“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, September 6, 2014

ဆက်သွယ်ရေး ဆင်းမ်ကတ်မရ၍ ပန်းဆိုးတန်းလမ်းတွင် လူ ၂၀၀ ခန့် ဆူပူ

Photo: ဆက်သွယ်ရေး ဆင်းမ်ကတ်မရ၍ ပန်းဆိုးတန်းလမ်းတွင် လူ ၂၀၀ ခန့် ဆူပူ

ကျပ် ၁၅၀၀ တန် ဆက်သွယ်ရေးဆင်းမ်ကတ် ရောင်းချသော အိုတူးဖုန်းဆိုင်မှ ဆင်းမ်ကတ်များ လုံလောက်စွာ ရောင်းချခြင်း မရှိဟုဆိုကာ ဖုန်းကတ်ဝယ်ယူ လိုသူများက အဆိုပါ ဆိုင်ရှိရာ ပန်းဆိုးတန်းလမ်းတွင် ဆူပူမှုများ ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အိုတူးဖုန်းဆိုင်တွင် ကျပ် ၁၅၀၀ တန် အမ်ပီတီ ဆင်းမ်ကတ်များ ရောင်းချမည်ဖြစ်၍ ၀ယ်ယူလိုသူ ၂၀၀ ခန့်က နံနက် ၆ နာရီမှစ၍ ထိုဆိုင်ရှေ့၌ တန်းစီစောင့်ဆိုင်းနေခဲ့သည်။ ဆိုင်ဖွင့်ချိန်တွင် ဆင်းမ်ကတ် အနည်းငယ်သာ ရောင်းချသောကြောင့် တန်းစီ စောင့်ဆိုင်းနေသူများက ၀ယ်ယူမရရှိ၍ ဆူပူမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆူပူမှုများကြောင့် အိုတူးဖုန်းဆိုင်သည် ရောင်းချခြင်း မရှိတော့ဘဲ ဆိုင်ပိတ်သွား ခဲ့ရာ ဆင်းမ်ကတ်မရရှိသော သူများက အနီးအနားရှိ လျှပ်စစ်ပစ္စည်းများ ရောင်းချသော ဆိုင်အချို့ရှေ့သို့ သွားရောက်ကာ ဆူပူမှုများ ထပ်မံပြုလုပ်ခဲ့ သည်။ ထိုသို့ပြုလုပ်၍ အနီးရှိ လျှပ်စစ်ပစ္စည်းဆိုင်အချို့လည်း ကြောက်လန့်၍ ဆိုင်ပိတ်ထားကြသည်။

‘‘မနက်ထဲက ဒီလိုဖြစ်နေတာ ကမ္ဘာပျက်တဲ့အတိုင်းပဲ။ တချို့ဆိုင်တွေက ဖုန်းကတ် မရောင်းဘဲနဲ့ကို အဲဒီဆိုင်တွေရှေ့မှာ မြှောက်ပေးတဲ့သူရှိလို့ လုပ်နေ ကြတာ။ ဟိုဆိုင်ရှေ့သွား၊ ဒီဆိုင်ရှေ့သွား လုပ်နေကြတာ’’ဟု ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အိုတူးဖုန်းဆိုင်အနီးတွင် ဈေးရောင်းချသူ တစ်ဦးက ပြောသည်။

ဆင်းမ်ကတ်မရရှိ၍ တစ်နေကုန် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လုံခြုံရေး ရဲတပ်ဖွဲ့များက ထိုနေရာသို့ လာရောက်ခြင်း မရှိပေ။ ထိုနေ့ညနေ ၅ နာရီခွဲ အချိန်တွင် အိုတူးဖုန်းဆိုင်မှ တာဝန်ရှိ သူများက ဆင်းမ်ကတ်ရရှိရန် ဆိုင်တံဆိပ်ပါ စာရွက်တစ်ရာ ပေးဝေလိုက်မှာသာ လူစုကွဲသွားခြင်း ဖြစ်သည်။

‘‘အစ်မက တကယ်ကို ဖုန်းမရှိသေးလို့လာပြီး တန်းစီတာပါ။ မနက်ထဲက တန်းစီနေရတာ ညနေမှရတယ်’’ဟု ကျပ် ၁၅၀၀ တန် ပုဇွန်တောင်မြို့နယ်မှ လာရောက် တန်းစီဝယ်ယူသော အမျိုးသမီး တစ်ဦးက ပြောသည်။

ထိုနေ့နံနက်ပိုင်းကလည်း ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနီးရှိ ဆမ်ဆောင်းမိုဘိုင်း ဖုန်းရောင်းဝယ်ရေးဆိုင်တွင် အမ်ပီတီ ဆင်းမ်ကတ် လာရောက် လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများအား ဆိုင်တာဝန် ရှိသူတစ်ဦးက အပြင်လမ်းဘေးသို့ လွှင့်ပစ်၍ ဖုန်းလျှောက်ထားသူများက အဆိုပါ ဆိုင်ရှေ့တွင် ဆူပူမှုများဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၃ ရက်မှစ၍ လျှောက်ထားခဲ့သည့် ရာနှင့်ချီသော မှတ်ပုံတင်မိတ္တူ များကို အဆိုပါ အရောင်းဆိုင်၏ ဘေးပေါက်လမ်းမပေါ်တွင် လွှင့်ပစ်ထားခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးက ယခင်ကျပ်နှစ်သိန်းဖြင့် ရောင်းချခဲ့သော အမ်ပီတီ ဆင်းမ်ကတ်များကို ယခုစက်တင်ဘာ ၁ ရက်မှစ၍ ကျပ် ၁၅၀၀ ဖြင့် ရောင်းချ ခဲ့ခြင်းဖြစ်သည်။

