“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Wednesday, March 18, 2015

ယခုလရဲ့ လူအပြောအများဆုံး ဝေဖန်သံတွေ စွပ်စွဲသံတွေ ပြန်လည်တုန့်ပြန်သံတွေ အညံဆုံး အကြောင်း

'ယခုလရဲ့ လူအပြောအများဆုံး ဝေဖန်သံတွေ စွပ်စွဲသံတွေ ပြန်လည်တုန့်ပြန်သံတွေ အညံဆုံး အကြောင်း
အရာတစ်ခုကတော့ ဆန္ဒပြကျောင်းသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ ပါတ်သတ်ပြီးပဲဖြစ်ပါတယ်။ 

အမျိုးသားပညာရေးဥပဒေကြမ်းကို လွှတ်တော်က အမြန်ဆုံးအတည်ပြု ပြဠာန်း ဖို့အတွက် သပိတ်မှောက်ဆန္ဒဖော်ထုတ်နေတဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို  သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမှာ အခုလ ၁၀ ရက်နေ့က အကြမ်းဖက်ဖြိုးခွင်းခဲ့ပါတယ်။ 
အဲဒီဖြိုခွင်းမှုမှာ ဆန္ဒပြကျောင်းသား ၁၂၇ ယောက်အဖမ်းခံခဲ့ကြရပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီအကြမ်းဖက်ဖြိုခွင်းမှုအပေါ် နိုင်ငံတကာအပါအ၀င် ပြည်တွင်းက အဖွဲ့အစည်းပေါင်းစုံက ပြစ်တင်ရှုတ်ချခဲ့
ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာ နဲ့ ရည်ရွယ်ချက်တွေအပေါ် မေးခွန်းထုတ် ပြောဆိုလာကြပါတယ်။ အဓိကရုန်းတွေကို ကိုင်တွယ်နှိမ်နင်းမှုနဲ့ပတ်သတ်ပြီး ဒီမိုကရေစီစံနှုန်းတွေ
အတိုင်းဖြစ်လာစေဖို့ ငွေကြေးအမြောက်အများအကုန်ကျခံ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဥရောပသမဂ္ဂ EU 
အပေါ်ကိုလည်း အားလုံးက မေးခွန်းထုတ်ပြောဆိုလာခဲ့ကြပါတယ်။ EU ကတော့ သူတို့ရဲ့ သင်ကြားပြသ
မှုတွေထဲမှာ အခုလိုအကြမ်းဖက်ဖြိုခွင်းတဲ့ပုံစံမျိုး မပါဝင်ဘူးလို့ငြင်းဆိုထားသလို ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းမကျဘူးလို့  ပြစ်တင်ဝေဖန်ထားပါတယ်။

လက်ပံတန်းမှာ အခုလိုဖြိုခွင်းမှုနဲ့ပါတ်သတ်ပြီး ဒါဟာ ဥပဒနှင့်အညီ ရှင်းလင်းလူစုခွဲခဲ့တာဖြစ်တယ်လို့ ပြန်ကြား
ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။  ၀န်ကြီးချုပ်ဦးမြင့်ဆွေကလည်း ဥပဒေ
ဘောင်အတွင်းက ဖြေရှင်းခဲ့ခြင်းဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
ဒီအပေါ်ကို ထောက်ခံသူတွေရှိနေသလိုအဲဒီ ဥပဒေနှင်အညီဆိုတဲ့ပေါ် ပြန်လည်ချေပမှုတွေလည်း နယ်ပယ် အသီးသီးမှာ ပေါ်ထွက်လာပါတယ်။ 
အစိုးရတာဝန်ရှိသူတွေရည်ညွန်းနေတဲ့ ဥပဒေပုဒ်မဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၁၂၇၊ ၁၂၈ ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်ထပ်မှာကျင့်သုံးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ တရားဝင်ပြင်ဆင် ခြင်း မပြုသေးတဲ့အတွက် ဒါဟာ တရားဝင်နေသေးတဲ့ ဥပဒေတစ်ရပ်လို့ဆိုနိုင်ပါတယ်။ တစ်ဖက်မှာလည်း ဒီကနေ့လိုခေတ်စနစ်နဲ့ ကိုက်ညီ၊မညီဆို တာ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ ဥပဒေပြုလွှတ်တော် အမတ်တွေက ပြန်လည်ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။ 
ဒါကြောင့် အခုအပတ် ဒီဗီဘီ ဒီဘိတ်ကို “ ဒီကနေ့ကာလ အဓိကရုန်းနှိမ်နင်းမှုတွေဟာ ဥပဒေနှင့်အညီ ဖြစ်ရဲ့လား”  ဆိုတဲ့ခေါင်းစဉ်နဲ့ အဓိကရုန်းနှိမ်နင်းမှုတွေနဲ့ပါတ်သတ်တဲ့ အငြင်းပွားဖွယ်ရာတွေ၊ ရဲတပ်ဖွဲ့ရဲ့
လုပ်ထုံးလုပ်နည်းတွေ၊ ဆန္ဒပြသူတွေရဲ့ အခန်းကဏ္ဍ နဲ့ စွမ်းအားရှင်အရေး စတာတွေအပေါ် မတူညီတဲ့ ရှုဒေါင့်ပေါင်းစုံက ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

Come and join with DVB Debate !'

