“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

“အိမ်ထဲမှာ မြွေ ၀င်နေတယ်” (ကိုညို- အော်စလို) ယနေ့ထုတ် တူမောရိုး သတင်းဂျာနယ်မှ..

Photo: “အိမ်ထဲမှာ မြွေ ၀င်နေတယ်” (ကိုညို- အော်စလို) 
ယနေ့ထုတ် တူမောရိုး သတင်းဂျာနယ်မှ..
February 25, 2014 at 10:07am
 
ဒီနေ့ ၂၅ ဖေဖ၀ါရီလမှာ အသစ်ထွက်လာတဲ့ အတွဲ(၁) အမှတ်(၁) တူမောရိုး သတင်းဂျာနယ်ပါဆောင်းပါးလေးပါ..။
 
အယုဒ္ဒ္ဒယ၊ ဘုံဘေနဲ့ ဂေါ်ဒရာ အဓိကရုဏ်းသင်ခန်းစာ
 
အချိန်-၁၉၉၂၊ ဒီဇင်ဘာလ ၆ရက် ညနေ။
နေရာ-အိန္ဒိယနိုင်ငံ၊ အူတာပရာဒါခ်ျပြည်နယ်၊ ဖိုင်ဇာဘတ်မြို့နယ်၊ အယုဒ္ဒယမြို့ ။

         ထောင်နဲ့ချီတဲ့လူထုကြီးဟာ မွတ်စလင်ဆန့်ကျင်ရေး
ကြွေးကြော်သံတွေ ဟစ်အော်ပြီးအေဒီ-၁၆ရာစု(၁၅၂၈ ခုနှစ်) မဂိုအင်ပါယာခေတ်ကတည်းက ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားတဲ့ ဘာဘရီဗလီကျောင်းတော်ရာဝင်းကြီးကို ၀န်းရံထားတယ်။ တုတ်၊ ဓါးနဲ့ ပေါက်ချွန်း၊ ပုဆိန်၊ ရဲဒင်းကိုယ်စီကိုင်ထားတဲ့ဟိန္ဒူအစွန်းရောက် အဖွဲ့တွေက ဗလီကြီးနဲ့ အုတ်နံရံတွေကို စိတ်ရှိလက်ရှိထုထောင်း
ဖြိုဖျက်နေကြတယ်။အယုဒ္ဒယမှာနေထိုင်တဲ့ မွတ်စလင်တွေကလည်း ရရာလက်နက်ကိုင်ဆွဲပြီး ဟိန္ဒူ အစွန်းရောက်တွေကိုတန်ပြန်တိုက်ခိုက် ပါတယ်။ တရံတခါတုန်းက ရာမမင်းဆက်အုပ်စိုးခဲ့ရာ အယုဒ္ဒယမြို့  ရာမရဏ တိုင်းဌာနီမှာ အမုန်းတရားတွေနဲ့ ဘာသာရေးပဋိပက္ခ မီးကြီးအရှိန်တညီးညီးနဲ့တောက်လောင်နေပါတယ်။ 

ဟိန္ဒူမျိုးနွယ်တွေအထွတ်အမြတ်ထားရာ ရာမရဏ ဘုမ္မိ (Ram Janmabhoomi ) ဟိန္ဒူ ဘုရားကျောင်းအဆောက်အဦးနေရာကို မဂိုအင်ပါယာခေတ် နှစ်ပေါင်း၅၀၀ နီးပါး မွတ်စလင်တွေက အပိုင်စီး ခဲ့တာကို သူပိုင်ကိုယ်ပိုင်အငြင်းပွားရာက ဖြစ်ပေါ်လာတဲ့ အယုဓ္ဒယ အရေးတော်ပုံမှာ လူပေါင်း ၂၀၀၀ကျော် သေဆုံးပြီး ရာနဲ့ချီဒဏ်ရာ အနာတရတွေနဲ့ အဆုံးသပ်ခဲ့ရတယ်။

         အယုဒ္ဒယအရေးအခင်းကြီးဟာ အိန္ဒိယနိုင်ငံရဲ့စီးပွားအချက်အချာ ကျရာ ဘုံဘေမြို့(မွန်ဘိုင်းမြို့)ကို ကူးဆက်ခဲ့သလို နှစ်သစ်ကူးလ ၁၉၉၃ ဇန်န၀ါရီအထိ တုတ်တပျက်၊ဓါးတပျက် ဘာသာရေးပဋိပက္ခမီးကြောင့်
 လူပေါင်း ၉၀၀ ၀န်းကျင်သေဆုံးခဲ့ပါတယ်။

         အာဏာရ ကွန်ဂရက်ပါတီကလည်း အဓိကရုဏ်းကြီးကိုအချိန်မှီ မထိမ်းသိမ်းနိုင်ခဲ့ပါဘူး။အတိုက်အခံ လက်ယာစွန်း ဟိန္ဒူ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ BJP ( Bharatiya JanataParty) ကြီးကလည်း RSS (Rashtriya Swayamsevak Sangh)လို့ခေါ်တဲ့ ဟိန္ဒူအမျိုးသား အစွန်းရောက်ဝါဒီတွေအသုံးချပြီးနိုင်ငံရေးအာဏာလုဘို့ နောက်ကွယ်က အားပေးစီမံခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

          အဆိုပါ ဘာသာရေးအကျိတ်အခဲဟာ နောင် ၁၀နှစ်အကြာ (၂၀၀၂ဖေဖ၀ါရီ ၂၃)မှာ အိန္ဒိယ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် က ဂေါ်ဒရာဆိုတဲ့မီးရထားလမ်းဘေးမြို့ငယ်လေးမှာထပ်မံပေါက်ကွဲပြန်တယ်။  အယုဓ္ဒယ မြို့ကနေ ဘုရားဖူးရင်းပြန်လာတဲ့ဟိန္ဒူခရီးသွားတွေ မွတ်စလင် အများစုနေထိုင်ရာ ဂေါ်ဒရာဘူတာအရောက် သူတို့စီးနင်းလိုက်ပါတဲ့ မီးရထားပေါ် ဈေးတက်ရောင်းတဲ့ လူငယ်တဦးကို နောက်ပြောင်ရာက အစပြုပြီး ပဋိပက္ခဖြစ်ခဲ့တာပါ။ဂေါ်ဒရာနယ်သားတွေက ဟိန္ဒူတွေစီးလာတဲ့ မီးရထားတတွဲလုံးကို မီးရှို့လိုက်လို့ လူ၁၀၀ကျော်မီးလောင်သေဆုံး သွားပါတယ်။ 

ကံမကောင်းအကြောင်းမလှစွာပဲကျနော်တို့ အိမ်နီးချင်းနိုင်ငံလို ရုပ်ဆိုးလွန်းတဲ့ဖြစ်ရပ်တခု မနှစ်က မတ်လအတွင်းမြန်မာပြည်အလယ်ပိုင်း စီးပွားအချက်အခြာကျရာ မိထ္ထီလာမြို့မှာမမျော်လင့်ပဲ ဖြစ်ခဲ့တယ်။ဒါ့အပြင် ပဲခူးတိုင်းနဲ့လားရှိုးအထိပျံ့နှံ့ခဲ့လို့  ငြိမ်းချမ်းရေးကိုလိုလားပြီး လူမျိုးခြား ဘာသာခြားတွေနဲ့နှစ်ပေါင်းများစွာ ပဋိပက္ခမရှိ အတူယှဉ်တွဲနေထိုင် ခဲ့တဲ့ မြန်မာပြည်သူတွေ စိတ်နှလုံးမသက်မသာခံစားကြရပါတယ်။
 
