“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Monday, April 28, 2014

Internet Download Manager 6.19 Build 7 (No Need Patch,No Need Crack Just Install)

 
Internet Download Manager နဲ့ အမြဲ ပြဿနာတတ်နေကြသူများအတွက် တကယ်အဆင်ပြေစေမဲ့ Just Install Version လေးပါ...  နောက်ဆုံး Update ဖြစ်တဲ့ IDM 6.19 Build 7 ကို တင်ပေးလိုက်ပါတယ် .. Patch , Crack တွေ အသုံးပြုစရာမလိုပါဘူး...  တင်ပေးလိုက်တဲ့ Idman619build7.exe ဖိုင်လ်ကို Install ပေးလိုက်ရုံနဲ့ Full Version အဖြစ် အမြဲတမ်းသုံးလို့ ရသွားစေမှာဖြစ်ပါတယ်..။
 
Patch , Crack မသုံးတတ်သူတွေအတွက်လည်း အရမ်းကို အဆင်ပြေသွားစေမှာပါ..။ ဒီ Version ကို Install မပြုလုပ်ခင် အရင် ရှိနေတဲ့ IDM ကို Uninstall လုပ်ပစ်ပါ..။

Android 1.6 မှ 4.4.2 ကို Root လုပ်မယ် ကွန်ပျူတာမလို ဖုန်းထဲမှာတင် တစ်ချက်နှိပ်ရုံပါပဲ

Framaroot ဆိုတဲ့ Apk လေးပဲဖြစ်ပါတယ် ဖုန်းထဲမှာ Install လုပ်ပြီး 
Install Superuser (သို့မဟုတ်)Install SuperSUနှိပ်ပါ 
ဒီလို စာလေးပေါ်လာပီး OK နှိပ်လိုက်လျှင် ဖုန်း ပိတ်သွားပါမယ် ပြန်တက်လာရင်တော့ Root ကိုရရှိပါပြီ
လိုအပ်လျှင်အောက်မှာ Download နိုင်ပါတယ်
Download
or
Dropbox

Code ထည့်စရာမလိုတဲ့ Viber v3.0.1.3 နောက်ဆုံးထွက် Version


Viber ချစ်သူများအတွက် Code မလိုတဲ့ Viber နောက်ဆုံးထွက် Version ထွက်လာပါပြီဗျာ။ အရင်တုန်း ကတော့ Viber ကို Code ထည့်ရတာ အလုပ်ရှုပ်လို့ မသုံးကြတဲ့သူတွေရှိပါတယ်။ ရှိပြီးသားသူတွေကလည်း Error တက်ပြီး Code ပြန်ပြန်တောင်းနေလို့ အဆင်မပြေသူတွေလည်းရှိပါတယ်။ အခု Viber v3.0.1.3 မှာတော့ Code ထည့်စရာမလိုပါဘူး Phone No. ထည့်လိုက်တာနဲ့ Activate ဖြစ်ပြီး အသုံးပြုနိုင်ပါပြီဗျာ။ ဒီလောက်ဆိုရင်တော်တော်ကြီးကိုအဆင်ပြေသွားပါပြီနော်။ အခုထွက်လာတဲ့ Version အသစ်မှာလည်း တစ်ဖက်နဲ့တစ်ဖက် Video File တွေကိုပါအပြန်အလှန်ပို့လို့ရနေပါပြီဗျာ။



**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။




Thursday, April 3, 2014

ထားထက်ထက် ၏ သင်္ကြန် ရင်ခုန်သံ

Photo: ထားထက်ထက် ၏ သင်္ကြန် ရင်ခုန်သံ
Friday, April 4, 2014

သမီးကတော့ သင်္ကြန်မှာ ရန်ကုန်နဲ့ မန္တလေးမှာ ပဲရှိမှာပါ။ ရန်ကုန်မှာကတော့ ဘယ်မဏ္ဍပ်ဆိုတာ သေချာမ သိသေးဘူး။ ဒါပေမဲ့ မန္တလေးမှာတော့ ဟိုတယ်နှင့်ခရီးသွား မဏ္ဍပ်တွေမှာရှိမှာပါ။

ထားထက်အနေ နဲ့လည်း သင်္ကြန်ကို ကြိုတင် ရင်ခုန်နေပါတယ်။ ထားထက်ရဲ့သင်္ကြန်အမှတ်တရ အနေနဲ့ကတော့ ၂ဝ၁၂ ခုနှစ်က ပထမဦးဆုံးအနေနဲ့ ထားထက်ရယ်၊ နန်းခင်ဇေယျာရယ်၊ သဒ္ဒါကြည်လင်ရယ် သုံးယောက်ပေါင်းပြီးမဏ္ဍပ်မှာ ဖျော်ဖြေတဲ့အခါမှာ သုံးယောက်စလုံးက သီချင်းဆိုဖို့ အစီအစဉ်မရှိဘဲနဲ့ သီချင်းဆိုဖြစ်ခဲ့တယ်။ ဒါကြောင့်သီ ချင်းကို ညတွင်းချင်းပဲ သီချင်းတိုက်ခဲ့ကြရတယ်။ ဒါကတော့ အမှတ်တရ ရှိခဲ့ပါတယ်။

