“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Wednesday, March 9, 2016

ရုပ်ရှင်များကိုစတင်တင်ပေးပါတော့မည် ကနောင်သားလေးမိတ်ဆွေဟောင်းများကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ




2014 နိုင်ငံခြားရုပ်ရှင်တစ်ကားတင်ပေးမယ် ဇာတ်ကားကတော့ အရမ်းကောင်းတယ် လူသိများနေတဲ့ ဇာတ်ကားကြီးပင်ဖြစ်ပါတယ် dawn of the planet of the apes ဒီဇာတ်ကားမှာ လူနဲ့မျောက်ကြီးတွေနဲ့ ဘာလိုတွေ အတူတွဲနေထိုင်တယ် ဘယ်လိုရန်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို ပေါ်လွယ်အောင်ရိုက်ထားတာတွေ့ရပါတယ် Full Movie တင်ပေးမယ်နော် အားလုံးလက်ခံတယ် ဆိုရင်အခုရက်ထဲမှတင်ပေးပါမည်
ဖြစ်ရပ်မှန်တွေ ဟာသတွေကြည့်ချင်တယ်ဆိုရင်တော့ အောက်ကလင့်လေးကို သွားပြီး like တစ်ချက်လောက်လုပ်ထားယုံပဲနော် https://www.facebook.com/pages/%E1%80%80%E1%80%B1%E1%80%94%E1%80%AC%E1%80%84%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8%E1%80%B1%E1%80%9C%E1%80%B8/1418115955108473

Friday, November 6, 2015

NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက နိုဝင်ဘာလ ၃ ရက်နေ့က သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေစဉ်။NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက နိုဝင်ဘာလ ၃ ရက်နေ့က သာကေတမြို့နယ်မှာ မဲဆွယ်စည်းရုံးနေစဉ်။NLD လ

 Photo: Aung Thain Kha/ RFA
 ဒီမိုကရေစီယဉ်ကျေးမူနဲ့ကျင့်စဉ်အရ  သဘောထားကွဲလွဲခွင့်ရှိပေမဲ့၊ သဘောထားချင်း မတိုက်ဆိုင်သူနဲ့ အဖွဲ့ အစည်းကို တိုက်ခိုက်တာမျိုး၊ အသက်အန္တရာယ် ရန်ရှာတာမျိုး  မလုပ်သင့်ဘူးလို့ မဲဆွယ်စည်းရုံးစဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့  သာကေတမြို့နယ်ကနေ ထပ်မံအရွေးခံမယ့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း က RFA ကို ပြာပါတယ်။

ဦးနိုင်ငံလင်းဟာ ဓါးဒါဏ်ရာကြောင့် ဦးခေါင်းနဲ့ လက်တွေမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မှာ တက်ရောက်ကုသခဲ့ရပြီး၊ နိုဝင်ဘာလ ၃ ရက်နေ့က ဆေးရုံက ပြန်ဆင်းလာပြီဖြစ်ပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဦးနိုင်ငံလင်းက သူ့ရဲ့ သဘောထားအမြင်ကို RFA ကို အခုလိုပြောပါတယ်။

ဒီလ (၈)ရက်နေ့သည် မြန်မာတနိုင်ငံလုံး မဲပေးရမည့်နေ့ဖြစ်သည်



Lso Maung Maung
မေးပါရစေ
စီးပွါးရေးလုပ်ငန်းရှင်ကြီးများ
ဒီလ (၈)ရက်နေ့သည် မြန်မာတနိုင်ငံလုံး
မဲပေးရမည့်နေ့ဖြစ်သည် သင့်စီးပွါးရေး တိုးတက်အောင်မြင်ဖို့ သင်ဘာလုပ်မလဲ?
သင့်။သင့်မိသားစုနဲ့သင့်နဲ့ပတ်သက်ဆက်နွယ်သူအားလုံးကို မဲပေးဖို့ တရက်ကလေး အလုပ်ပိတ်ပေးဖို့ တောင်းဆိုပါရစေ။

