲ့
သူက မီးဖိုချောင်မှာ ထမင်းဟင်းချက်တဲ့တာဝန်ကို ယူရပါတယ်။နှစ်ယောက်စလုံး ရုံးမှာ သိပ်ကို ပင်ပန်းလာပြီဆိုရင်တော့ ချက်ပြုတ်မနေတော့ဘဲ နီးရာဆိုင်မှာပဲပြေးပြီး ညစာစားကြပါတယ်။
ဒါဟာ လိင်တူချင်း သံယောဇဉ်ဖြစ်မိကြပြီး သာမန်စုံတွဲတွေလိုပဲ နှစ်ယောက်တစ်ဘ၀ ထူထောင်
ထားကြတဲ့ ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့ စုံတွဲရဲ့ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ် ဖြတ်သန်းမှုပုံစံပဲဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၁၀ နှစ်ကြာ အတူတူနေထိုင်ခဲ့ကြရင်း နှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု
ခိုင်မာလာတာနဲ့အမျှ ထာဝရ လက်တွဲသွားကြမယ်ဆိုတဲ့ သင်္ကေတအနေနဲ့ မင်္ဂလာပွဲကို လာမယ့်
မတ်လထဲမှာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေကို

Wednesday, February 19, 2014

ဥပဒေကြမ်း တင်သွင်းမှုနဲ့ ပတ်သက်လို့ တင်ပြချက်


ပြည်သူ့လွှတ်တော်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဒီနေ့ တင်သွင်းဆွေးနွေးရာမှာ စီတန်းလှည့်လည် ဆန္ဒပြမယ်ဆိုရင် အရင်ကလို ခွင့်ပြုချက် တောင်းခံစရာမလိုတော့ဘဲ အကြောင်းကြားစာသာ ပေးပို့ရမယ် လို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
လွှတ်တော်မှာတင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်း အပြောင်းအလဲနဲ့ ပတ်သက်ပြီး တရားစီရင်ရေး၊ ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက သတင်းထောက်တွေကို အခုလို ရှင်းပြပါတယ်။
“ပုဒ်မ ၁၈ ကို ခွင့်ပြုမိန့်တောင်းခံစရာ မလိုဘဲနဲ့ အကြောင်းကြားစာ ပေးပို့တင်ပြတဲ့စကားလုံးနဲ့ အစားထိုးခဲ့ပါတယ်၊ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲနဲ့ ပယ်ချမယ်ဆိုရင် ဌာနဆိုင်ရာ ရုံးစည်းကမ်းအရ သူ့ကိုလည်း အပြစ်ပေးအရေးယူနိုင်ပါတယ်၊ သေချာပါတယ်၊ အများကြီးသက်သာသွားမယ်လို့ ယုံကြည်ပါတယ်”