 
           နိုင်ငံရေးခြွတ်ခြုံကျမှု
 
အစိုးရတရပ်ရပ်ဖြစ်စေ၊နိုင်ငံရေးပါတီတခုခုကဖြစ်စေ  မိမိတို့ဦးဆောင်တဲ့ နိုင်ငံရေးကို အများပြည်သူက လက်မခံ၊ မယုံကြည်၊မလိုက်ပါလို့ နိုင်ငံရေး ခြွတ်ခြုံကျတဲ့အခါ၊ အောက်လမ်းနည်း၊လူပိန်းကြိုက် လူမျိုးရေး နိုင်ငံရေးပဋိပက္ခတွေ ဖန်တီးတတ်ပါတယ်။ ဒီကနေ့မြန်မာပြည်ကဘာသာရေး၊ လူမျိုးရေး အပေါ် အခြေခံတဲ့ ပဋိပက္ခတွေဟာ ယခင်စစ်အစိုးရ စီမံကိန်းညံ့ဖျင်းမှု အကျိုးဆက်သာ
ဖြစ်တယ်။ရခိုင်ပြည်နယ်ထဲ တဖက်နိုင်ငံက တရားမ၀င်ခိုးဝင်လာမှုတွေကို အဂတိလိုက်စား မထိမ်းချုပ်တွေကအစပြုပြီးပေါ်လာတာပါ။ လက်ရှိအာဏာရအစိုးရရဲ့ ရှင်းလင်းပြတ်သားမှုမရှိတဲ့ မူဝါဒနဲ့ ညံ့ဖျင်းတဲ့ ကိုင်တွယ်စီမံမှု၊ဌာနေရခိုင်အမျိုးသားတွေရဲ့ အစွန်းရောက် အမျိုးသားစိတ်ဓာတ် နဲ့ ရိုဟင်ဂျာအမည်ခံ မွတ်စလင်တွေရဲ့ပုံကြီးချဲ့မှုတွေ ဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုညှိုးငယ်စေခဲ့တယ်။ ဗုဒသာသနာအပေါ် အထင်အမြင်လွှဲမှာမှုတွေဖြစ်စေတယ်၊ငြိမ်းချမ်းရေးကို ချစ်တဲ့ပြည်သူ တရပ်လုံးကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်။ 

 
တဖက်ကလည်း ယခင်အာဏာရှင်စရိုက်လက္ခဏာပါ။ အစိုးရလူဟောင်းတွေ၊ စနစ်အပြောင်းအလဲကို မလိုလားသူ၊ မိမိတို့ရှိမြဲ စည်းစိမ်၊ သြဇာအာဏာမပျက် ပိုနေမြဲ ကျားနေမြဲနေလိုသူတွေရဲ့
နောက်ကွယ်က အားပေးမြှောက်ပင့်မှု တွေလို့ ပြည်သူအများက ယုံကြည်နေပါတယ်။ သမတဦးသိန်းစိန်ရဲ့သက်တမ်း၃နှစ်အတွင်း မပြောင်းမလဲ၊ ပိုမိုဆိုးရွားစေတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအပေါ် နေရာမပေး၊ လမ်းမဖွင့်လိုတဲ့ အကြောင်း ဓာတ်ခံတွေက မြန်မာ့နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုတွေကိုပိတ်ဆို့လာပါတယ်။ အသစ်ပြောင်းပြီး၊ ခေတ်ကောင်းတော့မယ်ဆိုတဲ့ပြည်သူတွေရဲ့ မျော်လင့်ချက်ကိုလူဟောင်း၊ စိတ်ဓာတ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေက ဟန့်တားနေပါတယ်။ နောက်တော့ ၂၀၁၁-၁၂နဲ့ ၂၀၁၃ တလျှောက်လုံး အစိုးရအပေါ် မျော်လင့်ချက် နဲ့ အားပေးခဲ့တဲ့ ပြည်သူတွေ ခြေကုန် လက်ပမ်းကျပြီးအယုံအကြည်ပျက်လာပါတယ်။ ပြည်သူအများစုထောက်ခံမှုမရတဲ့အထိ   နိုင်ငံရေးဟာ ခြွတ်ခြုံကျလာပါတယ်။ များမကြာမီဲ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးမီး အရှိန်တောက် လာ ပါတော့တယ်။

 
အစွန်းရောက် အမျိုးသားရေးသမားတွေ
 
တိုင်းပြည်ရဲ့ နိုင်ငံရေးခြွတ်ခြုံကျပြီဆိုရင် အစွန်းရောက်အမျိုးသားရေးနဲ့ အစွန်းရောက်ဘာသာရေး လူမျိုးရေး တွေ ခေါင်းထောင်လာပါတယ်။ ၁၉၈၈အရေးတော်ပုံမတိုင်မီ  ဦးနေ၀င်းဦးဆောင်တဲ့ မဆလပါတီကို လူထုကမယုံကြည်တော့တဲ့အခါ ပြည်၊ ရွှေတောင်၊ ပဲခူး၊ တောင်ကြီး နယ်တွေမှာဗုဒဘာသာနဲ့မွတ်စလင်အဓိကရုဏ်းတွေပေါ်လာတဲ့ သာဓကတွေရှိခဲ့တယ်။ အမျိုးသားရေး၊ ဘာသာရေး၊လူမျိုးရေးဆိုတာ ထိလွယ် ရှလွယ်ပြီး အခြေခံလူတန်းစားတွေကိုလွယ်ကူစွာ စည်းရုံးနိုင်တာမို့မသိလိုက် မသိဖာသာနဲ့ အမှားကျူးလွန်တတ်တယ်။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ခ်ျအိုဝဲလ်က အမျိုးသားရေး အစွန်းရောက်ဝါဒဟာငြိမ်းချမ်းရေးရဲ့ ရန်သူဖြစ်တယ်လို့ပြောခဲ့သလို မိမိလူမျိုး၊ မိမိဘာသာတခုတည်းကွက်ကြည့်တဲ့အခါဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ မင်းမဲ့စရိုက်၊ အကြမ်းဖက်စိတ်ဓာတ်တွေပေါ်ထွန်းလာပါတယ်။ အစွန်းရောက်အမျိုးသားစိတ်နဲ့မျိုးချစ်စိတ်ဓာတ် တို့ဟာ ခြားနားကွဲပြား ပါတယ်။ ဟစ်တလာဟာ ဂျာမန်လူမျိုးအများစုရဲ့ နွမ်းပါးမှုကိုမြင်တဲ့အခါ ဂျူးလူမျိုးတွေရဲ့ကြွယ်ဝမှုကို မရှုစိမ့်ဖြစ်လာပါတယ်။ ဂုဏ်သိက္ခာရှိပြီး တရားမျှတတဲ့နည်းလမ်းတွေနဲ့ မစည်းရုံးပဲ ဂျာမဏီသွေး သန့်စင်ရေး ဆိုတဲ့အတွေးအခေါ်ကိုသွပ်သွင်းပြီးဂျူးသန်းပေါင်းများစွာကို သုတ်သင်ခဲ့လို့ ဒီကနေ့ဂျာမန်မျိုးဆက်တွေအထိ မိမိတို့ သမိုင်းရဲ့ခါးသီးမှုအပေါ်ဖြေသိမ့်တဲ့ လှုပ်ရှားမှုတွေ လုပ်နေရပါတယ်။ 

