“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, September 6, 2014

ဆိုင်ခန်းဆောက်ခ ပထမအရစ် ပေးသွင်းရန် နောက်ဆုံးရက် ကျော်လွန်သွား သော်လည်း စောင့်ဆိုင်းကောက်ခံပေးနေ

Photo: ဆိုင်ခန်းဆောက်ခ ပထမအရစ် ပေးသွင်းရန် နောက်ဆုံးရက် ကျော်လွန်သွား သော်လည်း စောင့်ဆိုင်းကောက်ခံပေးနေ

ဈေးအသစ်တည်ဆောက်နေသည့် မန္တလေးမြို့ ကုန်စိမ်းတန်း ညဈေးတွင် ဆိုင် ခန်းဆောက်ခ ပထမအရစ် ပေးသွင်းရမည့် နောက်ဆုံးရက် ကျော်လွန်သွား သော်လည်း အခက်အခဲ ရှိနေသည့် ဈေးသည်များကို စောင့်ဆိုင်းကောက်ခံ ပေးနေကြောင်း သတင်းရရှိသည်။

ဆိုင်းခန်းဆောက်ခ ပထမအရစ်အဖြစ် တစ်ခန်းလျှင် ကျပ်တစ်သိန်းနှစ်သောင်း ကို သြဂုတ် ၃၁ ရက် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်သော်လည်း ဈေးသည် အချို့မှာ ပေးသွင်းရန် အခက်အခဲရှိနေကြောင်း တင်ပြကြသဖြင့် မန္တလေး စည်ပင်က ရက်အနည်းငယ်တိုးကာ စောင့်ဆိုင်းပေးနေကြောင်း ကုန်စိမ်းတန်း ညဈေးမှ ငွေမသွင်းနိုင်သည့် ဈေးသည်များက ပြောသည်။ ‘‘စည်ပင်က အတတ် နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးမယ်ပြောတယ်။ တစ်ပတ်၊ ဆယ်ရက်လောက် စောင့်ပေးမယ်တဲ့။ နည်းနည်းတော့ အသက်ရှူချောင်သွားတာပေါ့’’ ဟု ကုန်စိမ်း တန်းညဈေးမှ ဈေးသည် အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ ကုန်စိမ်းတန်း ညဈေးသစ်ကို ငါးလအတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်ထားပြီး ဆိုင်ခန်းခငွေများ ပေးသွင်းမှသာ အမြန်တည်ဆောက်ပြီးစီးနိုင် မည်ဖြစ်ကြောင်း၊ လတ်တလော စောင့်ဆိုင်းကောက်ခံ ပေးနေသော်လည်း ဆိုင်းခန်းခငွေ မသွင်းပါက ကန်ထရိုက်အနေဖြင့် ဆောက်လုပ်ရာတွင် အခက် အခဲ ရှိနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးဌာန ခွဲမှူး ဦးသိန်းအောင် က ပြောသည်။

‘‘ငွေမြန်မြန်သွင်းတော့ ဈေးမြန်မြန်ရောင်းရမှာပေါ့။ သူတို့ကို ဘဏ်ချေးငွေနဲ့ ဆောက်ရွက်ပေးမယ်လို့ ပြောတော့လည်း နှစ်ဦးစီ အာမခံပေးရမယ်ဆိုတော့ အဆင်မပြေကြဘူး’’ ဟု ဈေးဌာနခွဲမှူးက ပြောသည်။

ဆိုင်ခန်းခငွေ ပထမအရစ်အား ဈေးသည်ပေါင်း ၁၄၆၀ ဦး ပေးသွင်းပြီဖြစ် ကြောင်း၊ ဆိုင်ခန်းပေါင်း ၁၂၀၀ကို စတင်တည်ဆောက်မည်ဖြစ်ပြီး နေရာအနေ အထားပေါ်မူတည်ကာ ထပ်တိုးဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဈေးဌာန ခွဲမှူးက ပြောသည်။

ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်၃၂၉,၁၆၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်မှ ဒီဇင်ဘာ အထိ ငါးလအတွင်း တစ်လတစ်ကြိမ် ငါးရစ်ခွဲကာ ပေးသွင်းရမည် ဖြစ်သည်။ ကုန်စိမ်းတန်း ညဈေးကို သံထည်ပစ္စည်းများ အသုံးပြုကာ ဆောက်လုပ်သွား မည်ဖြစ်ပြီး ခုနှစ်လခန့်အတွင်း အပြီးတည်ဆောက်သွားမည်ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီက အသိပေးထားသည်။

