“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Wednesday, February 26, 2014

ပန်းခြံကဲ့သို့ နေရာများတွင် တစ်ဦးချင်း လွှတ်လပ်စွာ တင်ပြနိုင်သော ဟစ်တိုင်လုပ်ရန် အစီအစဉ်မရှိသေး

နေပြည်တော်၊ဖေဖော်ဝါရီ၂၆ လူအများ စုဝေးအပန်းဖြေနိုင်သည့် ပန်းခြံကဲ့သို့ နေရာများတွင်
ပြည်သူများ တစ်ဦးချင်း လွှတ်လပ်စွာ တင်ပြနိုင်သော နေရာအဖြစ်စည်းကမ်းချက်များနင့်အညီ ခွင့်ပြုပေးရန် မှာ
လက်ရှိအခြေအနေအရ သီးသန့်နေရာ သတ်မှတ်ဖန်တီး ဖော်ဆောင်ပေးရန်အစီအစဉ်မရှိသေးပါဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မူးချုပ်ကျော်ဇံမြင့်ကဖေဖော်ဝါရီ(၂၆)ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြောသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ရန်ကုန်-မန္တလေး အစရှိသည့် မြို့ ကြီးများရှိ လူအများ စုဝေးအပန်းဖြေသည့်
ပန်းခြံကဲ့သို့ နေရာများတွင် London မြို့ ရှိHyde Park နည်းတူ ပြည်သူများ တစ်ဦးချင်း မိမိ၏ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာတင်ပြနိုင်သောနေရာများကို သီးသန့် သတ်မှတ်ပေးထားပြီး ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ
သတ်မှတ်ထားသော စည်းကမ်းများနင့်အညီ မည်သူမဆို လာရောက်ပြီး ဟောပြောဝေဖန်ဆွေးနွေးနိုင်မည့် အစီအစဉ်ကို ဖန်တီးဖော်ဆောင်ခွင့်ပြုပေးရန် ရှိ/မရှိ

သိရှိလိုကြောင်း မေးမြန်းမှုအား ဒုဝန်ကြီးမှဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယ၀န်ကြီး ဗိုလ်မူးချုပ်ကျော်ဇံမြင့်က နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်ဆောင်လျက်ရှိရာမှာ ယခုအချိန်ကာလက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်၍ ပြည်သူများအနေဖြင့်လည်း နိုင်ငံရေး ၊ စီးပွားရေးနင့် လူမှုရေးဖွံဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကို ဒီမိုကရေကျင့်စဉ်နဲ့အညီ လိုက်နာကျင့်သုံးနိုင်ရေးကို အစပျိုးနေတဲ့အချိန်လည်းဖြစ်ပါသည်ဟု ဆိုသည်။ ဆက်လက်ပြီး၎င်းက နိုင်ငံတော်အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံရေးစနစ်တစ်ခုမှ အခြားနိုင်ငံရေးစနစ်တစ်ခုသို့ ကူးပြောင်းရာမှာ ဘေးပယောဂကင်းကင်းဖြင့် အေးချမ်းတည်ငြိမ်စွာ ကူးပြောင်းနိုင်ရန် ပြည်သူများအနေဖြင့် အဆိုပါစနစ်၏ ကျင့်စဉ်များနဲ့အညီ လိုက်နာဆောင်ရွက်သွားရမှာဖြစ်သောကြောင့် လက်ရှိအချိန်တွင် နိုင်ငံတော်အနေဖြင့် ရာစုနှစ်များစွာ ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီး ဖွံ့ဖြိုးတိုးတက်မှုရှိနေတဲ့နိုင်ငံများနဲ့ နှိုင်းယှဉ်နိုင်လောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ သို့ဖြစ်သည့်အတွက် London မြို့တွင်ရှိသော Hyde Park ကဲ့သို့ ရန်ကုန်မြို့နင့် မန္တလေးမြို့ကြီးများက လူအများ စုဝေးအပန်းဖြေသော ပန်းခြံကဲ့သို့နေရာများတွှု ပြည်သူတစ်ဦးချင်းရဲ့ ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ တင်ပြနိုင်တဲ့ နေရာများကို သီးသန့်သတ်မှတ်ပေးထားပြီး ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ မည်သူမဆို လာရောက်ပြီး ဟောပြောဝေဖန်ဆွေးနွေးနိုင်မည့် အစီအစဉ်ကို ဖန်တီးဖော်ဆောင်ခွင့်ပြုပေးရနှ်မှာ သင့်လျော်မှုမရှိသေးကြောင်း တွေ့ရှိရမည်ဖြစ်သည်ဟုဆိုသည်။ ထို့အပြင်၎င်းက ပြည်သူတစ်ဦး တစ်ယောက်ချင်းအနေဖြင့် ဒီမိုကရေစီစနစ်နဲ့အညီ လိုက်နာဆောင်ရွက်ရာမှာ လိုအပ်ချက်များ ရှိနိုင်သေးတဲ့အတွက် အဆိုပါ လိုအပ်ချက်များမှတဆင့် ဖြစ်ပေါ်လာနိုင်တဲ့ အနှောင့်အယှက်၊ ဘေးပယောဂများမှ ကြိုတင်ကာကွယ်နိုင်ရန်အလို့ဌာ လက်ရှိအခြေအနေမှာ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သတ်မှတ်စည်းကမ်းများနဲ့အညီ မည်သူမဆို လာရောက် ဟောပြောနိုင်မည့် သီးသန့်နေရာ သတ်မှတ်ဖန်တီး ဖော်ဆောင်ပေးရန် အစီအစဉ်မရှိသေးပါဟု ဖြေကြားခဲ့သည်။စိုင်းလမင်း

No comments:

Post a Comment