“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

ဆိုင်ကယ်များ အရစ်ကျစနစ်ဖြင့်ရောင်းချ ပေးလျက်ရှိ

Photo: ဆိုင်ကယ်များ အရစ်ကျစနစ်ဖြင့်ရောင်းချ ပေးလျက်ရှိ

 တနင်္သာရီတိုင်း ဒေသကြီး   မြိတ်မြို့တွင် ဆိုင်ကယ်များကို အရစ်ကျ စနစ်ဖြင့်  ဝယ်ယူနိုင်ပြီဖြစ်ကြောင်း   ဆိုင်ကယ် အရောင်းဆိုင်များမှ သိရသည်။

မြိတ်မြို့၌   ဆိုင်ကယ် အရောင်းပြခန်း  ၂ဝ ခန့်ရှိပြီး ဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။ အဆိုပါ ဆိုင်ကယ် အရောင်းဆိုင်များတွင်   ဝန်ထမ်းများနှင့် ဒေသခံပြည်သူ ဆိုင်ကယ် ဝယ်ယူလိုသူများအား   ဆိုင်ကယ်တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို လက်ငင်းပေးချေ၍  ကျန်ငွေများကို ဘဏ်မှ သတ်မှတ်ထားသော  အတိုးနှုန်းနှင့် တကွ  တစ်နှစ်အတွင်း  လစဉ် အရစ်ကျစနစ်ဖြင့် ပေးချေရမည် ဖြစ်ပြီး   ဆိုင်ကယ် အမျိုးအစား များမှာ ဗီယက်နမ် နိုင်ငံထုတ်  ဆိုင်ကယ်များနှင့်   ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ ဖြစ်ကြောင်း အဆိုပါ ဆိုင်ကယ် အရောင်းဆိုင်မှ သိရသည်။

ဆိုင်ကယ် ဝယ်ယူနိုင်ရန်   မိမိ၏ အလုပ်အကိုင်နှင့်  မိသားစုဝင် တစ်ဦး၏ အာမခံ ထောက်ခံချက်နှင့် လိုင်စင်ရှိ လုပ်ငန်းရှင် နှစ်ဦး၏  အာမခံ ထောက်ခံချက် တို့ဖြင့် ဝယ်ယူနိုင်သည့် အပြင် မြိတ်မြို့ရှိ   ပုဂ္ဂလိက ဘဏ်များမှလည်း    ဆိုင်ကယ်များကို  အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ရန်   စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း     သိရသည်။

No comments:

Post a Comment