Sunday, April 26, 2015

ကွန်ဒုံးအကြောင်း သိကောင်းစရာများ


ကွန်ဒုံး
ကွန်ဒုံးဆိုရာမှာအမျိုးသားသုံး၊ အမျိုးသမီးသုံး ရှိပါတယ်။ မလိုချင် သေးတဲ့၊ မရည်ရွယ်တဲ့ ကိုယ်ဝန်
မရရှိအောင် ကာကွယ်ပေးတဲ့ အပြင် ကူးစက် တတ်သော ကာလသား ရောဂါတွေနဲ့ အိပ်ခ်ျအိုင်ဗီပိုးတို့
အန္တရာယ်မှလည်း ကာကွယ် ပေးပါတယ်။ကာလသားရောဂါဆိုတာလိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါပါ။ လိင်ဆက်ဆံတိုင်း ကူးစက်မှာမဟုတ်ဘဲရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံ မိမှသာလျှင် ကူးစက်တာပါ။ အမျိုးသမီးတွေဟာအမျိုးသားတွေထက် ကာလသားရောဂါတွေ ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ မိန်းမတစ်ယောက် ရဲ့ မိန်းမကိုယ် နံရံတွေနဲ့ သားအိမ်ခေါင်းဟာ လိင်ဆက်ဆံစဉ် ထွက်တဲ့အရည်(သုက်ရည်) ၀င်ဖို့ လမ်းကြောင်းတွေ တိုက်ရိုက် ပွင့်နေလို့ပါ။ အကယ်၍ သုက်ရည်မှာကာလသားရောဂါ ရောဂါပိုး ရှိနေမယ် ဆိုပါက အမျိုးသမီးဟာ ပိုပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားရဲ့ လိင်တံမှာတော့ လိင်တံဝမှာသာ ရောဂါပိုးဝင်နိုင်မှာမို့ အမျိုးသမီးဆီမှာ ကာလသားရောဂါ ရောဂါပိုး ရှိနေခဲ့ရင် အမျိုးသားကိုကူးစက်ဖို့ အခွင့်အလမ်း ပိုပြီး နည်းလျော့ပါတယ်။ အမျိုးသမီးတွေမှာ ကာလသားရောဂါရှိနေ ရင်လည်း ရောဂါလက္ခဏာ မပြဘဲရှိတတ်တဲ့ အတွက် မကုသဘဲ ရောဂါ ပျံ့နှံ့လွယ်ပြီးပြဿနာတွေ ဖြစ်စေနိုင် ပါတယ်။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာ
အိပ်ခ်ျအိုင်ဗွီ(HIV)လည်းအပါအ၀င် ဖြစ်ပါတယ်။ 

Wednesday, March 18, 2015

အရက်ဘားမန်နေဂျာကို တရားရုံးက ထောင် (၂)နှစ်ခွဲ ပြစ်ဒဏ်ချမှတ်လိုက် ပါတယ်။ အမေလုပ်သူက မကျေနပ်ဘဲ ဘေးပတ်ဝန်းကျင် သံဃာတော်တွေ ကို မိုက်ရိုင်းစွာပြောဆိုနေတာ ။ဘုရားပြစ်မှားလို့ သားလုပ်သူ ဘ၀မကူး လောကငရဲခံစားရတာ သံဝေဂ မရဘဲ အမေလုပ်သူကပါ သံဃာကို နှုတ်ဝစီ စော်ကားပြီး သံသရာအထိ အပြစ် သယ်သွားတယ်။
Credit to --- တာယာ
မြန်မာပြည်တွင်းမှနောက်တစ်ယောက်လာပြန်ပြီ ဖုန်းကြီးကို ထည့်တယ်ဟ ----- ကနောင်သားလေး ဖြစ်ရပ်မှန်နှင့်ဟာသ Video နေ့စဉ် For PC -->>>https://www.facebook.com/pages/ကနောင်သားလေး/1418115955108473?ref=hl -->>>For mobile -->>>> https://m.facebook.com/pages/ကနောင်သားလေး/1418115955108473?ref=hlလာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ
Play Video

အမျိုးသမီးများ ရင်သား တွဲကျခြင်း မဖြစ်စေချင်ရင်


မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။

ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို “ဝ” အဖွဲ့မတက်
သူတို့ရဲ့ နှစ်ပတ်လည် နိုင်ငံရေး၊ စစ်ရေး လုပ်ငန်းစဉ်တွေ ချုပ်နေတဲ့ အတွက် အလုပ်များနေတာရယ်၊ ကိုးကန့် တိုက်ပွဲမှာ ပါဝင်ပတ်သက် နေကြောင်း တပ်မတော်ဘက်က စွပ်စွဲပြောဆိုတဲ့ အပေါ်မှာ 'ဝ' အဖွဲ့ ခေါင်းဆောင်တွေ စိတ်ခုနေတာ ရယ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတက်ဖြစ်တာလို့ ဆိုပါတယ်။


ဧရာဝတီ

ယခုလရဲ့ လူအပြောအများဆုံး ဝေဖန်သံတွေ စွပ်စွဲသံတွေ ပြန်လည်တုန့်ပြန်သံတွေ အညံဆုံး အကြောင်း