၂ဝ၁၄ သင်္ကြန်မှာ ပရိသတ်ကြီးကို အကြံပေးချင်တာကတော့ အင်္ကျီတို၊ ဘောင်းဘီတို ဝတ်တာက သင်္ကြန် တွင်းမှာလှပေမယ့် သင်္ကြန်ပြီးသွားတဲ့အခါ အသားအရေကို ပြန်ပြုပြင်ရတာ အရမ်း ဒုက္ခရောက်တယ်။ ကိုယ် ပျော်ရတာနဲ့ ပြန်လုပ်ရတာနဲ့ မမျှဘူးဖြစ်မှာပေါ့။ ဒါကြောင့် ပရိသတ်ကြီးကို သင်္ကြန် အတောအတွင်းမှာ ကျန်းမာရေး အမြင်ရှိရှိနဲ့ ပျော်ရွှင်စွာ ကစားနိုင်ကြဖို့ ဆုတောင်းပေးချင်ပါတယ်။

မြ၀တီ
သမီးကတော့ သင်္ကြန်မှာ ရန်ကုန်နဲ့ မန္တလေးမှာ ပဲရှိမှာပါ။ ရန်ကုန်မှာကတော့ ဘယ်မဏ္ဍပ်ဆိုတာ သေချာမ သိသေးဘူး။ ဒါပေမဲ့ မန္တလေးမှာတော့ ဟိုတယ်နှင့်ခရီးသွား မဏ္ဍပ်တွေမှာရှိမှာပါ။
ထားထက်အနေ နဲ့လည်း သင်္ကြန်ကို ကြိုတင် ရင်ခုန်နေပါတယ်။ ထားထက်ရဲ့သင်္ကြန်အမှတ်တရ အနေနဲ့ကတော့ ၂ဝ၁၂ ခုနှစ်က ပထမဦးဆုံးအနေနဲ့ ထားထက်ရယ်၊ နန်းခင်ဇေယျာရယ်၊ သဒ္ဒါကြည်လင်ရယ် သုံးယောက်ပေါင်းပြီးမဏ္ဍပ်မှာ ဖျော်ဖြေတဲ့အခါမှာ သုံးယောက်စလုံးက သီချင်းဆိုဖို့ အစီအစဉ်မရှိဘဲနဲ့ သီချင်းဆိုဖြစ်ခဲ့တယ်။ ဒါကြောင့်သီ ချင်းကို ညတွင်းချင်းပဲ သီချင်းတိုက်ခဲ့ကြရတယ်။ ဒါကတော့ အမှတ်တရ ရှိခဲ့ပါတယ်။

သိမ်းဆည်းခံ မြေပြန်ရရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ဆန္ဒပြ

Photo: သိမ်းဆည်းခံ မြေပြန်ရရေး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ဆန္ဒပြ
Friday, April 4, 2014

ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။

မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လာရောက် အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထင်ကျော်က ပြောဆိုသည်။

“အဓမ္မ သိမ်းပိုက်ထားတဲ့ ကိစ္စပါ။ကျွန်တော်တို့က တရားစွဲတယ်၊ အမှုဖွင့်တယ်၊ ဖွင့်လို့မရဘူး။ ဒါကို သမ္မတဆီရော၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီထံရော တိုင်တယ်၊ ဘာမှ မထူးခြားဘူး” ဟု ဦးထင်ကျော်က ရှင်းပြသည်။

ဆန္ဒထုတ်ဖော်သူ လူစုကို ဒေါ်အောင်ဆန်းစုကြည်က ခြံဝသို့ ထွက်၍ တွေ့ဆုံခဲ့ကြောင်း၊ တောင်းဆိုမှုများအပေါ် ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ရန် ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ဆန္ဒပြ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလူအေးက ပြောဆိုသည်။ 
“အတတ်နိုင်ဆုံးတော့ ကူညီမယ်လို့ ပြောတယ်” ဟု ဦးလူအေးက ဆိုသည်။ 

အဆိုပါ မြေကွက်များမှာ မူလက ဦး AS မိုင်းနပ်ဆိုသူ ပိုင်ဆိုင်ခဲ့ပြီး ၎င်း၏ သားသမီး ၉ ဦးက အမွေခွဲဝေခွင့်အတွက် တရားရုံးမှတစ်ဆင့် လေလံတင် ရောင်းချသဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ကြောင်း ဦးအိုက်လင်း၏ မန်နေဂျာဖြစ်သူ ဦးနေဝင်းဦးက ပြောကြားသည်။ 

အဆိုပါ မြေကွက်ပေါ်တွင် အိမ်ခြေ ၂၉၃ လုံး ကျူးကျော်နေထိုင်ခြင်း ဖြစ်ပြီး တစ်အိမ်လျှင် ကျပ် ၁၀ သိန်းမှ သိန်း ၁၅၀ အထိ နစ်နာကြေးပေးကာ ရွှေ့ပြောင်းစေခဲ့ကြောင်း၊ သို့သော် ဦးလူအေး အပါအဝင် ငါးဦးက နစ်နာကြေးကို အဆမတန် တောင်းဆိုသဖြင့် ညှိနှိုင်းမရခဲ့ကြောင်း ၎င်းက တုံ့ပြန် ပြောဆိုသည်။ 

“လေလံ ဝယ်ယူတုန်းက တစ်ပေ ပတ်လည်ကို တစ်သောင်း လေးထောင်လောက်ပဲ ရှိတာ။ အခုက လေးသိန်းလောက် ရှိတယ်။ ဒါကြောင့် သူတို့က မြေကွက်ပဲ ပြန်လိုချင်တယ် ဆိုပြီး တောင်းနေတာ။ သူတို့ကို နစ်နာကြေးပေးတဲ့ အချိန်တုန်းကလည်း ပေးပြီးပြီ။ မြေကွက်တွေကလည်း ရောင်းပြီးသွားပြီ။ အိမ်ရာတွေလည်း ဆောက်ပြီးသွားပြီမို့ ပြန်ပေးစရာလည်း မရှိဘူး၊ ညှိနှိုင်းစရာလည်း မလိုတော့ဘူး” ဟု ဦးနေဝင်းဦးက ဆိုသည်။ 