 
အစွန်းထွက်အမျိုးသားရေးစိတ်ဓာတ်ဟာ မိမိလူမျိုးမှမိမိ၊ မိမိတိုင်းပြည်မှ မိမိဆိုတဲ့ တခြားလူမျိုးနဲ့ တိုင်းပြည်အပေါ်အထင်အမြင်သေးတဲ့ ကျွဲခြေရာခွက်ထဲက ဖားငယ်အတွေးမျိုးနဲ့တူပါတယ်။ တန်ပြန်အကျိုးရလဒ်က ကမ္ဘာကြီးရဲ့ အထင်အမြင်သေးမှု၊နှိမ့်ချတဲ့ ဆက်ဆံမှုကိုရင်ဆိုင်ရတာပါ။ တကယ့်တိုင်းချစ်ပြည်ချစ်၊ မျိုးချစ် စိတ်ဓာတ်(Patriotism) ဆိုတာ မိမိရဲ့ ကောင်းသောစိတ်စေတနာနဲ့ ချစ်ခြင်းမေတ္တာအပေါ်အခြေခံပြီး မိမိတိုင်းပြည်နဲ့ပြည်သူတွေအားလုံးကို မျှမျှတတကြီးပွားစေလိုစိတ်၊ တခြားတိုင်းပြည်တွေလို ကြီးပွားတိုးတက် လိုစိတ်၊ရွက်ဆောင်လိုစိတ်သာဖြစ်တယ်။ မျက်ကန်းမျိုးချစ်စိတ်လိုမဟုတ်ဘဲ အယုတ် အလတ် အမြတ်မရွေး လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံသားတိုင်း အပေါ် ခွဲခြားမှုမရှိ၊ တန်ဘိုးထား
 လေးစားပြီး၊မျှမျှတတ စိတ်ထားတတ်မှုအပေါ် အခြေခံတဲ့စိတ် သာဖြစ်တယ်။တနည်းပြောရရင် အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ်က တက်ကြွတဲ့မာန်မာနမင်းမူပြီး အသာစီးရမှု ကိုဦးတည်ပါတယ်။ မျိုးချစ်စိတ်ဓာတ်ကတော့ တရားမျှတမှုနဲ့တန်းတူရည်တူစိတ်ဓာတ်အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်ဖြစ်တယ်။

 
ခွဲခြားဆက်ဆံမှုနဲ့ အစွန်းရောက်ဘာသာရေး
 
ဗုဒ္ဓဟာ သူ့ခေတ်က အရှိန်ကြီးတဲ့ ဇာတ်ခွဲခြားမှုစနစ်နဲ့ အစွန်းရောက် ၀ါဒကိုဖယ်ရှားခဲ့သူဖြစ်တယ်။ မင်းမျိုးမင်းနွယ် သာကီဝင်ဇာတ်မြင့် ဘ၀ကနေ မျိုးနွယ်စွဲ၊ ဘာသာစွဲ၊ လူသားချင်းအတူတူ အယုတ်အလတ် အမြတ်မခွဲဘဲ လောကသံသရာဝဋ်ဆင်းရဲမှုရဲ့ လွတ်မြောက်ရာလမ်း ကို ဟောဆောင် လမ်းညွှန်ခဲ့တယ်။ဒါပေမယ့် ဒီကနေ့ ထေရ၀ါဒ ဗုဒဘာသာဝင်ပါလို့ အမည်ခံနေတဲ့ ရဟန်းပုဂိုလ်၊ လူပုဂိုလ်အချို့ဟာ အယူလွဲတွေဝင်ပြီး ခွဲခြားဆက်ဆံမှုတွေပြုနေတယ်။ ဘုရားဟော တရားတော်အတိုင်းမကျင့်ဘဲ လူအချင်းချင်းမုန်းမာန်ပွားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ မောက်မာခက်ထန်မှုတွေ ပြုနေကြတာဟာ မြန်မာပြည်ဗုဒသာသနာအတွက် သာမက တခြားတိုင်းပြည်နဲ့ဘာသာခြားတွေ ကြားမှာပါ ဂုဏ်ကျက်သရေသေးနှုတ်စေပြီး ရှက်ဖွယ်ဖြစ်စေပါတယ်။ ဘယ်ဘာသာမှ လူအချင်းချင်းခွဲခြားဆက်ဆံဘို့၊ နှိပ်စက်အနိုင်ကျင့်ဘို့ မညွှန်ပြခဲ့ဘူး။ သိက္ခာသမာဓိနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ရဟန်းအများစု ကတော့ နောက်ကွယ်က မြှောက်ထိုးပင့်ကော်ပေးမှုတွေလို့ မြင်ကြတယ်။ အတိုက်အခံဒီမိုကရေစီအဖွဲ့အစည်းတွေခေါင်းဆောင်တွေကပဲ အမျိုးသားရေးအမြင်မရှိဘဲ လူ့အခွင့်အရေးအကြောင်းပြပြီး ဘာသာခြားတွေကိုအခွင့်အရေးပေးနေသယောင် ၀ါဒဖြန့်နေပါတယ်။ ယခင်စစ်အစိုးရစိတ်ကြိုက် အကျိုးစီးပွားကို ပုံဖော်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြည်သူအများက မလိုလားတာကို အကြောင်းပြုပြီး အစွန်းရောက် အမျိုးသားရေးစိတ်နဲ့ ဘာသာရေးမှိုင်းတိုက်လာပါတယ်။

တကယ်တော့ အာဏာရှင်အစိုးရခေတ်တွေကရော၊ အရပ်သား ယူနီဖောင်းချွတ်လက်ရှိအစိုးရဟာထူးထူးခြားခြားဘာမှမကွာသလိုစစ်တပ်ကို ကျောရိုးပြုထားတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။ မြန်မာပြည်မှာ အားကောင်းမောင်းသန်ဖြစ်ပြီး၊စနစ်တကျ အဆင့်ဆင့်အမိန့်သြဇာနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း ဆိုလို့ စစ်တပ်နဲ့ သံဃာ့ အဖွဲ့အစည်းပဲရှိပါတယ်။ ၁၉၈၈နဲ့ ၂၀၀၇ ကာလတွေက သံဃာတော်နဲ့
 ပြည်သူတွေရဲ့အားကို အာဏာရအစိုးရက စိုးရိမ်မှုရှိပါတယ်။ ဦးနေ၀င်းလက်ထက်ကတည်းက နိုင်ငံရေးအရ သံဃာ့အဖွဲ့အစည်းကို ကြိုးကိုင်နိုင်အောင် ဆရာတော်ကြီးတချို့ကိုအသုံးချပြီး သံဃာထုတရပ်လုံးရဲ့ ဆန္ဒမပါတဲ့ သံဃာ့မဟာနာယက အဖွဲ့ကို ဖွဲ့စည်းပြီး ထိမ်းချုပ်ခဲ့ပါတယ်။သံဃာ့မဟာနာယက အဖွဲ့ကို အသုံးခဲ့ရာမှာ.. ဗိုလ်ချုပ်မှုးကြီးစောမောင်ခေတ်ကလည်း မန္တလေးသံဃာတော်ထုရဲ့ ကံဆောင်သပိတ်ကိုတုန်လှုတ်ပြီး ဓမ္မစက်ကို အာဏာစက်နဲ့ဖြိုခွင်းမယ်လို့ အမိန့်ထုတ်ပြီးသံဃာ့ဥသျှောင်တွေကို ဖမ်းဆီးလူဝတ်လဲ အကျဉ်းချခဲ့ပါတယ်။ 