7Day Daily

ဈေးအသစ်တည်ဆောက်နေသည့် မန္တလေးမြို့ ကုန်စိမ်းတန်း ညဈေးတွင် ဆိုင် ခန်းဆောက်ခ ပထမအရစ် ပေးသွင်းရမည့် နောက်ဆုံးရက် ကျော်လွန်သွား သော်လည်း အခက်အခဲ ရှိနေသည့် ဈေးသည်များကို စောင့်ဆိုင်းကောက်ခံ ပေးနေကြောင်း သတင်းရရှိသည်။

ဆိုင်းခန်းဆောက်ခ ပထမအရစ်အဖြစ် တစ်ခန်းလျှင် ကျပ်တစ်သိန်းနှစ်သောင်း ကို သြဂုတ် ၃၁ ရက် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်သော်လည်း ဈေးသည် အချို့မှာ ပေးသွင်းရန် အခက်အခဲရှိနေကြောင်း တင်ပြကြသဖြင့် မန္တလေး စည်ပင်က ရက်အနည်းငယ်တိုးကာ စောင့်ဆိုင်းပေးနေကြောင်း ကုန်စိမ်းတန်း ညဈေးမှ ငွေမသွင်းနိုင်သည့် ဈေးသည်များက ပြောသည်။ ‘‘စည်ပင်က အတတ် နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးမယ်ပြောတယ်။ တစ်ပတ်၊ ဆယ်ရက်လောက် စောင့်ပေးမယ်တဲ့။ နည်းနည်းတော့ အသက်ရှူချောင်သွားတာပေါ့’’ ဟု ကုန်စိမ်း တန်းညဈေးမှ ဈေးသည် အမျိုးသား တစ်ဦးက ပြောသည်။ အဆိုပါ ကုန်စိမ်းတန်း ညဈေးသစ်ကို ငါးလအတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်ထားပြီး ဆိုင်ခန်းခငွေများ ပေးသွင်းမှသာ အမြန်တည်ဆောက်ပြီးစီးနိုင် မည်ဖြစ်ကြောင်း၊ လတ်တလော စောင့်ဆိုင်းကောက်ခံ ပေးနေသော်လည်း ဆိုင်းခန်းခငွေ မသွင်းပါက ကန်ထရိုက်အနေဖြင့် ဆောက်လုပ်ရာတွင် အခက် အခဲ ရှိနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးဌာန ခွဲမှူး ဦးသိန်းအောင် က ပြောသည်။

‘‘ငွေမြန်မြန်သွင်းတော့ ဈေးမြန်မြန်ရောင်းရမှာပေါ့။ သူတို့ကို ဘဏ်ချေးငွေနဲ့ ဆောက်ရွက်ပေးမယ်လို့ ပြောတော့လည်း နှစ်ဦးစီ အာမခံပေးရမယ်ဆိုတော့ အဆင်မပြေကြဘူး’’ ဟု ဈေးဌာနခွဲမှူးက ပြောသည်။

ဆိုင်ခန်းခငွေ ပထမအရစ်အား ဈေးသည်ပေါင်း ၁၄၆၀ ဦး ပေးသွင်းပြီဖြစ် ကြောင်း၊ ဆိုင်ခန်းပေါင်း ၁၂၀၀ကို စတင်တည်ဆောက်မည်ဖြစ်ပြီး နေရာအနေ အထားပေါ်မူတည်ကာ ထပ်တိုးဆောက်လုပ် သွားမည်ဖြစ်ကြောင်း ဈေးဌာန ခွဲမှူးက ပြောသည်။

ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်၃၂၉,၁၆၀ နှုန်းဖြင့် ၂၀၁၄ ခုနှစ် သြဂုတ်မှ ဒီဇင်ဘာ အထိ ငါးလအတွင်း တစ်လတစ်ကြိမ် ငါးရစ်ခွဲကာ ပေးသွင်းရမည် ဖြစ်သည်။ ကုန်စိမ်းတန်း ညဈေးကို သံထည်ပစ္စည်းများ အသုံးပြုကာ ဆောက်လုပ်သွား မည်ဖြစ်ပြီး ခုနှစ်လခန့်အတွင်း အပြီးတည်ဆောက်သွားမည်ဟု မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီက အသိပေးထားသည်။

7Day Daily

No comments:

Post a Comment