မြေကွက်များ ပြန်လည်ရရှိရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သည့် ဦးထင်ကျော်၊ ဦးလူအေးတို့ အပါအဝင် ခေါင်းဆောင်လေးဦးကို အသရေဖျက်မှုဖြင့် ဦးအိုက်လင်းက တရားစွဲဆိုခဲ့ဖူးပြီး ယခုလက်ရှိတွင် အမှုကို ပြန်လည် ရုပ်သိမ်းထားကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

The Voice Weekly
ရန်ကုန်မြို့တော် မရမ်းကုန်းမြို့နယ်အတွင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက သိမ်းယူထားသည် ဆိုသော မြေကွက်များ ပြန်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ဧပြီလ ၃ ရက်နေ့က လူတစ်ရာခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒပြသူများက ပြောကြားသည်။

မြေဧရိယာအကျယ် ငါးဧကကျော်ရှိ မြေကွက်များကို ကျောက်မျက်ရတနာ ကုမ္ပဏီပိုင်ရှင် ဦးအိုက်လင်းက ၂၀၀၆ ခုနှစ်တွင် သိမ်းယူခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ၏ နေအိမ်ရှေ့တွင် လာရောက် အကူအညီ တောင်းခံခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထင်ကျော်က ပြောဆိုသည်။

“အဓမ္မ သိမ်းပိုက်ထားတဲ့ ကိစ္စပါ။ကျွန်တော်တို့က တရားစွဲတယ်၊ အမှုဖွင့်တယ်၊ ဖွင့်လို့မရဘူး။ ဒါကို သမ္မတဆီရော၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီထံရော တိုင်တယ်၊ ဘာမှ မထူးခြားဘူး” ဟု ဦးထင်ကျော်က ရှင်းပြသည်။

မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများ အောင်လံသို့ ရောက်ရှိစဉ် ဒေသခံ တစ်ထောင်ကျော် ပူးပေါင်းဆန္ဒပြ

Photo: မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများ အောင်လံသို့ ရောက်ရှိစဉ် ဒေသခံ တစ်ထောင်ကျော် ပူးပေါင်းဆန္ဒပြ
Friday, April 4, 2014

မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ရန်ကုန်မြို့မှ မြစ်ဆုံဒေသသို့ လမ်းလျှောက်ဆန္ဒပြသူများ ဧပြီ ၂ ရက်က အောင်လံမြို့သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ထောင်ကျော်ကလည်း ပူးပေါင်းဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြမှုကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချူပ် (နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်းအားစုကော်မတီ)မှ ဦးဆောင်ခြင်းဖြစ်ပြီး မတ် ၂၃ ရက် ကစတင်၍ ရန်ကုန်မြို့မှ လမ်းလျှောက်ခဲ့ခြင်းဖြစ်ကာ မြစ်ဆုံဒေသရှိ CPI တရုတ် ကုမ္ပဏီအထိ လမ်းလျှောက်ဆန္ဒ ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"တစ်အချက်ကတော့ မြစ်ဆုံစီမံကိန်း ထာဝရဖျက်သိမ်းရေးကို တောင်းဆိုမယ်။ နှစ်အချက်က ဒီမြစ်ဆုံစီမံကိန်းကြီးကို ကေအိုင်အေနဲ့ ကေအိုင်အိုတို့ကလည်း ကန့်ကွက်ထားတယ်။ ဒါကြောင့်ဆက်လုပ် နေမယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်းတွေ အဆင်မပြေနိုင်ဘူး။ ဒီလိုဆိုပြည်တွင်း စစ်ကလည်း တောက်လောင်နေဦးမှာပဲ။ ဒေသခံတွေကလည်း ဒီမြစ်ဆုံစီမံကိန်းကြီးကို လက်မခံဘူး။ အစ်ကိုတို့ နိုင်ငံသူ နိုင်ငံသားတွေကလည်း မနှစ်သက်ဘူး။ မနှစ်သက်ဘူး ဆိုတာက လူဦးရေသန်းပေါင်း ၆၅ သန်းနဲ့ အကျိုးစီးပွား သက်ဆိုင်နေတဲ့ အတွက်ကြောင့် မနှစ်သက်တာ။ ဒီမြစ်ဆုံစီမံကိန်းက ရရှိလာမယ့် အကျိုးစီးပွားက လက်တစ်ဆုပ်စာ လောက်တောင် မရှိဘူး။ ဘာမဟုတ်တဲ့ အကျိုးစီးပွားလေး အတွက်နဲ့ ပြည်သူတွေရဲ့ဘ၀ကို မစတေးနိုင်ဘူး။ အစ်ကိုတို့က မြစ်ဆုံစီကိန်းကြီးကို ထာဝရ ဖျက်သိမ်းချင်တယ်။ နှစ်အချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်နေတယ်။ သုံးအချက်ကတော့ ဒီစီမံကိန်းကို ဖျက်သိမ်းဖို့ လွှတ်တော်နဲ့ နိုင်ငံတော်သမ္မတကြီးမှာ တာဝန်ရှိပါတယ်" ဟု နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ဆန္ဒပြမှုကို ဦးဆောင်သူ ကိုရဲထွဋ္ဋ်ခေါင်က ပြောကြားသည်။

ယင်းဆန္ဒပြမှုတွင် မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ဒို့အရေး။ ဧရာဝတီမြစ် ဖျက်ဆီးသူ ဒို့ရန်သူ။ ဧရာဝတီ ကာကွယ်ရေး ဒို့အရေး စသောကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။ အဆိုပါ မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ဆန္ဒပြသူများမှာ ဧပြီ ၃ ရက်တွင် အောင်လံမြို့မှတစ်ဆင့် တောင်တွင်းကြီးမြို့သို့ ဆက်လက် ထွက်ခွာသွားခဲ့သည်။

(မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြသူများနှင့် အောင်လံဒေသခံများ ဧပြီ ၂ ရက်က အောင်လံတွင် ဆန္ဒပြနေကြစဉ်)
Eleven Media Group
မြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး ရန်ကုန်မြို့မှ မြစ်ဆုံဒေသသို့ လမ်းလျှောက်ဆန္ဒပြသူများ ဧပြီ ၂ ရက်က အောင်လံမြို့သို့ ရောက်ရှိလာပြီး ဒေသခံပြည်သူ တစ်ထောင်ကျော်ကလည်း ပူးပေါင်းဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမြစ်ဆုံစီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေး လမ်းလျှောက်ဆန္ဒပြမှုကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချူပ် (နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်းအားစုကော်မတီ)မှ ဦးဆောင်ခြင်းဖြစ်ပြီး မတ် ၂၃ ရက် ကစတင်၍ ရန်ကုန်မြို့မှ လမ်းလျှောက်ခဲ့ခြင်းဖြစ်ကာ မြစ်ဆုံဒေသရှိ CPI တရုတ် ကုမ္ပဏီအထိ လမ်းလျှောက်ဆန္ဒ ပြသွားမည်ဖြစ်ကြောင်း သိရသည်။

နေ့အပူချိန်မြင့်တက်နေခြင်းကြောင့် ကားမီးလောင်မှုများ သတိထားရန်လို

နိုင်ငံတစ်ဝန်း နေ့အပူချိန် မြင့်မားနေခြင်းကြောင့် ရန်ကုန် မြို့ကဲ့သို့ အပူချိန်မြင့်ပြီး ယာဉ် သုံးစွဲမှုများသည့် ဒေသများတွင် ယာဉ်မီးလောင်မှုအန္တရာယ် မကြာ ခဏ ကြုံတွေ့နေရသည်။

ရန်ကုန်မြို့၏ နေ့အပူချိန်မှာ ၃၅ မှ ၄၂ ဒီဂရီ စင်တီဂရိတ်ကြား ရှိနေခြင်းကြောင့် ယာဉ်မောင်းသူ များသည် မိမိတို့ယာဉ်၏ အိတ်ဇောတည်ဆောက်ပုံ၊ ၀ိုင်ယာကြိုး များအခြေအနေနှင့် ဆီသန့်ရှင်းမှု ရှိ၊ မရှိ ဂရုစိုက်သင့်ကြောင်း မော်တော်ယာဉ်ပြုပြင်သည့်လုပ် ငန်းအတွေ့အကြုံနှစ်ပေါင်း ၂၀ ခန့်ရှိသူ ဦးကျော်စွာကပြောသည်။

‘‘အိတ်ဇောကျောက်ဆန်ခါ ပိတ်တာနဲ့ မီးခိုးနဲ့မီးတွေက အ တွင်းပြန်လှည့်တာနဲ့ သူ့အပေါ်က ၀ိုင်ယာကြိုးကို ထိပြီးမီးလောင် တတ်တယ်။ ဒါမျိုးက ပရို ဘောက်စ်လိုကားမျိုးမှာ ဖြစ်တာ များတယ်။ ပရိုဘောက်စ်မှာ တောင် အင်ဂျင်ပါဝါ ပွိုင့်သရီး မှာ ဖြစ်တယ်။ ပွိုင့်ဖိုက်မှာဖြစ် တာတော့ မကြားမိသေးဘူး’’ဟု ဦးကျော်စွာကပြောသည်။

အခြေခံဥပဒေ ပြင်ရန် ရေနံချောင်းမြို့နယ်တွင် NLD ဦးဆောင် ဆန္ဒပြမည် Friday, April 4, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်အတွင်း ဆန္ဒပြပွဲတစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရေနံချောင်းမြို့ အိုးဘိုရပ်ကွက် NLD ပါတီ အတွင်းရေးမှူး ဦးစိုးညွန့်က ပြောကြားသည်။

အဆိုပါ ဆန္ဒပြပွဲကို ရေနံချောင်းမြို့နယ် NLD ပါတီဝင်များ အပါအဝင် ဒေသခံ ၄၀၀ ကျော်ဖြင့် ဧပြီလ ၄ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“ခွင့်ပြုချက် လျှောက်တာကအစ NLD မြို့နယ်အလုပ်အမှုဆောင်တွေရဲ့ လက်မှတ်နဲ့ လျှောက်တာပါ” ဟု ဦးစိုးညွန့်က ဆိုသည်။

Baidu Root Tool V.3.3.0 update


Baidu ဆိုတဲ့နံမည်လေးကိုတော့ကြားဖူးကြမယ်ထင်ပါတယ်.....Baidu ကနေပီ android ဖုန်းအတွက် ထုတ်ထားတဲ့ ဆော့ဝဲလ်တွေကအများကြီးပါ.....အခုဆော့ဝဲလ်လေးကတော့ Baidu RootTool 3.3.0 (15.74 MB)လေးပါ..... နောက်ဆုံးထွက်ထားတဲ့ update လေးပါဗျ......
ဒီ Root Tool လေး root လုပ်ပေးနိုင်တာတွေကတော့ အများကြီးပါဗျ......



စမ်းပီအသုံးပြုချင်သူများ အောက်မှာဒေါင်းလိုက်ကြပါဗျ....

