“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, February 27, 2014

အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက တဆင့် ဥပဒေကြမ်း တင်ပြဆောင်ရွက်သွားဖို့ ပြည်ထောင်စု လွှတ်တော်နာယက က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ပေးပို့လာတဲ့ အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေ ၄ ရပ် ပြဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဆီ သ၀ဏ်လွှာ ပြန်လည် ပေးပို့တဲ့အထဲမှာ ပြောကြားထားတာ ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒန္ဒ တိလောကာဘိဝံသ လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ ၄ရပ်ကို ဥပဒေ ပြဌာန်းပေးဖို့
ဖေဖော်ဝါရီ ၂၅ ရက် ရက်စွဲနဲ့ သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့တာပါ။

ဒီဥပဒေတွေက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထက်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။ ဒီဥပဒေတွေကို ပြဌာန်းနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဥပဒေကြမ်းရေးဆွဲဆောင်ရွက်ဖို့ လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားခဲ့တာလို့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

DVB TV News

No comments:

Post a Comment