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကိုလည်းဗိုလ်ချုပ်မှုးကြီးသန်းရွှေအစိုးရကတုန်လှုတ်ခဲ့ပြီး နိုင်ငံတကာ ပြည်သူတွေ မေတ္တာရပ် တားမြစ်တဲ့ကြားက ရက်ရက်စက်စက်ဖြိုခွဲခဲ့ပါတယ်။ ရဟန်းအများကို လူဝတ်လဲ၊ ထောင်ချ၊ တချို့ ရဲဘက်အကျဉ်းစခန်းပို့ခဲ့သလိုရဟန်းအများအပြား ပြည်ပ တိုင်းနိုင်ငံအသီးသီး ထွက်ခွါခဲ့ရပါတယ်။ 

 မြန်မာနိုင်ငံမှာဗုဒ္ဒသာသနာကို ပုဂံခေတ် ၁၁ရာစု ကတည်းက ရောက်လာ ခဲ့ပေမယ့် ပဒေသရာဇ်ခေတ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ကုန်းဘောင်ခေတ် အဆက်ဆက်နဲ့ လွတ်လပ်ရေးရပြီးကာလမှာပါ တောင်ပေါ်မြေပြန့်မကျန် သာသနာပြုမကျယ်ကျယ်ပြန့်ပြန့်မလုပ်ခဲ့ပါ။ အနှစ်၅၀ကျော်  အာဏာရှင်ခေတ်တလျှောက်လုံးမှာလည်းဗုဒသာသနာကျယ်ပြန့်စေဘို့ စာတတ်ပေတတ်ရဟန်းတွေနဲ့ ပြည်ပသာသနာပြုမှု တွေ အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါ။အိန္ဒိယနိုင်ငံဗုဒဂါယာအပါအ၀င်သံဝေဇနိယ ငါးဌာန မှာလည်း ထေရ၀ါဒသာသနာကျယ်ပြန့်ဖို့ အားပေးဆောင်ရွက်နိုင်မှု လည်းမရှိခဲ့ပါ။ ထေရ၀ါဒ ဗုဒဘာသာတွေလို့ ပြည်တွင်းထဲသာဝင့်ကြွားနေပြီး
 မြန်မာအစိုးရအဆက်ဆက်ဟာတိဘက်လူမျိုးတွေနဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားတို့ရဲ့ မဟာယာန ဗုဒသာသနာထက် ကျော်လွန်တဲ့ သာသနာပြန့်ပွားမှုကို ထိရောက်အောင်မစွမ်းဆောင်ခဲ့ပါဘူး။ စစ်မှန်တဲ့ ဗုဒသာသနာပြန့်ပွားမှု၊သာသနာပြုမှုထက် သာသနာအပေါ် မှီပြီး နိုင်ငံရေးအမြတ်ထုတ်မှုသာ လုပ်ခဲ့တာကို အာရှနိုင်ငံတွေကထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံတွေနဲ့ နိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။

စိုးရိမ်စရာတခုက ဒီကနေ့ အသွင်ကူးပြောင်းစ နိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး မွတ်စလင်တွေ ဟောပြောပွဲစင်တွေပေါ်မတက်ရ၊ မွတ်စလင်စားသောက်ဆိုင်မစားသောက်ရ၊မွတ်စလင်စီးပွားရေး အားမပေးကြနဲ့လို့ လှို့ဆော်နေရာကနေ နောက်တချိန် ခရစ်ယာန် ဘာသာဝင်တွေအပေါ်ရောဒီလိုလုပ်ရပ်မျိုးတွေမလုပ်နိုင်ဘူးလို့ တပ်အပ်သေချာပြောနိုင်ပါ့မလား။ အမှန်တော့ ဒီကနေ့တိုင်းပြည်မှာ
ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုတွေဟာ တိုင်းရင်းသား လူမျိုးနွယ်စုတွေနဲ့ သူတို့ကိုးကွယ်ယုံကြည်မှုတွေကိုပါခြိမ်းခြောက်နေတယ် ဆိုတာလည်း သတိမှုသင့်ပါတယ်။
 
ဘုရားမသိ၊ သီလမရှိက အကြံအစည်အထမမြောက်
 
သီလသမာဓိရှိသူတွေဟာဘုန်းတန်ခိုးသြဇာရှိပြီး အများရဲ့ချစ်ခင်
လေးစားမှုကိုခံရတတ်ပါတယ်။ သူတို့လက်နဲ့ထိတို့ဆုတောင်းမေတ္တာပို့ရုံနဲ့ရောဂါဝေဒနာသက်သာပျောက်ကင်းကြတာကိုလည်း ကိုယ်တိုင်တွေ့ကြုံမြင်ဖူးပါတယ်။ ကျနော်တို့နိုင်ငံမှာလူတိုင်း ကျင့်ဝတ်တရားအဖြစ်လက်ကိုင်ထားရမဲ့ ၅ပါးသီလလို အခြေခံတရားကိုတောင် ဘုန်းကြီးကျောင်းသွားပြီးမှသီလယူ ဥပုဒ်စောင့်ရတဲ့ဘ၀ရောက်နေပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဥရောပတိုက်မှာ ငါးပါးသီလကိုခလေးဘ၀ နေ့ကလေးထိမ်းကျောင်း ကတည်းက ဆုံးမပြီး စောင့်ထိမ်းရမဲ့ ဥပဒေသအဖြစ်ပြဌာန်းထားတာ
ဖြစ်ပါတယ်။နော်ဝေးနိုင်ငံက ခလေးတွေဟာ မလိမ်မညာတတ်ဘဲ ၀န်ခံတတ်ပါတယ်။ လူငယ်တွေဟာ ဘုရားကျောင်းမတက်ပေမယ့်တရားရှိ၊ တရားသိကြပါတယ်။ အုပ်ချုပ်သူတွေဟာ ကိုယ်ကျင့်သီလလုံကြတယ်။ အခြေခံကျင့်ဝတ်ဖြစ်တဲ့သီလ ငါးပါးကို ဖောက်ဖျက်တာမျိုးကြားရခဲပါတယ်။