အရာတစ်ခုကတော့ ဆန္ဒပြကျောင်းသားတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ ပါတ်သတ်ပြီးပဲဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေကြမ်းကို လွှတ်တော်က အမြန်ဆုံးအတည်ပြု ပြဠာန်း ဖို့အတွက် သပိတ်မှောက်ဆန္ဒဖော်ထုတ်နေတဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမှာ အခုလ ၁၀ ရက်နေ့က အကြမ်းဖက်ဖြိုးခွင်းခဲ့ပါတယ်။
အဲဒီဖြိုခွင်းမှုမှာ ဆန္ဒပြကျောင်းသား ၁၂၇ ယောက်အဖမ်းခံခဲ့ကြရပြီး အများအပြားဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒီအကြမ်းဖက်ဖြိုခွင်းမှုအပေါ် နိုင်ငံတကာအပါအ၀င် ပြည်တွင်းက အဖွဲ့အစည်းပေါင်းစုံက ပြစ်တင်ရှုတ်ချခဲ့
ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာ နဲ့ ရည်ရွယ်ချက်တွေအပေါ် မေးခွန်းထုတ် ပြောဆိုလာကြပါတယ်။
အဓိကရုန်းတွေကို ကိုင်တွယ်နှိမ်နင်းမှုနဲ့ပတ်သတ်ပြီး ဒီမိုကရေစီစံနှုန်းတွေ
အတိုင်းဖြစ်လာစေဖို့ ငွေကြေးအမြောက်အများအကုန်ကျခံ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ ဥရောပသမဂ္ဂ EU
အပေါ်ကိုလည်း အားလုံးက မေးခွန်းထုတ်ပြောဆိုလာခဲ့ကြပါတယ်။ EU ကတော့ သူတို့ရဲ့ သင်ကြားပြသ
မှုတွေထဲမှာ အခုလိုအကြမ်းဖက်ဖြိုခွင်းတဲ့ပုံစံမျိုး မပါဝင်ဘူးလို့ငြင်းဆိုထားသလို ရဲတပ်ဖွဲ့ရဲ့ကိုင်တွယ်ဖြေရှင်းမှု နည်းလမ်းမကျဘူးလို့ ပြစ်တင်ဝေဖန်ထားပါတယ်။
လက်ပံတန်းမှာ အခုလိုဖြိုခွင်းမှုနဲ့ပါတ်သတ်ပြီး ဒါဟာ ဥပဒနှင့်အညီ ရှင်းလင်းလူစုခွဲခဲ့တာဖြစ်တယ်လို့ ပြန်ကြား
ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ၀န်ကြီးချုပ်ဦးမြင့်ဆွေကလည်း ဥပဒေ
ဘောင်အတွင်းက ဖြေရှင်းခဲ့ခြင်းဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
ဒီအပေါ်ကို ထောက်ခံသူတွေရှိနေသလိုအဲဒီ ဥပဒေနှင်အညီဆိုတဲ့ပေါ် ပြန်လည်ချေပမှုတွေလည်း နယ်ပယ် အသီးသီးမှာ ပေါ်ထွက်လာပါတယ်။
အစိုးရတာဝန်ရှိသူတွေရည်ညွန်းနေတဲ့ ဥပဒေပုဒ်မဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၁၂၇၊ ၁၂၈ ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်ထပ်မှာကျင့်သုံးခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ တရားဝင်ပြင်ဆင် ခြင်း မပြုသေးတဲ့အတွက် ဒါဟာ တရားဝင်နေသေးတဲ့ ဥပဒေတစ်ရပ်လို့ဆိုနိုင်ပါတယ်။ တစ်ဖက်မှာလည်း ဒီကနေ့လိုခေတ်စနစ်နဲ့ ကိုက်ညီ၊မညီဆို တာ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ ဥပဒေပြုလွှတ်တော် အမတ်တွေက ပြန်လည်ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။
ဒါကြောင့် အခုအပတ် ဒီဗီဘီ ဒီဘိတ်ကို “ ဒီကနေ့ကာလ အဓိကရုန်းနှိမ်နင်းမှုတွေဟာ ဥပဒေနှင့်အညီ ဖြစ်ရဲ့လား” ဆိုတဲ့ခေါင်းစဉ်နဲ့ အဓိကရုန်းနှိမ်နင်းမှုတွေနဲ့ပါတ်သတ်တဲ့ အငြင်းပွားဖွယ်ရာတွေ၊ ရဲတပ်ဖွဲ့ရဲ့
လုပ်ထုံးလုပ်နည်းတွေ၊ ဆန္ဒပြသူတွေရဲ့ အခန်းကဏ္ဍ နဲ့ စွမ်းအားရှင်အရေး စတာတွေအပေါ် မတူညီတဲ့ ရှုဒေါင့်ပေါင်းစုံက ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။


 DVB 

No comments:

Post a Comment