“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Tuesday, February 25, 2014

မုန့်ဟင်းခါးချက်ရာမှမီးလောင်မှုမြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့နံနက်ဖြစ်ပွား

မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(၃)လမ်းနေ မ------- သည် နေအိမ်တွင်ယနေ့ နံနက်၀၅၀၅ အချိန် က
ထင်းမီးဖိုဖြင့် မုန့်ဟင်းခါးချက်ရာမှ မီးစတင်လောင် ကျွမ်းခဲ့ရာ ၎င်း၏နေအိမ်အပါအ၀င် သွပ်မိုး၊ ပျဉ်ထောင်၊ ထရံကာ
နေအိမ်(၆)လုံးနှင့် (၂)ထပ်တိုက်မျက်နှာကျက်၊

မှန်များအားမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းYangon Policeမှသိရသည်။
မီးသတ်ယာဉ်များရောက်ရှိငြိမ်းသတ်ခဲ့၍၀၅၃၅အချိန် တွင်မီးငြိမ်းသွားခဲ့သည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွါးခဲ့၍် မီးပေါ့ဆစွာသုံးစွဲသူ မ----အား ဝေဘာဂီနယ်မြေရဲစခန်း (ပ) ၆၁/၂၀၁၄၊
ပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Policeမှသိရသည်။

No comments:

Post a Comment