 မြန်မာ ပဒေသရာဇ်ခေတ် ရှင်ဘုရင်တွေ လည်း အနိမ့်ဆုံးအဆင့် ၅ပါးသီလကနေ ၉ပါးသီလအထိစောင့်ထိမ်းတတ်ကြောင်းလည်း မှတ်သားဖူးပါတယ်။ သီလ၊သမာဓိရှိသူစစ်သူကြီးတွေမှ ရန်သူကို
 အောင်နိုင်သလို၊ ဗြဟ္မာ၊နတ်ဒေ၀ါ သူတော်ကောင်းတွေ ကောင်းချည်းပေး၊ ကာကွယ်စောင့်ရှောက်တယ်လို့ အယူအစွဲရှိတာကြောင့် သီလ သမာဓိရှိသူဗိုလ်မင်းတွေရဲ့ နောက်တော်သာရဲမက်၊နောက်လိုက် ဗိုလ်ပါတွေက လိုက်တတ်ကြောင်းမှတ်သားဖူးပါတယ်။ 

ဒီကနေ့ တိုင်းပြည်ကို အုပ်ချုပ်နေသူတွေသာမက ဒီမိုကရေစီအရေး ကျိုးပမ်း ရွက်ဆောင်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေကရော ဘယ်လောက်များ
 ကိုယ်ကျင့် သိက္ခာတွေ တည်ကြည်ပြီးသီလလုံကြပါသလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ သီလမမြဲသူတွေရဲ့ အုပ်ချုပ်မှု၊ ဥပဒေပြုမှု ၊ငြိမ်းချမ်းရေးတည်ဆောက်မှု၊ လူ့အခွင့်အရေးပညာပေးမှုတွေက ဘယ်လောက်များတိုးတက်အောင်မြင်နိုင်မလဲဆိုတာ စဉ်းစားစရာတွေပါ။ တိုက်ခိုက်အနိုင်ယူ၊ ခိုးဝှက် မတရားစီးပွားရှာ သူတွေရဲ့ အုပ်ချုပ်မှုဟာ တည်ငြိမ်ပြီး အောင်မြင်နိုင်ပါ့မလား၊ သေရည်သေရက်ကို နှစ်သက်ပြီး သူများသားမယားပြစ်မှားသူတွေကငြိမ်းချမ်းရေးဖော်ဆောင်တဲ့အလုပ်ကိုထိရောက်အောင်လုပ်နိုင်မလား ဆိုတာပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ 

ဒီကနေ့မြန်မာ့နိုင်ငံရေး လောကမှာ စိတ်စေတနာသန့်သန့်နဲ့ အနစ်နာခံ လုပ်နေသူတွေရှိသလိုကိုယ်ထက်သာမနာလိုမှု၊ နေရာမပေးလိုမှု၊ မိမိနေရာမြဲရေး၊ ရာထူးရရေး၊ ဥစ္စာစုဆောင်းရေး၊ လူသိရှင်ကြားနဲ့ နာမည်ကြီးပြီး သြဇာရှိရေး စတဲ့အရာရာအကြောင်းကြောင်းနဲ့ လောဘ၊
 မောဟ၊ အတ္တတွေ ရှိနေရင်မိမိကိုယ်တိုင်မငြိမ်းချမ်းရုံမက မိမိအကြံအစည် လည်း အထမြောက်မှာ မဟုတ်ပါ။ သမာဓိပျက်ပြီးသြဇာမရှိလို့ ရေရှည်မှာ အောင်မြင်မှုရှိအောင်ထိမ်းနိုင်ဖို့လည်းမလွယ်ကူပါ။ ပြီးတော့တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်သယံဇာတတွေ ဘယ်လောက်ပဲကြွယ်ဝနေပါစေ မင်းကျင့်တရားနဲ့မညီတဲ့အစိုးရ၊ သီလသမာဓိ မရှိတဲ့ ခေါင်းဆောင်တွေလက်ထက်မှာ ပြည်သူတွေ အပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး။ဒီနေ့တိုင်းပြည်ရဲ့ အထွေထွေအကြပ်အတည်းအားလုံးဟာ သီလသမာဓိပျက်ယွင်းပြီး၊ ကိုယ်ချင်းစာ၊ညှာတာမှုတရား၊ ချစ်ခြင်းမေတ္တာနဲ့ ဗြဟ္မစိုရ်တရား ကင်းဝေးနေမှုကလည်း အခြေခံနေတာကို သတိပြုမိစေလိုပါတယ်။ 

အိန္ဒိယနိုင်ငံအမျိုးသားခေါင်းဆောင်ကြီးမဟတ္တမ ဂန္ဒီကြီးက.. “မိမိကိုယ်တိုင်သီလသမာဓိဆောက်တည်ပြီး မေတ္တာတရားရဲ့ငြိမ်းအေးမှုကိုခံစားသိရှိနိုင်မှ ကောင်းမွန်တိုးတက်တဲ့ လူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်မှာဖြစ်တယ်” လို့မိန့်မှာခဲ့ဖူးပါတယ်။

 
          အကြောက်တရားနဲ့ သံသယ
 
အနှစ်၅၀ကျော်အာဏာရှင်စနစ်ထဲက မြန်မာပြည်သူတွေ ရလိုက်တဲ့ အမွေတခုကတော့ သံသယနဲ့ အကြောက်တရားပဲဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ စနစ်တခုကို နှစ်ကာလများစွာ ကျင့်သုံးရာက ရလာတဲ့ ဘိုးဘွားပိုင်အမွေလို့ပဲရိသဲ့သဲ့ဆိုရမယ်ထင်ပါတယ်။ အာဏာရှင်တွေကိုတိုင်လည်း အဲဒီအမွေဆိုင်နှစ်ခုကို သိမ်းဆည်းထား ပါတယ်။ယူလည်းယူ၊ ပေးလည်းပေးခဲ့သူပါ။ သံသယနဲ့ အကြောက်တရားတွေ မျိုးစေ့ချပေးတဲ့  အဲဒီစနစ်ဆိုးကနေ မယုံကြည်မှု၊ အထင်ကြီးမှု၊ အထင်သေးမှု၊အားကိုးရှာမှု၊ မနာလိုမှု၊ အသာစီးရလိုမှု၊ ရန်လိုမှု၊ လုံခြုံစိတ်ချလိုမှု၊ အမြီးကျက်အမြီးစား၊ခေါင်းကျက်ခေါင်းစား စိတ် တွေနဲ့တခြားအကြောင်းများစွာဖြစ်ပေါ်လာပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းတခုလုံးအစည်းပြေခဲ့ရတယ်။ အတိုက်အခံနဲ့ အစိုးရထဲသာမက မြန်မာတွေနဲ့ဖွဲ့စည်းထားတဲ့ လူမှုဆက်ဆံရေး နယ်ပယ်တိုင်းမှာ မညီမညွတ်မှု၊ မလိုမုန်းထားမှု၊ ကိုယ်ကျင့်တရား ယိုယွင်းမှုတွေမြင်ရကြားရပါတယ်။အုပ်ချုပ်ရေးနယ်ပယ်မှာလည်း အကြောက်တရားနဲ့သံသယတွေကြီးစိုးသလို အဲဒီ အကြောက်တရားနဲ့ သံသယကလည်းမိမိတို့သြဇာတည်မြဲရေးဗျူဟာလက်နက်တစ်ပါးဖြစ်နေပါတယ်။ ဒီလိုနည်းပရိယာယ်နဲ့ပဲ အုပ်ချုပ်လာပါတယ်။ဒီကနေ့အထိ ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ်အသွင်မဆောင်ပဲ သံသယကြီးစိုးတဲ့ လူ့အဖွဲ့အစည်းထဲမှာအကြောက်တရားကို တံခွန်ထူထားပါတယ်။