'ယခုလရဲ့ လူအပြောအများဆုံး ဝေဖန်သံတွေ စွပ်စွဲသံတွေ ပြန်လည်တုန့်ပြန်သံတွေ အညံဆုံး အကြောင်း
အရာတစ်ခုကတော့ ဆန္ဒပြကျောင်းသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ ပါတ်သတ်ပြီးပဲဖြစ်ပါတယ်။ 

အမျိုးသားပညာရေးဥပဒေကြမ်းကို လွှတ်တော်က အမြန်ဆုံးအတည်ပြု ပြဠာန်း ဖို့အတွက် သပိတ်မှောက်ဆန္ဒဖော်ထုတ်နေတဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို  သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမှာ အခုလ ၁၀ ရက်နေ့က အကြမ်းဖက်ဖြိုးခွင်းခဲ့ပါတယ်။ 
အဲဒီဖြိုခွင်းမှုမှာ ဆန္ဒပြကျောင်းသား ၁၂၇ ယောက်အဖမ်းခံခဲ့ကြရပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီအကြမ်းဖက်ဖြိုခွင်းမှုအပေါ် နိုင်ငံတကာအပါအ၀င် ပြည်တွင်းက အဖွဲ့အစည်းပေါင်းစုံက ပြစ်တင်ရှုတ်ချခဲ့
ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာ နဲ့ ရည်ရွယ်ချက်တွေအပေါ် မေးခွန်းထုတ် ပြောဆိုလာကြပါတယ်။ အဓိကရုန်းတွေကို ကိုင်တွယ်နှိမ်နင်းမှုနဲ့ပတ်သတ်ပြီး ဒီမိုကရေစီစံနှုန်းတွေ
အတိုင်းဖြစ်လာစေဖို့ ငွေကြေးအမြောက်အများအကုန်ကျခံ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဥရောပသမဂ္ဂ EU 
အပေါ်ကိုလည်း အားလုံးက မေးခွန်းထုတ်ပြောဆိုလာခဲ့ကြပါတယ်။ EU ကတော့ သူတို့ရဲ့ သင်ကြားပြသ
မှုတွေထဲမှာ အခုလိုအကြမ်းဖက်ဖြိုခွင်းတဲ့ပုံစံမျိုး မပါဝင်ဘူးလို့ငြင်းဆိုထားသလို ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းမကျဘူးလို့  ပြစ်တင်ဝေဖန်ထားပါတယ်။

လက်ပံတန်းမှာ အခုလိုဖြိုခွင်းမှုနဲ့ပါတ်သတ်ပြီး ဒါဟာ ဥပဒနှင့်အညီ ရှင်းလင်းလူစုခွဲခဲ့တာဖြစ်တယ်လို့ ပြန်ကြား
ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  ၀န်ကြီးချုပ်ဦးမြင့်ဆွေကလည်း ဥပဒေ
ဘောင်အတွင်းက ဖြေရှင်းခဲ့ခြင်းဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
ဒီအပေါ်ကို ထောက်ခံသူတွေရှိနေသလိုအဲဒီ ဥပဒေနှင်အညီဆိုတဲ့ပေါ် ပြန်လည်ချေပမှုတွေလည်း နယ်ပယ် အသီးသီးမှာ ပေါ်ထွက်လာပါတယ်။ 
အစိုးရတာဝန်ရှိသူတွေရည်ညွန်းနေတဲ့ ဥပဒေပုဒ်မဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၁၂၇၊ ၁၂၈ ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်ထပ်မှာကျင့်သုံးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ တရားဝင်ပြင်ဆင် ခြင်း မပြုသေးတဲ့အတွက် ဒါဟာ တရားဝင်နေသေးတဲ့ ဥပဒေတစ်ရပ်လို့ဆိုနိုင်ပါတယ်။ တစ်ဖက်မှာလည်း ဒီကနေ့လိုခေတ်စနစ်နဲ့ ကိုက်ညီ၊မညီဆို တာ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ ဥပဒေပြုလွှတ်တော် အမတ်တွေက ပြန်လည်ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။ 
ဒါကြောင့် အခုအပတ် ဒီဗီဘီ ဒီဘိတ်ကို “ ဒီကနေ့ကာလ အဓိကရုန်းနှိမ်နင်းမှုတွေဟာ ဥပဒေနှင့်အညီ ဖြစ်ရဲ့လား”  ဆိုတဲ့ခေါင်းစဉ်နဲ့ အဓိကရုန်းနှိမ်နင်းမှုတွေနဲ့ပါတ်သတ်တဲ့ အငြင်းပွားဖွယ်ရာတွေ၊ ရဲတပ်ဖွဲ့ရဲ့
လုပ်ထုံးလုပ်နည်းတွေ၊ ဆန္ဒပြသူတွေရဲ့ အခန်းကဏ္ဍ နဲ့ စွမ်းအားရှင်အရေး စတာတွေအပေါ် မတူညီတဲ့ ရှုဒေါင့်ပေါင်းစုံက ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

Come and join with DVB Debate !'