Baidu Root Tool v.3.3.0


အဆင်ပြေကြပါစေခင်ဗျာ....

Tuesday, April 1, 2014

ဖြူနီပြာဝါ ရောင်စုံ အစားအသောက်များနှင့် ဘေးဆိုး ဖြစ်လာတော့မလား ဆိုးဆေး

Photo: ဖြူနီပြာဝါ ရောင်စုံ အစားအသောက်များနှင့်
 ဘေးဆိုး ဖြစ်လာတော့မလား ဆိုးဆေး

”အနီရောင်လေးပေးပါ”
”အစိမ်းရောင် လေးပေးပါ”
”ဒီမှာ အကြွေငါးဆယ် ထားခဲ့ပြီနော်”

ကျွတ်ကျွတ်ပူသော နေ့လယ် ခင်းတစ်ခုတွင် အင်းစိန်မြို့နယ် ရပ်ကွက် တစ်ခုရှိ အသေးစား ကုန်ခြောက် ဈေးဆိုင်လေးဆီမှ အသံများဖြစ်သည်။

ထိုသို့ ဝါ၊ စိမ်း၊ နီ၊ ပြာများဆို သည်က အခြားမဟုတ်။လက်သီးတစ် ဆုပ်အရွယ် ထုပ်ပိုးထားသော ရေခဲ ထုပ်များပင် ဖြစ်သည်။

”နွေရာသီ ဆိုတော့ ရေခဲထုပ်ကို ရောင်စုံလေးတွေ ထုပ်ပြီး ရောင်းတာက ကလေးတွေ အပြင် လူကြီးတွေလည်း ဝယ်စားတယ်”ဟု ယင်းဈေးဆိုင်မှ အသက်လေးဆယ် အရွယ် ဒေါ်ဟေမာ က ပြော သည်။ ဈေးနှုန်း မှာလည်း ကျပ် ၅ဝ /၁ဝဝ ဝန်းကျင်သာ ရှိ၍ အလွယ်တကူ ဝယ်ယူ စားသောက်နိုင်သည့် အပြင် အရင်းအနှီး နည်းကာ ရောင်းအားလည်း သွက်ကြောင်း ဒေါ်ဟေမာက ဆိုသည်။

အရောင်အသွေး စုံလင်လှစွာသော အစားအသောက်များစွာကိုဈေးကွက်ထဲ ပုံစံမျိုးစုံဖြင့် မြင်တွေ့ရသည်မှာ မထူးဆန်းတော့ပါ။ ဝယ်ယူ စားသုံးသူများ သည်ပင်လျှင် အရောင် လှမှ ဝယ်ယူကြ၍ ရောင်းချ သူသည်လည်း အရောင်ပါမှ ရောင်းအား ကောင်းပြီး ဈေး ကောင်းရသည်ဟု ရောင်းသူ/ ဝယ်သူ တို့ထံမှ သိရကြောင်း ဘုရင့် နောင် ပွဲရုံမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ခေတ်မီသူတိုင်း အရောင်ပါမှ စားကြသည်

ထိုအရောင်များက သဘာဝ မဟုတ်။ လူတို့ ဖန်တီးထားသော ဆိုးဆေးများဖြစ်သည်။ ယင်းဆိုးဆေး များတွင် မည်သည်တို့ ပါဝင် ပါသနည်း။ မည်သည့်ကောင်းကျိုး ရှိ၍ မည်သို့သော ဆိုးကျိုး ရှိပါသနည်း။ ကလေးများ သဘာဝ ရောင်စုံ ရေခဲထုပ်ကိုယ်စီ စား၍ တစ်ယောက်နှင့် တစ်ယောက် လျှာထုတ်ပြကာ ရယ်နေကြသည်။ တစ် ယောက်က လျှာနီနီ၊ တစ်ယောက်က လျှာဝါဝါ။ တကယ်တော့ သဘာဝ မဟုတ်သော အထူးပြု လုပ်ချက် အရောင်များသည် ရယ် စရာ မဟုတ်တာ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော်…။

 ဈေးများ၌ ရောင်းချသော မျှစ်၊ ချင်း၊ ပဲကြီးလှော်၊ လက်ဖက်၊ ငါးခြောက်နှင့် ငါးပိစသည့် အစားအစာ များတွင် ဆိုးဆေးများသုံး ကာ ရောင်းချမှုများ ရှိသည် ကို တွေ့ ရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းမှ သိရသည်။

ထို့ပြင် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်း ကာလ၌ ငါးပိများတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်သည့် ကိစ္စကြောင့် ကုန်ချော ဝယ်ယူမှုရပ်ကာ ကုန်ကြမ်း ထုတ်လုပ်သူများမှာ ကာလ အတန်ကြာ ဈေးကွက်ပျက်ခဲ့ရသည်။

 မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး (FDA)က ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်သည့် ကိစ္စနှင့် ပတ်သက်၍ ယူရီးယား ဓာတ်မြေသြဇာ မဟုတ်ဘဲ ယူရီးယား ဓာတ် ပါဝင်နေသည်ကို တွေ့ရှိ ရခြင်းဖြစ်ကြောင်း နိုင် ငံပိုင် သတင်းစာများ မှ ရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ”အရည်ကျို ငါးပိမှာ ယူရီးယား ဓာတ်တွေ့တယ်။ ဒါ့အပြင် ဆိုးဆေး သုံးထားတဲ့ ငါးပိ၊ ငါးခြောက်တွေဟာ စားသုံး သူတွေ ကို အစား အသောက် အန္တ ရာယ် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