 
လူ့အဖွဲ့အစည်းရဲ့ မဆုတ်ယုတ်ကြောင်းတရား(၇)ပါး

 
ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ဆရာကြီးပါရဂူရဲ့ (ဝေသာလီလို့ထင်ပါတယ်) ၀တ္တုထဲက အခန်းတခန်းကို ဒီကနေ့ထိစွဲစွဲမြဲမြဲမှတ်မိနေပါတယ်။ မာဂဓပြည်ကိုအုပ်စိုးတဲ့အဇာတသတ်ဟာ အများဆန္ဒ၊ ဃန အုပ်ချုပ်မှု စနစ်( ဒီမိုကရေစီ) နဲ့အုပ်ချုပ်လို့ငြိမ်းချမ်းပြီး ညီညွတ်တဲ့ ဝေသာလီပြည်ကို မိမိသြဇာထိပါးမှာစိုးရိမ်တယ်။ ဒါကြောင့် ဝေသာလီပြည်ကိုအနိုင်ရလိုတယ်။ ဒါပေမယ့် ဝေသာလီရဲ့ ညီညွတ်မှုကို (ဘုရားရှင်ကိုယ်တိုင်က ချီးကျူးနေတာမို့)မလွန်ဆန်နိုင်ဘူး။ ဒီတော့ သူ့ရဲ့ ပညာရှိအမတ် ၀ဿကာရ ကိုအကြံတောင်းတယ်။ ၀ဿကာရ အမတ်ကြီးကလည်းမကြံတတ်တော့ ဗုဒ္ဒဘုရားရှင်ဆီ သွားတယ်။ ပြီးတော့ ဝေသာလီပြည်သားတွေ ညီညွတ်ရတဲ့ အကြောင်း ကိုလျှောက်ထားမေးမြန်းတယ်။ ဗုဒ္ဒဘုရားရှင်က ၀ဿကာရဟာ သူ့ဆီ ကောင်းသောအကြံနဲ့လာတာမဟုတ်မှန်းရိပ်စားမိပေမယ့်တရားမှန်ကိုလျှောက်ထားတာမို့ အပရိဟာနိယတရား(၇)ပါးကိုဟောပြခဲ့တယ်။

 ခေတ်စကားနဲ့ အနှစ်ချုပ်ပြောရမယ်ဆို- ၁။ အမြဲမပြတ်စည်းဝေး တိုင်ပင်ခြင်း၊ ၂။ အလုပ်ကိုညီညီညာညာလုပ်ခြင်း၊ ၃။ မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊ ၄။ ကြီးသူကိုရိုသေလေးစားခြင်း၊ ၅။ အမျိုးသမီးများကို မစော်ကားခြင်း၊ ၆။ ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊ ၇။ ပညာရှင်၊ သူတော်ကောင်းများကိုဖိတ်ခေါ်ခြင်းနှင့် နိုင်ငံတွင်းရှိပညာရှိ သူတော်ကောင်းများကို ပျော်ရွှင်အောင်ထားခြင်း တို့ဖြစ်ပါတယ်။ ဒီတရားတွေနဲ့ပြည့်စုံလို့ဝေသာလီညီညွတ်လှပနေတယ်ပေါ့..။ 

ဝဿကာရအမတ်ကြီးလည်း ကျေနပ်စွာပြန်သွားတယ်။ သူက ကောက်ကျစ်တဲ့ အမတ်ပီပီ ဘုရားဟောကြားချက် ဖြစ်တဲ့
 ဗြောင်းပြန်လှန်ပြီး မဆုတ်ယုတ်ခြင်းတရားကနေ ဆုတ်ယုတ်မှုတရား အဖြစ်နည်းဗျူဟာထုတ်ပြီးဝေသာလီပြည်သူတွေ သွေးကွဲအောင်ကြံစည်ခဲ့တယ်။ 

မှတ်မိသလောက် ပထမဆုံးအချက်နဲ့ ဒုတိယအချက်ဖြစ်တဲ့ အမြဲမပြတ် တိုင်ပင်စည်းဝေးခြင်း( ဒိုင်ယာလော့ခ် ခေါ် တွေ့ဆုံဆွေးနွေး အဖြေရှာမှု)နဲ့ ၂ အချက်ဖြစ်တဲ့အလုပ်ကိုညီညီညာညာလုပ်ခြင်း ဆိုတဲ့အချက် ၂ချက်ကို အထမမြောက်အောင် အားထုတ်ပေးလိုက်တာပဲဖြစ်တယ်။ တနည်းပြောရရင် ၁။ ဒိုင်ယာလော့ခ်ကိုငြင်းပယ်စေပြီး၊၂။ အစုအစည်းတွေတကွဲတပြားဖြစ်အောင်လုပ်လိုက်တာပါ။
 
အိမ်ထဲမှာ မြွေဝင်သွားပြီ
 
ဝဿကာရအမတ်က မာဂဓသား တပ်စုတစ်စုကို ဝေသာလီကို လွှတ်လိုက်တယ်၊ 
တယောက်က အရူးပုံစံနဲ့  ညနေမိုးချုပ်တိုင်း ဝေသာလီမြို့လည်လမ်းမှာ
 “ အိမ်ထဲကိုမြွေဝင်နေတယ်၊ အိမ်ထဲကို မြွေဝင်နေတယ်” လို့ဟစ်တယ်။ ဝေသာလီသားတွေက အရူးတယောက်လို့မြင်ပြီး အစပိုင်းတော့ အမှတ်တမဲ့ပဲ။  တချိန်တည်းမှာပဲတခါမှာမဖြစ်ဘူးတဲ့ ရန်ပွဲတွေ၊ လုယက်မှုတွေကို တခြားမာဂဓသား သူလျှိုတပ်သားတွေက တနေရာစီမှာဖန်တီးတယ် ။
နောက်နေ့တွေမှာ သူရူးက စကားလုံးနည်းနည်း ပြောင်းအော်တယ်၊
 “ အိမ်ထဲကို မြွေဝင်သွားပြီ၊အိမ်ထဲကို မြွေဝင်သွားပြီ” 

လူတော်တော်များက တိုက်ဆိုင်မှုလို့မထင်တော့ဘူး။ အခုတလော လုယက်မှုတွေဖြစ်နေတာ၊အရက်ဆိုင်က ရန်ပွဲတွေ၊ လူသတ်မှု သတင်းတွေက အရင်တကြိမ်တခါမှမကြားဖူးတာတွေချည်းပဲ။ 
“ မြွေဝင်သွားပြီသတိထားကြ၊ မြွေဝင်သွားပြီ၊ သတိထားကြ။” 

