“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, March 12, 2015

DVB TV News
ပြင်ဦးလွင်မြို့မှာ အစိုးရတပ်နဲ့ အရပ်သားတွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ရိုက်နှက်ခံရပြီး ၇ ချက်ချုပ်လိုက်ရတဲ့ အသက် ၂၀ အရွယ် ကိုနိုင်ဟာ ဦးနှောက်သွေးခဲမှုကြောင့် ဒီနေ့ညနေပိုင်း မန္တလေးဆေးရုံကြီးကို လွှဲပြောင်းလိုက်ပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်အင်ဂျင်နီယာတပ်(ဘီအီးတပ်)က ပိုင်ဆိုင်တဲ့ မြေပေါ်မှာ အစိုးရတပ်နဲ့ အရပ်သားတွေကြား ပဋိပက္ခဖြစ်ပွားပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တဲ့အတွက် ရွာသား ၅ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးကို ပြင်ဦးလွင် ဆေးရုံတင်ထားရတာပါ။
ဒေသခံတွေက အဲဒီမြေပေါ်မှာ နှစ် ၂၀ နီးပါး အခွန်ဆောင် နေနေရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ စစ်တပ်ကဖယ်ပေးဖို့ ညွှန်ကြားထားသလို မနေ့က စည်းရိုးခတ်လာတဲ့အတွက် ထိပ်တိုက်တွေ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တာပါ။

No comments:

Post a Comment