ထို့အပြင် အစာ အဆိပ်သင့်မှုကိုဖြစ်စေသည့် ကလော်စ ထရီး ယမ် ဘော်ကျူလီနမ် ပိုးကို လူအများ စားသုံးမှုများသော ငါးခြောက်သုံးမျိုး တွင် စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ထို ငါးကျည်းခြောက်၊ ကက္ကူရံ ခြောက်နှင့် ငါးပုပ်ခြောက် သုံးမျိုးကို နမူနာ ၉ဝ ယူကာ စမ်းသပ် သုတေသနပြုရာမှ နမူနာ ၂၄ ခုတွင် တွေ့ရှိခဲ့ကြောင်း၊ ယင်းတွေ့ ရှိရသော ကလော်စထရီး ယမ် ဘော်ကျူလီ နမ်ပိုးများမှ လူကို အန္တရာယ်ဖြစ်စေသော အဆိပ်ထုတ်မှု ရှိမရှိကို ကြွက်များတွင် အဆိပ်ထိုး ၍စစ်ဆေးရာ အဆိပ်ထွက် ရှိကြောင်း ကို မတွေ့ရှိရကြောင်း၊ သို့သော် ၄င်း ပိုးပါရှိသော အစာစားပြီး ၁၂ နာရီမှ  ၇၂ နာရီ အတွင်း ရောဂါ လက္ခ ဏာများဖြစ်ပေါ် တတ်ကြောင်း ဆေးသုတေသန ဦးစီး ဌာန(အောက် မြန်မာပြည်)မှ သိရသည်။

ယင်းကဲ့သို့ အစားအသောက်များ ဘေးကင်း လုံခြုံမှုအားနည်း လာသည်နှင့် ပတ်သက်၍ အသက် ၃ဝ အရွယ် အိမ်ရှင်မ တစ်ဦးဖြစ် သူ မယဉ်လှက ”အခုက ဘာစားစား တစ်ခု မဟုတ် တစ်ခုဖြစ်နေ တာ။ ဘာအစားအစာ ကို စားရမှန်း မသိတော့ဘူး။ နောက်ဆိုရင် ကျွန်မတို့ အတွက် စားစရာ ကျန်ပါတော့မလား”ဟု မေးခွန်းထုတ် လိုက်သည်။

 မြန်မာနိုင်ငံ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)က ဧရာဝတီ တိုင်းဒေသကြီးမှ ထွက်ရှိသည့် စိမ်းစား ငါးပိတွင် ခွင့်မပြု ဆိုးဆေးများ ပါဝင်မှု ရှိ မရှိ စစ်ဆေး ခဲ့ကြောင်း၊ ယင်းသို့ စစ်ဆေးရာတွင် ဘိုကလေး မြို့နယ်မှ ထွက်ရှိသော ငါးပိ၌ ခွင့်မပြု ဆိုးဆေးများ ပါဝင်နေသော် လည်း ဖျာပုံ ခရိုင်မှ ထွက်ရှိသော ငါးပိ တွင် ဆိုးဆေးပါဝင်မှု မရှိကြောင်း သိရသည်။

 ”ဟိုးအောက်ခြေအထိ သွားရောက် စစ်ဆေးဖို့က မဖြစ်နိုင်ဘူး။ စားသုံးသူ ပြည်သူတွေကနေ တိုင်ကြားဖို့ လိုသလို ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်” ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

အမည်နဲ့တင် ဆိုးနေတဲ့ ဆိုးဆေး

ဆိုးဆေး သုံးထားသော အစားအစာ များကို စားသုံးခြင်းဖြင့် ဆိုးဆေး ပါဝင်မှုရာခိုင်နှုန်းပေါ် မူတည်ပြီး ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ကြောင်း၊ ဆိုးဆေး ပါဝင်သော အစား အစာများကို ရေရှည်စား သုံးပါက ကင်ဆာ ရောဂါဖြစ်ပွားနိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ သိန်းလွင်က ပြောသည်။

အစားအသောက်နှင့် အဝတ်အထည် ဆိုးဆေးများမှာ ဈေးနှုန်း အဆမတန် ကွာခြားကြောင်း၊ စားသုံးကုန် များတွင်သုံးစွဲသည့် ဆိုး ဆေး မှာဈေးနှုန်းမြင့် မားပြီး ဝယ်ယူ ရန်ခက်ခဲကြောင်း၊ အဝတ်အထည် တွင်သုံးစွဲသည့် ဆိုးဆေးမှာ ဈေးနှုန်း သက်သာပြီး ဝယ်ကူရလွယ်ကူ ကြောင်း စသည့် အခြေအနေ များကြောင့် မှားယွင်းစွာ သုံး စွဲနေခြင်း ဖြစ်နိုင် သည်ဟု ဘုရင့်နောင်ပွဲရုံရှိ ရေထွက် စားကုန်နှင့် ပဲမျိုးစုံ၊ ငရုတ်ပွဲရုံ လုပ်ငန်းမှ ဦးမင်းဇော်ထွန်းက ပြောသည်။

ဦးမင်းဇော်ထွန်းက ”စားသောက်ကုန် မှာ ဆိုးဆေး အရောင်က မပါလို့မရဘူး၊ အခြေခံပေါ့။ ဥပမာ ကိတ်မုန့်မှာ အရောင်တွေ တွေ့တယ် မဟုတ်လား၊ အရောင် အနံ့အရသာ အတွက် နိုင်ငံတကာမှာ ပါ သုံး နေတာ။ ဒါပေမဲ့ စားသောက်ကုန် သုံးဆိုးဆေးပဲဖြစ်ရမယ်”ဟု ဆိုသည်။

