“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Sunday, April 26, 2015

ကွန်ဒုံးအကြောင်း သိကောင်းစရာများ


ကွန်ဒုံး
ကွန်ဒုံးဆိုရာမှာအမျိုးသားသုံး၊ အမျိုးသမီးသုံး ရှိပါတယ်။ မလိုချင် သေးတဲ့၊ မရည်ရွယ်တဲ့ ကိုယ်ဝန်
မရရှိအောင် ကာကွယ်ပေးတဲ့ အပြင် ကူးစက် တတ်သော ကာလသား ရောဂါတွေနဲ့ အိပ်ခ်ျအိုင်ဗီပိုးတို့
အန္တရာယ်မှလည်း ကာကွယ် ပေးပါတယ်။ကာလသားရောဂါဆိုတာလိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါပါ။ လိင်ဆက်ဆံတိုင်း ကူးစက်မှာမဟုတ်ဘဲရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံ မိမှသာလျှင် ကူးစက်တာပါ။ အမျိုးသမီးတွေဟာအမျိုးသားတွေထက် ကာလသားရောဂါတွေ ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ မိန်းမတစ်ယောက် ရဲ့ မိန်းမကိုယ် နံရံတွေနဲ့ သားအိမ်ခေါင်းဟာ လိင်ဆက်ဆံစဉ် ထွက်တဲ့အရည်(သုက်ရည်) ၀င်ဖို့ လမ်းကြောင်းတွေ တိုက်ရိုက် ပွင့်နေလို့ပါ။ အကယ်၍ သုက်ရည်မှာကာလသားရောဂါ ရောဂါပိုး ရှိနေမယ် ဆိုပါက အမျိုးသမီးဟာ ပိုပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားရဲ့ လိင်တံမှာတော့ လိင်တံဝမှာသာ ရောဂါပိုးဝင်နိုင်မှာမို့ အမျိုးသမီးဆီမှာ ကာလသားရောဂါ ရောဂါပိုး ရှိနေခဲ့ရင် အမျိုးသားကိုကူးစက်ဖို့ အခွင့်အလမ်း ပိုပြီး နည်းလျော့ပါတယ်။ အမျိုးသမီးတွေမှာ ကာလသားရောဂါရှိနေ ရင်လည်း ရောဂါလက္ခဏာ မပြဘဲရှိတတ်တဲ့ အတွက် မကုသဘဲ ရောဂါ ပျံ့နှံ့လွယ်ပြီးပြဿနာတွေ ဖြစ်စေနိုင် ပါတယ်။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာ
အိပ်ခ်ျအိုင်ဗွီ(HIV)လည်းအပါအ၀င် ဖြစ်ပါတယ်။