သူရူးရဲ့အတိတ်စိမ်းတွေဟာဝေသာလီပြည်သူတွေအတွက်မကောင်းဆိုးဝါးအသံလိုဖြစ်လာတယ်။မကြာမီရက်ပိုင်းမှာ သူရူးအသံ မကြားရတော့သလို၊ လူလည်း ပျောက်ခြင်းမလှပျောက်သွားတယ်။ဝေသာလီပြည်သူတွေလည်း စိတ်ဝမ်းတွေကွဲကုန်တယ်၊ ခရီးသွားရလည်း မလုံခြုံတော့ဘူး၊တယောက်နဲ့ တယောက်လည်း မယုံတော့ဘူး။  လူသတ်မှုတွေခနခန၊ အုပ်စုလိုက် တိုက်ခိုက် သတ်ဖြတ်မှုတွေ မကြာမကြာ။ လူတချို့ဝေးရာကို ပြောင်းရွှေ့ကုန်တယ်။ အရင်က အစဉ်အလာရှိပြီး စည်းလုံး ခိုင်မာတဲ့ဝေသာလီလည်းပျက်တော့တာပဲ။

           ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ  ရှုတ်ထွေးပွေလီပြီး ဥာဏ်နီဥာဏ်နက်တွေ လှို့ဝှက်နက်နဲမှုတွေနဲ့ပြည့်နှက်နေတဲ့မရိုးမသား လှုပ်ရှားမှုတွေ တွေ့နေရတယ်။ သံသယတွေ၊ အကြောက်တရားတွေနဲ့
 ဘေးထွက်ဆိုးကျိုး အမြောက်အများတောထနေတယ်။ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ စိတ်ကောင်းစေတနာကောင်းထား လုပ်ချင်သူ၊ လုပ်လိုသူတွေအများအပြားရှိပေမယ့် အဟန့်အတားအနှောက်အယှက်
တွေကြုံနေရတယ်။ အိမ်နီးချင်း အာရှနိုင်ငံတွေကြုံတွေ့ကျော်လွှားနိုင်ခဲ့ပြီး
 ပြဿနာအမြောက်အမြားမြန်မာပြည်မှာကြွင်းကျန်ဆဲ၊ မဖြေရှင်းဘဲ ကျန်ရှိဆဲပါ။ အရာရာနောက်ကျနေတဲ့ နိုင်ငံမှာ စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုနောက်ကျခြင်းဟာ အနောက်ကျဆုံးနောက်ကျ ကျန်ခဲ့မှုသာဖြစ်ပါတယ်။

 
ကိုညို( အော်စလို)

ဒီနေ့ ၂၅ ဖေဖ၀ါရီလမှာ အသစ်ထွက်လာတဲ့ အတွဲ(၁) အမှတ်(၁) တူမောရိုး သတင်းဂျာနယ်ပါဆောင်းပါးလေးပါ..။အယုဒ္ဒ္ဒယ၊ ဘုံဘေနဲ့ ဂေါ်ဒရာ အဓိကရုဏ်းသင်ခန်းစာ
အချိန်-၁၉၉၂၊ ဒီဇင်ဘာလ ၆ရက် ညနေ။
နေရာ-အိန္ဒိယနိုင်ငံ၊ အူတာပရာဒါခ်ျပြည်နယ်၊ဖိုင်ဇာဘတ်မြို့နယ်၊ အယုဒ္ဒယမြို့ ။
ထောင်နဲ့ချီတဲ့လူထုကြီးဟာ မွတ်စလင်ဆန့်ကျင်ရေး
ကြွေးကြော်သံတွေ ဟစ်အော်ပြီးအေဒီ-၁၆ရာစု(၁၅၂၈ ခုနှစ်) မဂိုအင်ပါယာခေတ်ကတည်းက ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားတဲ့ ဘာဘရီဗလီကျောင်းတော်ရာဝင်းကြီးကို ၀န်းရံထားတယ်။ တုတ်၊ ဓါးနဲ့ ပေါက်ချွန်း၊ ပုဆိန်၊ ရဲဒင်းကိုယ်စီကိုင်ထားတဲ့ဟိန္ဒူအစွန်းရောက် အဖွဲ့တွေက ဗလီကြီးနဲ့ အုတ်နံရံတွေကို စိတ်ရှိလက်ရှိထုထောင်း

တရုတ်နှင့် အိန္ဒိယတို့ မြန်မာနိုင်ငံထဲမှာ အတူယှဉ်တွဲရှိနေနိုင်မလား

Photo: တရုတ်နှင့် အိန္ဒိယတို့ မြန်မာနိုင်ငံထဲမှာ အတူယှဉ်တွဲရှိနေနိုင်မလား

"အတိတ်ကလိုပဲ နောက်အနာဂတ်မှာလည်း အိန္ဒိယပြည်သူတွေက
 မြန်မာပြည်သူတွေနဲ့ ကောင်းတူဆိုးဘက် မျှဝေပြီး အတူယှဉ်တွဲပြီး ရပ်တည်သွားမှာ ဖြစ်ပါတယ်။ "

၁၉၄၈ ခုနှစ် ဗြိတိသျှတို့လက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျာဝါလာနေရူး ပြောဆိုခဲ့သော စကားများဖြစ်သည်။ ထိုအချိန်မှစပြီး ၂ နိုင်ငံအကြားဆက်ဆံေ၇းသည် ခင်မင်ရင်းနှီးမှု၊ လစ်လျှူရှုမှု၊ ရန်လိုမှုတို့ဖြင့် နိမ့်ချည်တခါ မြငိ့ချည်တလှည့်
 ဖြစ်ခဲ့သော်လည်း နိုင်ငံတကာအဆင့်ကို တက်လှမ်းသွားသည့် အိန္ဒိယနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေသည့် မြန်မာနိုင်ငံတို့က ဒေသတွင်းနိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ၎င်းတို့၏ဆက်ဆံရေးအပေါ်
 ပြန်လည်သုံးသပ်ရန် လိုအပ်လာနေသည်။ 

အလျင်အမြန်ပြောင်းလဲလာနေသော မြန်မာနိုင်ငံ နိုင်ငံေ၇းအခြေအနေကို အိန္ဒိယနိုင်ငံက ဗျူဟာတခု၊ မူဝါဒရေးရာပွင့်လင်းလာမှုတခုအဖြစ် ရှုမြင်ပြီး မြန်မာနိုင်ငံတွင် တရုတ်တို့၏ သြဇာလွှမ်းမိုးမှုရော့နည်းလာအောင် လုပ်ဆောင်နိုင်သော၊ အိန္ဒိယ၏ ဗျူဟာကို ချဲ့ထွင်နိုင်သော အခွင့်အရေး တရပ်ဖြစ် ယူဆသည်။ အချိန်တိုအတွင်း ပြိုင်ဖက်တရုတ်၏ လွှမ်းမိုးမှုကို ယှဉ်ပြိုင်နိုင်မည်လို့တော့ အိန္ဒိယက က မျှော်လင့်၍မရသေးပါ။