စားသောက်ကုန်နှင့် လူသုံးကုန် များတွင် အရောင် လှပစေသည့် ဆိုးဆေးများ သုံးသည့်အပြင် ငါးခြောက် စသည့် အရာများ တွင်လည်း တာရှည်ခံပြီး အရောင် လှစေသည့် ယမ်းစိမ်းကို သုံးစွဲကြကြောင်း၊ ဥပမာ ဝက်အူချောင်း ၊ဝက်သားပြား၊ ဆိတ်သားခြောက်နှင့် ဆိတ်သား ကင် စသည် များတွင် စားသောက်ကုန် သုံးယမ်း စိမ်းကို အလွန် နည်း ပါးသည့် ပမာဏခန့် သာ အသုံး ပြုရမည်ဖြစ်ကြောင်း တိ/မွေးကု ဆရာဝန် တစ်ဦး ထံမှသိရသည်။

မြန်မာ့စားသုံးသူများ သမဂ္ဂမှ ဒု-ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်သိန်း က ”ငါးပိ တို့ ဘာတို့မှာ အရောင်ဆိုး ထားတာလား ဆိုတာ ပြည်သူ တွေ ဘယ်သိနိုင်မလဲ၊ FDA ကပဲ သိနိုင်မယ်၊ FDA တို့ကပဲ ဖြစ်ဖြစ် မီဒီယာကနေ တဆင့် ပြည်သူတွေ သိရှိအောင် လုပ် သင့်ပါတယ်”ဟု ဆိုလိုက်သည်။

ယင်းကိစ္စ ရပ်များနှင့် ပတ်သက်၍ အစားအသောက် ပညာရှင် များ၊ ကျန်းမာရေး ဝန်ကြီးဌာန၊ FDA နှင့် စီးပွား ကူးသန်း ဝန်ကြီး ဌာနတို့က ပူးပေါင်း ဆွေးနွေးဆောင် ရွက် သင့်ကြောင်း၊ ၄င်းတို့အနေ ဖြင့် ဆိုးကျိုးရှိသကဲ့သို့ ကောင်းကျိုးများ ရှိသည်ကို ထုတ်ပြန်ပေး ရမည် ဖြစ်ကြောင်း ဦးမောင်မောင်မြင့်သိန်း က အကြံပြုပြော ကြားသည်။

မြန်မာ့ အစားအသောက် များတွင် ငါးပိ ငါးခြောက် ငံပြာရည်တို့ သည် ရိုးရာ အစားအစာ တစ်ခုဖြစ်ကြောင်း၊ ယင်းအစားအစာများ ကို နိုင်ငံတကာ အထိတင် ပို့ရောင်း ချနိုင်ရန်ပြင်ဆင်မှု များရှိကြောင်း၊ မြန် မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ သိရသည်။ စားသုံးသူ ကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက် အခန်း (၅)တွင် စားသုံးသူ၏ အခွင့်အရေးမှာ အချက်(၅) ချက် ရှိပြီး စားသုံးသူ၏တာ ဝန်မှာ အချက်(၄)ချက် ပါဝင်သည်။ ၄င်းအနက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကို ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင် ရမည် ဖြစ်သည်။

စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ”စားသုံးသူ ကာကွယ်ရေး ဥပဒေထွက်လာပြီ ဆိုတော့ စားသုံးသူတိုင်း အတွက် အ ကာအကွယ်ဖြစ်ဖို့ ဆိုတာ အဲဒီ ဥပဒေ သက်ဝင် လှုပ်ရှားဖို့ လိုတယ်။ ဒါမှလည်း ထိရောက်မှု ရှိမှာပါ”ဟု သုံးသပ်သည်။

စာရွက်ပေါ်တင် ရှိမနေစေချင်တဲ့ ဥပဒေ

ယင်းဥပဒေ ပြဋ္ဌာန်းချက် အရ စားသုံးသူ အကာအကွယ်ပေး ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ အားဥပဒေ ဆိုင်ရာ အကာ အကွယ်ပေးရေး ၊ ကျန်းမာ ရေးနှင့် ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အာမခံချက် ပေးရေးကို ဆိုထားသည်။

စားသောက်ကုန် များအား မူလထုတ်လုပ်သူ၊ ဖြန့်ဖြူးသူနှင့် ထုတ် လုပ်ရောင်းချ သူများသည်ပင်လျှင် စားသုံး သူများဖြစ်သဖြင့် ထုပ်ပိုးမှု စနစ်၊ သယ်ယူပို့ဆောင်မှု စနစ်နှင့် သန့်ရှင်း သပ်ရပ်မှု စနစ် စသည်တို့ ကို ပြုပြင်ပြီး လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဘုရင့်နောင် စီးပွားရေး ဇုန်အတွင်းရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်း သိမ်းရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

”အစား အသောက် မသန့်ရှင်းရင်လည်း ဖြစ်တတ်ပါတယ်။ ဓာတုဆေးဝါး ပစ္စည်းတွေ ပါတဲ့ အစားအစာတွေ ကို စင်အောင်ဆေး ပြီး၊ ဆားရည် စိမ်ပြီးမှ စားသုံးသင့် ပါတယ်” ဟု အသက် သုံးဆယ် ဝန်းကျင်ရှိ အထွေထွေ ရောဂါကု အမျိုးသမီး ဆရာဝန်တစ်ဦး က ပြော သည်။

စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေ၏ ရည်ရွယ်ချက်များ မှာ မိမိတို့၏ အခွင့်အရေးများကို သိရှိ နားလည်၍ တောင်းဆို ရယူ နိုင်ရန်နှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကို သုံးစွဲရာတွင် လိမ်လည် လှည့်ဖြားမှုတို့ မခံရစေရန်၊ အခွင့်အရေးများကို ထိရောက်စွာ ကာ ကွယ်သော စနစ်တစ်ခု ပေါ်ပေါက် လာစေရန်၊ စားသုံးသူ တို့အား ဥပဒေအရ အကာအကွယ် ပေးခြင်း၊ မှန်ကန် ရှင်းလင်းသည့် သတင်း အချက် အလက်များ ဖြန့်ဝေ အသိပေးခြင်း တို့ပါဝင်သော စားသုံးသူ အကာ အကွယ်ပေးရေး လုပ်ငန်း အစီ အမံ ပေါ်ပေါက် လာစေရန်တို့ ဖြစ်သည်။

ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်တို့က စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းအပေါ် အလေးထား လိုက်နာခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် တာဝန်ယူမှု ရှိသော အပြုအမူများ ဖြစ်ပေါ်စေ ရန်နှင့် ဘေးဥပါဒ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရှိစေရေးတို့ အတွက် အာမခံချက် ပေးနိုင်သည့် အရည် အသွေးမြင့် မား သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ဖော်ဆောင် ဖြည့်ဆည်းပေး ရန်တို့ ဖြစ်သည်။

ယင်းဥပဒေနှင့် ပတ်သက်၍ စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ”ဒီဥပဒေအတိုင်း အသက်ဝင်ဖို့က အချိန်အတော် ကြာစောင့်ရဦးမယ်”ဟု ဆိုသည်။

ထို့ပြင် လုပ်ငန်းရှင်များ အနေဖြင့်လည်း မိမိတို့ စီးပွားရေး ကို ရှေးရှု ကာ လောဘ မတက်သင့်ကြောင်း၊ စားသုံးသူ ပြည်သူများ အန္တ ရာယ် မဖြစ်စေမည့် အစားအစာများ ကို ရောင်းချ သင့်ကြောင်း စား သုံးသူများသမဂ္ဂမှ သိရသည်။

နယူးယောက်မြို့ရှိ အစားအစာ အာဟာရဗေဒ သုတေသန ပညာရှင်တစ်ဦးက ”ပင်လယ်စာ စားပြီး ဝမ်းလျှောတယ် လို့ ပြောကြတယ်။ တကယ်တော့ အဲဒီ ပင်လယ်စာ မစားခင် ဆိုးဆေးပါတဲ့ ဖျော် ရည် တစ်မျိုးမျိုး ကို သောက်ခဲ့လို့ပဲ။ ပင်လယ် စာကြောင့် ဖြစ်တာ မဟုတ်ဘူး” ဟု ပြောသည်။

 ဈေးကွက်ထဲရှိ အစားအသောက်များတွင် ဆိုးဆေး ပါဝင်မှု မရှိ သော အစားအစာ များကို ရွေးချယ် ဝယ်ယူစားသုံးရမည် ဖြစ်ကြောင်း၊ စားသုံးသူ တို့ ကိုယ် တိုင် ရှောင်ကြဉ်စားသုံးမှသာလျှင် ဆိုးဆေးဖြင့် ထုတ်လုပ် ရောင်းချသူများလည်း တဖြည်းဖြည်း လျော့နည်းလာမည် ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

စားသုံးသူများအား အသိပညာပေး ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်ပြီး နောက် တစ်ဆင့် မှသာ လျှင် စားသုံးသူတို့ အခွင့်အရေး ချိုးဖောက် ခံရပါက ထိရောက်စွာ အရေး ယူနိုင် ရမည်ဖြစ်ကြောင်း ၄င်းတို့က သုံးသပ်ပြောသည်။ စားသုံးသူ ကာကွယ်ရေး အသင်းမှ ဦးဗအုပ်ခိုင်က ”စားသုံးသူ တို့ ကိုယ်တိုင်ပင်လျှင် မိမိ တို့၏ အခွင့်အရေးကို မိမိတို့ ကိုယ်တိုင် ကာကွယ်ကြရမည်” ဟု ပြောသည်။

ထက်ထက်မိုးမြင့်
@http://www.popularmyanmar.com

”အနီရောင်လေးပေးပါ”
”အစိမ်းရောင် လေးပေးပါ”
”ဒီမှာ အကြွေငါးဆယ် ထားခဲ့ပြီနော်”

ကျွတ်ကျွတ်ပူသော နေ့လယ် ခင်းတစ်ခုတွင် အင်းစိန်မြို့နယ် ရပ်ကွက် တစ်ခုရှိ အသေးစား ကုန်ခြောက် ဈေးဆိုင်လေးဆီမှ အသံများဖြစ်သည်။

ထိုသို့ ဝါ၊ စိမ်း၊ နီ၊ ပြာများဆို သည်က အခြားမဟုတ်။လက်သီးတစ် ဆုပ်အရွယ် ထုပ်ပိုးထားသော ရေခဲ ထုပ်များပင် ဖြစ်သည်။

”နွေရာသီ ဆိုတော့ ရေခဲထုပ်ကို ရောင်စုံလေးတွေ ထုပ်ပြီး ရောင်းတာက ကလေးတွေ အပြင် လူကြီးတွေလည်း ဝယ်စားတယ်”ဟု ယင်းဈေးဆိုင်မှ အသက်လေးဆယ် အရွယ် ဒေါ်ဟေမာ က ပြော သည်။ ဈေးနှုန်း မှာလည်း ကျပ် ၅ဝ /၁ဝဝ ဝန်းကျင်သာ ရှိ၍ အလွယ်တကူ ဝယ်ယူ စားသောက်နိုင်သည့် အပြင် အရင်းအနှီး နည်းကာ ရောင်းအားလည်း သွက်ကြောင်း ဒေါ်ဟေမာက ဆိုသည်။