7Day Daily
 
ကျပ် ၁၅၀၀ တန် ဆက်သွယ်ရေးဆင်းမ်ကတ် ရောင်းချသော အိုတူးဖုန်းဆိုင်မှ ဆင်းမ်ကတ်များ လုံလောက်စွာ ရောင်းချခြင်း မရှိဟုဆိုကာ ဖုန်းကတ်ဝယ်ယူ လိုသူများက အဆိုပါ ဆိုင်ရှိရာ ပန်းဆိုးတန်းလမ်းတွင် ဆူပူမှုများ ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အိုတူးဖုန်းဆိုင်တွင် ကျပ် ၁၅၀၀ တန် အမ်ပီတီ ဆင်းမ်ကတ်များ ရောင်းချမည်ဖြစ်၍ ၀ယ်ယူလိုသူ ၂၀၀ ခန့်က နံနက် ၆ နာရီမှစ၍ ထိုဆိုင်ရှေ့၌ တန်းစီစောင့်ဆိုင်းနေခဲ့သည်။ ဆိုင်ဖွင့်ချိန်တွင် ဆင်းမ်ကတ် အနည်းငယ်သာ ရောင်းချသောကြောင့် တန်းစီ စောင့်ဆိုင်းနေသူများက ၀ယ်ယူမရရှိ၍ ဆူပူမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆူပူမှုများကြောင့် အိုတူးဖုန်းဆိုင်သည် ရောင်းချခြင်း မရှိတော့ဘဲ ဆိုင်ပိတ်သွား ခဲ့ရာ ဆင်းမ်ကတ်မရရှိသော သူများက အနီးအနားရှိ လျှပ်စစ်ပစ္စည်းများ ရောင်းချသော ဆိုင်အချို့ရှေ့သို့ သွားရောက်ကာ ဆူပူမှုများ ထပ်မံပြုလုပ်ခဲ့ သည်။ ထိုသို့ပြုလုပ်၍ အနီးရှိ လျှပ်စစ်ပစ္စည်းဆိုင်အချို့လည်း ကြောက်လန့်၍ ဆိုင်ပိတ်ထားကြသည်။

‘‘မနက်ထဲက ဒီလိုဖြစ်နေတာ ကမ္ဘာပျက်တဲ့အတိုင်းပဲ။ တချို့ဆိုင်တွေက ဖုန်းကတ် မရောင်းဘဲနဲ့ကို အဲဒီဆိုင်တွေရှေ့မှာ မြှောက်ပေးတဲ့သူရှိလို့ လုပ်နေ ကြတာ။ ဟိုဆိုင်ရှေ့သွား၊ ဒီဆိုင်ရှေ့သွား လုပ်နေကြတာ’’ဟု ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ အိုတူးဖုန်းဆိုင်အနီးတွင် ဈေးရောင်းချသူ တစ်ဦးက ပြောသည်။

ဆင်းမ်ကတ်မရရှိ၍ တစ်နေကုန် ဆူပူမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လုံခြုံရေး ရဲတပ်ဖွဲ့များက ထိုနေရာသို့ လာရောက်ခြင်း မရှိပေ။ ထိုနေ့ညနေ ၅ နာရီခွဲ အချိန်တွင် အိုတူးဖုန်းဆိုင်မှ တာဝန်ရှိ သူများက ဆင်းမ်ကတ်ရရှိရန် ဆိုင်တံဆိပ်ပါ စာရွက်တစ်ရာ ပေးဝေလိုက်မှာသာ လူစုကွဲသွားခြင်း ဖြစ်သည်။

‘‘အစ်မက တကယ်ကို ဖုန်းမရှိသေးလို့လာပြီး တန်းစီတာပါ။ မနက်ထဲက တန်းစီနေရတာ ညနေမှရတယ်’’ဟု ကျပ် ၁၅၀၀ တန် ပုဇွန်တောင်မြို့နယ်မှ လာရောက် တန်းစီဝယ်ယူသော အမျိုးသမီး တစ်ဦးက ပြောသည်။

ထိုနေ့နံနက်ပိုင်းကလည်း ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနီးရှိ ဆမ်ဆောင်းမိုဘိုင်း ဖုန်းရောင်းဝယ်ရေးဆိုင်တွင် အမ်ပီတီ ဆင်းမ်ကတ် လာရောက် လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများအား ဆိုင်တာဝန် ရှိသူတစ်ဦးက အပြင်လမ်းဘေးသို့ လွှင့်ပစ်၍ ဖုန်းလျှောက်ထားသူများက အဆိုပါ ဆိုင်ရှေ့တွင် ဆူပူမှုများဖြစ်ပေါ်ခဲ့သည်။

စက်တင်ဘာ ၃ ရက်မှစ၍ လျှောက်ထားခဲ့သည့် ရာနှင့်ချီသော မှတ်ပုံတင်မိတ္တူ များကို အဆိုပါ အရောင်းဆိုင်၏ ဘေးပေါက်လမ်းမပေါ်တွင် လွှင့်ပစ်ထားခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးက ယခင်ကျပ်နှစ်သိန်းဖြင့် ရောင်းချခဲ့သော အမ်ပီတီ ဆင်းမ်ကတ်များကို ယခုစက်တင်ဘာ ၁ ရက်မှစ၍ ကျပ် ၁၅၀၀ ဖြင့် ရောင်းချ ခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment