“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, June 28, 2014

ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ

Photo: ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ
Friday, April 25, 2014

အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။

General-Than-Shwe-006အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း ၁၈၄၀ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ကနေ အနားမယူခင် လက်ရှိ တာဝန်ယူမယ့် အစိုးရအဖွဲ့ ခံစားနိုင်မယ့် လစာဥပဒေ ပြဋ္ဌာန်းပေးခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သမ္မတ ကို လစာ ကျပ် သိန်း ၅၀ ခံစားခွင့်ပြုထားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ ကုန်လွန်ခဲ့တဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလ အတွင်း ၁ လ လစာ ကျပ် ၁၅ သိန်းပဲ ရယူခဲ့ပြီး အခု ဧပြီလ ဘဏ္ဍာရေးနှစ် ကျမှသာ ၁ လ ကျပ် သိန်း ၅၀ ခံစားမယ်လို့ သိရပါတယ်။

DVB

အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းကဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြ
ပါတယ်။
General-Than-Shwe-006အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း ၁၈၄၀ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ကနေ အနားမယူခင် လက်ရှိ တာဝန်ယူမယ့် အစိုးရအဖွဲ့ ခံစားနိုင်မယ့် လစာဥပဒေ ပြဋ္ဌာန်းပေးခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သမ္မတ ကို လစာ ကျပ် သိန်း ၅၀ ခံစားခွင့်ပြုထားခဲ့ပါတယ်။

မိုဘိုင်းလ်ဖုန်းလိုင်း ၁၀ သန်း တယ်လီနော ဝယ်ယူထားဟုဆို



Photo: မိုဘိုင်းလ်ဖုန်းလိုင်း ၁၀ သန်း တယ်လီနော ဝယ်ယူထားဟုဆို
Thursday, May 22, 2014

မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဖုန်းလိုင်း ၁၀ သန်း ဝယ်ယူထားကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“လိုအပ်ချက်ပေါ် မူတည်ပြီးတော့ နောက်ထပ် ၁၀ သန်းစီ ထပ်ဝယ်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်ချိန်တွင် ဆင်းမ်ကတ် သန်း ၃၀ အထိ ပြင်ဆင်ထားမည် ဖြစ်သော်လည်း နံပါတ်ကိုမူ ၁၀ သန်းစီသာ တဖြည်းဖြည်းချင်း ဝယ်ယူသွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိတွင် တယ်လီနော ကုမ္ပဏီက မိုဘိုင်းလ်ကွန်ရက် တည်ဆောက်မှုနှင့် ဆင်းမ်ကတ် ဖြန့်ချိရေး ကိုယ်စားလှယ်များ ခန့်ထားမှုကို ဆောင်ရွက်နေပြီး စက်တင်ဘာလ မတိုင်မီ ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ကြာင်း တယ်လီနောထံမှ သိရသည်။

“ဒီမှာက လိုချင်တဲ့သူတွေက များနေတာ။ စရောင်းတဲ့အချိန်မှာ အုန်းအုန်းကျွက်ကျွက်တွေ ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ။ ၁၀ သန်းဆိုတာနဲ့ မလောက်ရင် ဘယ်လိုလုပ်မလဲ သိချင်တယ်။ ဒီမှာက ဝယ်လိုအားက အရမ်းများနေတာ။ တချို့ဆို သူတို့ကိုစောင့်ပြီး MPT (မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း) ကတ်မဝယ်ဘဲ စောင့်နေတဲ့ သူတွေရှိတယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်ရှိ Hearts မိုဘိုင်းလ် ဖုန်းဆိုင်မှ ဒေါ်ဇာခြည်က ဆိုသည်။

The Voice Weekly
မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ရန် ပြင်ဆင်နေသည့် တယ်လီနောက ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် မိုဘိုင်းလ်ဖုန်းလိုင်း ၁၀ သန်း ဝယ်ယူထားကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg က ပြောကြားသည်။
“လိုအပ်ချက်ပေါ် မူတည်ပြီးတော့ နောက်ထပ် ၁၀ သန်းစီ ထပ်ဝယ်သွားဖို့ ရှိပါတယ်” ဟု ၎င်းကဆိုသည်။
မိုဘိုင်းလ် ဝန်ဆောင်မှုများ စတင်ချိန်တွင် ဆင်းမ်ကတ် သန်း ၃၀ အထိ ပြင်ဆင်ထားမည် ဖြစ်သော်လည်း နံပါတ်ကိုမူ ၁၀ သန်းစီသာ တဖြည်းဖြည်းချင်း ဝယ်ယူသွားရန် စီစဉ်ထားကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိတွင် တယ်လီနော ကုမ္ပဏီက မိုဘိုင်းလ်ကွန်ရက် တည်ဆောက်မှုနှင့် ဆင်းမ်ကတ် ဖြန့်ချိရေး ကိုယ်စားလှယ်များ ခန့်ထားမှုကို ဆောင်ရွက်နေပြီး စက်တင်ဘာလ မတိုင်မီ ဆင်းမ်ကတ်များ စတင်ရောင်းချမည် ဖြစ်ကြာင်း တယ်လီနောထံမှ သိရသည်။

Friday, June 27, 2014

ကျာက်ဖြူ မလကျွန်း သဘာဝဓါတ်ငွေ့စက်ရုံ ချို့ယွင်းမူ ဖြစ်၍ ဓါတ်ငွေ့တင်ပို့မူ ယာယီရပ်နားခဲ့ရ



28 June 2014 11:43(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

 
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းတွင် တည်ရှိသော Daewoo ပိုင် သဘာဝ ဓါတ်ငွေ့စက်ရုံတွင် စက်ချို့ယွင်းမူ ဖြစ်သဖြင့် အသံများ ‘တဂျီဂျီ’ မြည်ကာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာပြီးနောက် ပိုက်လိုင်းမှ တဆင့် တရုတ်သို့ သဘာဝ ဓါတ်ငွေ့တင်ပို့မူကို ယာယီရပ်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။

“ ဖြစ်တာက ဇွန်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ခန့်မှာ ဖြစ်တာပါ။ စက်ရုံထဲက ဂျင်နရယ်တာက ရပ်သွားတယ်။ အဲဒီနောက်ပိုင်းမှ မီးတွေမှိတ်သွားပြီး အသံတွေက တဂျီဂျီနဲ့ မြည်လာတယ်။ ၉ နာရီမှာ ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာတယ်။ နောက်တော့ တရုတ်ကို ဓါတ်ငွေ့ပို့လွှတ်နေမူကို ရပ်တန့်လိုက်ပါတယ်” ဟု အမည် မဖေါ်လိုသူ ၀န်ထမ်း တစ်ဦးက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးမြင့်စိုးမှ နှစ်ကြိမ်စိန်ခေါ်သည့်အတွက် ကန့်ဘလူ သိမ်းဆည်းမြေယာ ဆွေးနွေးပွဲပျက်ဟု လယ်သမားများကဆို



28 June 2014 07:03(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

ဒုဗိုလ်ချုပ်ကြီးမြင့်စိုး
 စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လယ်ယာမြေ အငြင်းပွားမှု ပြဿနာ ပြင်းထန် နေသော ကန့်ဘလူ မြို့နယ်တွင် လယ်ယာ မြေသိမ်း ဆည်း ခံထားရသည့် ကျေးရွာငါးရွာမှ တောင်သူ လယ်သမားများနှင့် တပ်မတော် တာဝန်ရှိ သူများတို့ ဇွန်လ ၁၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြရာတွင် ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက တောင်သူများကို နှစ်ကြိမ်တိုင်တိုင် စိန်ခေါ်မှု ပြုလုပ်ခဲ့သည့် အတွက် ဆွေးနွေး ပွဲ ပျက်ပြယ်ခဲ့ ရကြောင်း   ယင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် တောင်သူများ ကပြောသည်။

“တောင်သူတွေနဲ့တွေ့တဲ့ အခါ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက အစပိုင်းမှာ ပြည်သူတွေကို မိဘသဖွယ် ပြောနေ တာ။ နောက်ပိုင်းကျတော့ သိမ်းဆည်း မြေယာအရေးနဲ့ ပတ်သတ်ပြီး တပ်ကနေ ဖြေရှင်းပေးတာ မကြိုက်ရင် ချက်ချင်း ထွက်သွားလို့ စိန်ခေါ်တယ်။

မကွေးကိုယ်စားလှယ်လောင်းတွေအကြောင်း စရဖနဲ့ အထူးသတင်းတပ်ဖွဲ့ စုံစမ်းနေ



28 June 2014 07:07(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)

 လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ မကွေးတိုင်း ဒေသကြီးအတွင်း လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၂ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်း စာရင်းတွေကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နဲ့ အထူးသတင်းတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း နိုင်ငံရေး ပါတီတွေက ဒီကနေ့ ပြောကြားပါတယ်။

မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ မကွေးတိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ဒီနေ့ တွေ့ဆုံစဉ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက တင်ပြခဲ့တာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။

ရဲအရာရှိ ၄၀၃ ဦးကို လာဘ်စားလို့ အရေးယူပြီ



28 June 2014 09:47(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

လာဘ်စားခဲ့တဲ့ ရဲအရာရှိ ၄၀၃ ဦးကို အဂတိလိုက်စားမှု အပါအဝင် တည်ဆဲ ဥပဒေတွေအရ အရေးယူထားတယ်လို့ ပြည်ထဲ ရေးဝန်ကြီးဌာနက တရားဝင် ပြောဆိုလိုက်ပါတယ်။ ရဲတပ်သား ၂၀၀ ကျော်ကိုလည်း အရေးယူထားပါတယ်။ ဒါဟာ နှစ်နှစ်ကျော်ကာလမှာ အရေးယူထားတဲ့ ဦးရေဖြစ်ပါတယ်။

လောင်းကစား ပပျောက်ရေး၊ အနှိပ်ခန်းနဲ့ ကာရာအိုကေဆိုင်တွေ ပပျောက်ရေး လုပ်ငန်းစဉ်တွေမှာ လာဘ်စားလို့ အရေးယူခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောပါတယ်။