“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Friday, May 30, 2014

"ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်"



"ခင်ပွန်းသည်ရဲ့ ချီးကျူးခံရသူ သက်မွန်မြင့်"

‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။

”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။

ဒါရိုက်တာဝိုင်း ရိုက်ကူး တင်ဆက်ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နှင့် ဇင်ဝိုင်း တို့ အဓိက ပါဝင်သရုပ် ဆောင် ထားသည့် အဆိုပါ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကား သည် ရုံတင်ရက် ထပ်တိုးရ သည်အထိ အောင်မြင်မှု ရရှိသည်ဟု သိရသည်။

”သက်မွန် ကြားတာတော့ ရုံတင်ရက် ထပ်တိုး မယ်။ ဘာပဲပြောပြော ပင်ပန်း ခဲ့သမျှ ပီတိဖြစ်တာ ပေါ့”ဟု သက်မွန်မြင့် က ပြောသည်။

”ဒီကားမှာ မှတ်မိတာ က ပရိသတ် ကြိုက်တဲ့ကား တော်တော် များများက ပင်ပန်းတဲ့ကား ဖြစ်တယ်။ ဒီ စေတန် ဆိုရင် တစ်ယောက် တည်းပြေး လိုက် နှစ် ယောက်ပေါင်း ပြေးလိုက် တော်တော်ကို ပြေးခဲ့ရ တယ်။ ချွေးတွေ ဆိုလည်း ကားထဲက မြင်တဲ့ အတိုင်း ပဲ။ ပြေးရင်းနဲ့ ပေါင်ကြော ညပ်တာတော့ အမှတ် တရပဲ” ဟု ၄င်းက ပြောသည်။

သက်မွန်မြင့်က အဆိုပါ စေတန်ရဲ့ ကချေသည် ဇာတ်ကား ရိုက်ပြီးသည့်နှစ်က  အကယ်ဒမီ ရသည့် နှစ်နဲ့ တစ်နှစ် တည်း ကျပြီး ရိုက်ကွင်းမှာ ပေါင်ကြော ညပ်သည့် ဒဏ် က အကယ်ဒမီ ဆုတက်ယူသည် အထိ ခြေထောက် က ထော့ နဲ့ထော့နဲ့ဖြင့် ဆုတက် ယူခဲ့ရသည်ဟု သိရသည်။

”ပရိသတ်တွေ ဆီက ပြန်ကြား ရတာကတော့ ခြံပေါက်ဝ ကနေ ချောင်းကြည့် ပြီး နေတိုး ကိုမြင်တော့ လန့်သွားတဲ့ပုံ၊ လက်ဆောင် ပြေးဝယ် ရတဲ့ပုံ၊ ဇာတ်သိမ်းပိုင်း က ပန်းသီး ကိုက်တဲ့ပုံ ဒီဇာတ်ဝင်ခန်း တွေကို ကြိုက်ကြတယ်” ဟု သက်မွန်မြင့် က ဆို သည်။

ထူးထူး


‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကားမှာ ကိုယ့်ကိုယ်ကိုယ် အားမရပေမယ့် ခင်ပွန်းသည်က ဒီလောက်နှင့် တော်ပြီ ဟု ချီးကျူးခဲ့ကြောင်း အကယ် ဒမီသက်မွန်မြင့် က ပြော သည်။
”ရုံတင်တော့ အစ်မ တို့နှစ်ယောက် စလုံး သွား ကြည့်ဖြစ်တယ်။ သက်မွန် ယောက်ျားလည်း တအား သဘောကျတယ်။ သက်မွန် ကတော့ ပရိသတ် ဝင်ပါ့မလား စိုးရိမ် မိတယ်”ဟု သက်မွန်မြင့်က ပြောသည်။
ဒါရိုက်တာဝိုင်း ရိုက်ကူး တင်ဆက်ပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နှင့် ဇင်ဝိုင်း တို့ အဓိက ပါဝင်သရုပ် ဆောင် ထားသည့် အဆိုပါ ‘စေတန်ရဲ့ ကချေသည်’ ဇာတ်ကား သည် ရုံတင်ရက် ထပ်တိုးရ သည်အထိ အောင်မြင်မှု ရရှိသည်ဟု သိရသည်။
”သက်မွန် ကြားတာတော့ ရုံတင်ရက် ထပ်တိုး မယ်။ ဘာပဲပြောပြော ပင်ပန်း ခဲ့သမျှ ပီတိဖြစ်တာ ပေါ့”ဟု သက်မွန်မြင့် က ပြောသည်။

တညင်းသီး၏အန္တာရယ်




>> တညင်းသီးမှာ လူကိုအကျိုးပြုတဲ့ ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး
သူ့မှာ ပါဝင်တာကတော့ လူကို ဒုက္ခပေး နိုင်တဲ့အဆိပ်ဓာတ်ပါ <<
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ.Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။
တညင်းသီးမှာ Djenkolic acid ဆိုတဲ့အဆိပ်တွေ ၀.၃% ကနေ
၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင့်တတ်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော့ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။
မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.့ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ. သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်. အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင့် အဆိပ်သင့်တဲ့အခါ ဆေးရုံ တက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို့လမ်းပိုများတယ်လို.ဆိုပါတယ်။

Wednesday, May 14, 2014

မိန်းမ အင်္ဂါ နှစ်ခုပါသော အမျိုးသမီး (18+)


အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ Hazel Jones ဟာ အမျိုးသမီး အင်္ဂါနှစ်ခု ၊ သားအိမ် နှစ်ခု ၊ သားအိမ်ပြွန် နှစ်ခု ပါရှိပါတယ်။
လက်ရှိအချိန်မှာ Jones ဟာ ITV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ သူ့ရဲ့ အပျိုရည် နှစ်ခါပျက် ခြင်း အကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့မိတ်ဆွေတွေကိုအားလုံးကို ပြောပြပါသေးတယ် လို့ Jones က ITV အစီ အစဉ် ကြေငြာသူ Willoughby နဲ့ Phillip Schofield ကိုပြောပြပါတယ်။ ကျွန်မထင်တာကတော့ ဒါ ဟာ အရမ်းအံ့သြဖွယ်ကောင်းပြီး ကြားရတဲ့သူတွေကိုဆွံ့အ စေတယ်လို့ Jones က ဆက်လက်ပြီး ပြောပြ သွားပါတယ်။
ထို့နောက် Jones က ဒါကိုကြည့်ချင်တဲ့ မည်သည့် အမျိုးသမီးကိုမဆို ပြသဖို့ ၀န်လေးမှာမဟုတ်သလို နည်းနည်းလေးမှတောင် ရှက်မိမှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။