“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, February 22, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေသော်လည်း KIA တပ်ဖွဲ့ဝင်အချို့ တစ်ဖက်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေ




ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်၊ မနောကွင်းရှိ မဂျွယ်ခန်းမ၌ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။KIA အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ထွက်ပြေးတိမ်းရှောင်နေသော တပ်ဖွဲ့ဝင်များ ၏ မိသားစုများအား ခေါ်ယူတွေ့ဆုံကာ တပ်ဖွဲ့ဝင်များပြန်လာရန် ဖိအားပေးခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံရွာသားအချို့ထံမှ သတင်းရရှိသည်။အဆိုပါ ခြိမ်းခြောက်မှုများကြောင့် တပ်ဖွဲ့ဝင်အချို့သည် မိသားစုဝင်များ၏ အသက်အန္တရာယ်စိုးရိမ်ရသည့် အတွက် သက်ဆိုင်ရာ KIA တပ်ရင်းများသို့ ပြန်လည်အဖမ်းခံခဲ့ကြကြောင်း ယင်းမိသားစုများနှင့် နီးစပ်သော မိုင်းဘတ်ရွာသားတစ်ဦးက ပြောသည်။
“ ဟိုတလောကပဲ မိုင်းဘတ်ရွာနဲ့ ပလောင်ဝမ်ရွာက မိသားစုတွေကို KIA ကခေါ်ပြီး ခြိမ်းခြောက်လို့ တပ်ဖွဲ့ဝင် တွေ ပြန်အဖမ်းခံကြတယ်လို့ သိရတယ်၊ သူတို့ကို အင်ဘာပါ စခန်းမှာ ထားတယ်လို့တော့ ကြားတာပဲ” ဟု ဆွေမျိုးတော်စပ်သူ မန်စီမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ယင်းစခန်းတွင် ထိန်းသိမ်းခြင်းခံရသော တပ်ဖွဲ့ဝင်အချို့အား မန်စီမြို့အနီး ကျောက်တောင်ကုန်းဘက်သို့ ရှေ့တန်းတာဝန်ထမ်းဆောင်ရန် စေလွှတ်ခဲ့မှုကြောင့် အဆိုပါ တပ်ဖွဲ့ဝင်(၁၀)ဦးခန့်သည် တစ်ဖက်တရုတ်နိုင်ငံ ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။
မန်စီမြို့ခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ “ ဒီနေ့ မြစ်ကြီးနားမှာ အစိုးရနဲ့ KIO တို့ ငြိမ်းချမ်းရေး ဆွေးနွေး နေတယ်လို့ သိရတယ်၊ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲရှိနေတာတောင် KIA တပ်ဖွဲ့ဝင်တွေ ဘာဖြစ်လို့ ထွက်ပြေး နေသလဲ၊ ဒါ စဉ်းစားစရာကိစ္စပါ၊ သူတို့က မလုပ်ချင်လို့ ထွက်ပြေးတာကို မိသားစုကိုခေါ်ပြီး ခြိမ်းခြောက်လို့ ပြန်အဖမ်းခံကြတာလေ၊ လုပ်ချင်တော့တာမှ မဟုတ်တာ၊ ကျွန်တော် ကြားတာကတော့ ရှေ့တန်းလွှတ်ပေမယ့် သေနတ်တွေ မပေးလိုက်ဘူးဆိုလား၊ ဒါဟာ သက်သက်မဲ့အသေခံခိုင်းတာလေ၊ ဘယ်သူက လုပ်မလဲဗျာ၊ တရားမျှတမှုမရှိတာ ထွက်ပြေးကြဦးမှာပဲ ” ဟု ပြောပြသွားသည်။
ယင်းတပ်ဖွဲ့ဝင်များ၏ မိသားစုများမှာလည်း KIA မှ ထပ်မံခေါ်ယူခြိမ်းခြောက်မှာကို စိုးရိမ်ကြောက်လန့်နေကြ သဖြင့် နီးစပ်ရာ မန်စီမြို့နှင့် အခြားကျေးရွာများသို့ ခေတ္တပြောင်းရွှေ့နေထိုင်ရန် စီစဉ်နေကြကြောင်း ဒေသခံ အချို့၏ ပြောပြချက်အရ သိရှိရပါသည်။

နော်မိုင်

No comments:

Post a Comment