“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, September 6, 2014

ဖုန်းလာတိုင်း ပိုက်ဆံရတယ် ဆိုတဲ့ စမိုင်းလ်

Myanmar News Media's photo.
ထူးခြားသည့် စီးပွားရေး လုပ်ငန်းအသစ်တစ်ခု စတင်လုပ်ရန်ရှိကြောင်း စမိုင်းလ်က ပြောသည်။
”ကိုယ့်ဆီ ဖုန်းဝင်လာတိုင်းမှာ ကြော်ငြာ တစ်ခုလာမယ်။ ကိုယ်က ဖုန်းကို ချက်ချင်းမကိုင်ဘဲ ကြော်ငြာကို ကြည့်ရင် ပိုက်ဆံရတယ်” ဟု စမိုင်းလ် က ပြောသည်။
စမိုင်းလ်က လတ်တလောမှာ Y-talk၊ နှင့် မိတ်ကပ်စတိုး လုပ်ငန်းများ အောင်မြင်ပြီး လုပ်ငန်းအသစ်များကို ထပ်မံချဲ့ရန်ရှိကြောင်း သိရသည်။
”ဒီ စီးပွားရေးကိုလုပ်ဖို့ စီစဉ်လာတာ တစ်နှစ်ကျော်လာပြီ။ အက်ပလီကေးရှင်း ကို ဖရီးဒေါင်းလုတ် ဆွဲလို့ရတယ်။ အသေးစိတ်ကို စာနယ်ဇင်းရှင်းလင်းပွဲ လုပ်မှာပါ” ဟု စမိုင်းလ် က ပြောသည်။

”ဖုန်းလာတိုင်း ပိုက်ဆံရတယ် ဆိုတာ အပြောပဲ ရှိခဲ့တာ။ အခု အကောင် အထည်ဖော်လိုက်တာပါ။ ပိုက်ဆံကိုစုပြီး တစ်လတစ်ခါ ရုံးမှာ လာထုတ်လို့ ရတယ်” ဟုလည်း ဆိုသည်။

စမိုင်းလ်က ”ဒီစီးပွားရေးက ပထမဆုံးဆိုတော့ လုပ်ရတာလည်း တော်တော် ခက်တယ်။ ကြော်ငြာသမားတွေ အတွက်ကလည်း ထိရောက်ဖို့ အရေးကြီး တယ်”ဟု ဆက်ပြောသည်။

Myanmar News Media

No comments:

Post a Comment