အရာတစ်ခုကတော့ ဆန္ဒပြကျောင်းသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ ပါတ်သတ်ပြီးပဲဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကြမ်းကို လွှတ်တော်က အမြန်ဆုံးအတည်ပြု ပြဠာန်း ဖို့အတွက် သပိတ်မှောက်ဆန္ဒဖော်ထုတ်နေတဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမှာ အခုလ ၁၀ ရက်နေ့က အကြမ်းဖက်ဖြိုးခွင်းခဲ့ပါတယ်။
အဲဒီဖြိုခွင်းမှုမှာ ဆန္ဒပြကျောင်းသား ၁၂၇ ယောက်အဖမ်းခံခဲ့ကြရပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီအကြမ်းဖက်ဖြိုခွင်းမှုအပေါ် နိုင်ငံတကာအပါအ၀င် ပြည်တွင်းက အဖွဲ့အစည်းပေါင်းစုံက ပြစ်တင်ရှုတ်ချခဲ့
ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာ နဲ့ ရည်ရွယ်ချက်တွေအပေါ် မေးခွန်းထုတ် ပြောဆိုလာကြပါတယ်။

Thursday, March 12, 2015

ဖမ်းဆီးခံတွေ လွှတ်ပေးဖို့ ဗကသ တောင်းဆို

latpadan-students-arrest-305

"ကျနော်တို့အဓိကက ၄ ချက်ကို တောင်းဆိုထား တယ်၊ နံပါတ် ၁ က အစိုးရနဲ့နိုင်ငံရေး ရာ ဆွေးနွေးရေး၊ ဖမ်းဆီးခံကျောင်းသားကျောင်း သူများနဲ့ ဝန်းရံသူများအား ခြွင်းချက်မရှိ ပြန် လွှတ်ပေးရန်၊ နံပါတ် ၂ က အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများအား ထိရောက်စွာဖော်ထုတ် အရေးယူပေးရန်၊ နံပါတ် ၃ က ကျနော်တို့နဲ့ သဘောတူပြီးဖြစ်သည့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှ ကတိကဝတ်များအား ထပ်မံချိုးဖောက်ခြင်းမပြုရန်၊ နံပါတ် ၄ ကျနော်တို့ရဲ့ မူလတောင်းဆိုချက် ၁၁ ချက်နဲ့ညီညွတ်သော အမျိုးသားပညာရေး ဥပဒေအသစ် တစ်စုံကို အမြန်ဆုံးအတည်ပြု ပြဌာန်းပေးရန် အဲ့ဒီ ၄ ချက်ကို ကျနော်တို့ အဓိကထားပြီး တောင်းဆိုတာပါ"

အဖမ်းခံထားရတဲ့သူတွေ မလွှတ်မချင်း အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ရဲ့ ဆောင်ရွက် ချက်တွေမှာ ဗကသများအဖွဲ့ချုပ် ပါဝင်ဆောင်ရွက်ဖို့ မသင့်ဘူးလို့ယူဆကြောင်းလည်း ဖော်ပြထားပါတယ်။
DVB TV News
ပြင်ဦးလွင်မြို့မှာ အစိုးရတပ်နဲ့ အရပ်သားတွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ရိုက်နှက်ခံရပြီး ၇ ချက်ချုပ်လိုက်ရတဲ့ အသက် ၂၀ အရွယ် ကိုနိုင်ဟာ ဦးနှောက်သွေးခဲမှုကြောင့် ဒီနေ့ညနေပိုင်း မန္တလေးဆေးရုံကြီးကို လွှဲပြောင်းလိုက်ပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်အင်ဂျင်နီယာတပ်(ဘီအီးတပ်)က ပိုင်ဆိုင်တဲ့ မြေပေါ်မှာ အစိုးရတပ်နဲ့ အရပ်သားတွေကြား ပဋိပက္ခဖြစ်ပွားပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တဲ့အတွက် ရွာသား ၅ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးကို ပြင်ဦးလွင် ဆေးရုံတင်ထားရတာပါ။
ဒေသခံတွေက အဲဒီမြေပေါ်မှာ နှစ် ၂၀ နီးပါး အခွန်ဆောင် နေနေရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ စစ်တပ်ကဖယ်ပေးဖို့ ညွှန်ကြားထားသလို မနေ့က စည်းရိုးခတ်လာတဲ့အတွက် ထိပ်တိုက်တွေ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တာပါ။