“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, February 27, 2014

**နောက်တာ**

အင်တာဗျူးတစ်ခုကို အချိန်အတော်နောက်ကျပြီးမှ ရောက်လာတဲ့စီးပွားရေးဘွဲ့ ရခါစ လူငယ်လေးတစ်ဦးရဲ့  အင်တာဗျူးမှာ …
အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းထားပါသလဲ။လူငယ် ။ ။ တစ်လ ဒေါ်လာ ၁၂၀၀၀ ရယ်။ ကုမ္ပဏီရဲ့  
အမြတ်အပေါ်မူတည်ပြီးရတဲ့ အပိုဆောင်းလေးရယ်ပေါ့ဗျာ။အင်တာဗျူးသူ ။ ။ အင်း … ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။ဆေးဝါးကုသမှု အတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။ကုမ္ပဏီကနေ အငြိမ်းစား ယူတဲ့အခါ
လစာရဲ့  ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။
ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် ဇိမ်ခံကားတစ်စီး ထုတ်ပေးမှာပါ။လူငယ် (မျက်လုံးပြူးလျက်) ။ ။ ခင်ဗျား … နောက်များနောက်နေတာလား။အင်တာဗျူးသူ ။ ။ အင်းလေ …. မင်းကပဲ … အရင်စ နောက်တာလေ။

ဟာသလေးများ

No comments:

Post a Comment