 မြန်မာဘက်ကလည်း အိန္ဒိယနှင့် နယ်ပယ်အဆင့်ဆင့်တွင် ခိုင်မာသော ဆက်ဆံရေးများမှတဆင့် အကျိုးအမြတ်များရရှိနိုင်သော်လည်း မဟာဗျူဟာခြိမ်းခြောက်မှုတခုဟု ယင်းဆက်ဆံရေးအား တရုတ်က ရှုမြင်သည်။ 

အိန္ဒိယက ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံအဖြစ်နှင့် ဘက်မလိုက် လှုပ်ရှားမှု၏ခေါင်းဆောင်အဖြစ် အလွန်ပင် ဂုဏ်ယူနေခဲ့သည့်
 နိုင်ငံဖြစ်သည်။ ယင်း၏ ခေတ်သစ်သမိုင်းတွင် အဆိုပါရပ်တည်ချက်က အိန္ဒိယ-မြန်မာဆက်ဆံရေးကို ပုံဖော်ခဲ့ခြင်းဖြစ်သည်။  ၁၉၅၀နှစ်များတွင် ဆက်ဆံရေးက နွေးထွေးခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် ဆက်ဆံရေးစတင်ပျက်ပြား လာတော့သည်။ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ၁၀ စုနှစ် ၂ ခုကြာ အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်ရှိ အိန္ဒိယလူမျိုးများကို  ဗြိတိသျှ လက်ထက်က အခွင့်ထူးခံများဟု ဆိုကာ ပစ်မှတ်ထားခဲ့သည်။ 

အမျိုးသားရေးဝါဒီလှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယလူမျိုး အများအပြား ထွက်ခွာသွားခဲ့ရသည်။ ယင်းစစ်အေးတိုက်ပွဲကာလ တလျှောက်လုံးတွင် အိန္ဒိယက တုန့်ပြန်မှုမရှိဘဲ ကြားနေမူဝါဒဆက်လက် ကျင့်သုံးဆက်ဆံနေခဲ့သည်။ ၁၉၈၀ နှစ်ကုန်ပိုင်းကာလတွင်မူ အိန္ဒိယ အစိုးရက အတိုက်အခံဒီမိုကရေစီဘက်တော်သားများကို အကူအညီပေးပြီး
 မြန်မာ့အရေးတွင် လှုပ်ရှားလာသည်။ အာရှ၏ဒီမိုကရေစီအရင်းအမြစ် သဖွယ် ရပ်တည်ရန်ကြိုးပန်းလာသည်။

များမကြာမှီပင် ယုံကြည်ချက် အပေါ်အခြေခံသည့် ယင်းချည်းကပ်မှုသည်
 နိုင်ငံခြားရေးမူဝါဒ ဗျူဟာအတွက် အလုပ်မဖြစ်ကြောင်း အိန္ဒိယအစိုးရ
 တွေ့ရှိလာတော့သည်။ မြန်မာနိုင်ငံ၏ ဒီမ်ုကရေစီရေးလှုပ်ရှားမှုကိုလည်း မကူညီနိုင်ဘဲ ဖိနှိပ်သည့်အာဏာရှင်အစိုးရက ပို၍သာ ဆိုးရွားလာသည်။  ရန်ကုန်စစ်အစိုးရက အိန္ဒိယကို ပို၍ ရန်လိုလာချိန်တွင် တရုတ်တို့က စစ်အစိုးရနှင့် ပို၍နီးကပ်သော မဟာမိတ်ဖြစ်လာသည်။
 မြန်မာစစ်အာဏာရှင်အုပ်ချုပ်မည့် သက်တန်းရှညိကြာတော့မည် ဆိုသည်ကို သိရှိလာချိန် ၁၉၉၅ ခုနှစ်တွင်မူ အိန္ဒိယ၏ မြန်မာ အပေါ် ချည်းကပ်မှုက တဖြေးဖြေးနှင့် လက်တွေ့ကျလာခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံကို လက်နက်ရောင်းချနေသည့် ကမ္ဘာ့ ၈ နိုင်ငံထဲတွင် အိန္ဒိယက တနိုင်ငံဖြစ်လာခဲ့ပြီး လွတ်လပ်ရေးရပြီး
နောက်ပိုင်း ကျဆင်းလာနေခဲ့သော ၂ နိုင်ငံဆက်ဆံေ၇းကို
 ပြန်အဖတ်ဆယ်နိုင်ရန်ကြိုးစားတော့သည်။

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးစတင်ပြီး
နောက်ပိုင်းတွင် နိုင်ငံတကာစီးပွားရေးပိတ်ဆို့များ ဖယ်ရှားပေးခဲ့ပြီး သည့်နောက် အိန္ဒိယအစိုးရနှင့် ပုဂ္ဂိုလိက ကုမ္ပဏီတချို့က မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးနိုင်ရေးအခွင့်အလမ်းများ တွေ့ရှိလာကြသည်။ ONGC  Videsh , Jubilant ရေနံနှင့် သဘာဝဓာတ်ငွေ့၊ Century Ply-Star ဘိလပ်မြေထုတ်လုပ်ရေးစသည့် အိန္ဒိယကုမ္ပဏီများက မြန်မာနိုင်ငံတွင် စတင်လှုပ်ရှားလာကြသည်။  အိန္ဒိယ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည်
 ဒေါ်လာ သန်း ၃၀၀ နီးပါးရှိလာပြီဖြစ်သည်။ သို့သော် တရုတ်က တိုက်ရိုက်ရင်းနှီးမြုပ်နှံထားသော ဒေါ်လာ ၄၃ ဘီလီယံနှင့်စာလျှင် အသေးအဖွဲမျှသာ ရှိနေသေးသည်။ 

တရုတ်၏ရင်းနှီးမြုပ်နှံမှုက ၂၀၁၂ ခုနှစ်နောက်ပိုင်း လျော့ကျလာနေသော် လည်း နေပြည်တော်၏ လက်နက်ဝယ်ယူမှုအတွက် တရုတ်နှင့် ရုရှ တို့ကိုသာ မှီခိုနေရဆဲဖြစ်သည်။ ဤကိစ္စတွင်တော့ အိန္ဒိယက တရုတ်ကို ပြိုင်ဆိုင်နိုင်မည့် အခြေအနေမှာမရှိသလို လာမည့်နှစ်ပေါင်း များစွာတွင်လည်း ပြိုင်ဆိုင်နိုင်ဖို့ လမ်းမမြင်ပါ။ 

ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတွင် အိန္ဒိယက သြဇာကြီးသည့် ပါတနာဖြစ်လာနိုင်စွမ်းမရှိသည့် အချက်များစွာရှိနေသည်။ ၎င်း၏စွမ်းအင်အဆောက်အအုံဆိုင်ရာကဏ္ဍတွင် ဖွံ့ဖြိုးမှုနည်းနေသေး သဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အိန္ဒိယနိုင်ငံတွင်း သယ်ယူဖြန့်ဖြူးရန် အကန့်အသတ်ရှိနေသည်။ တရုတ်-မြန်မာနယ်စပ်နှင့် ယှဉ်လျှင် အိန္ဒိယ-မြန်မာ ၂နိုင်ငံနယ်စပ်က ဖွံ့ဖြိုးမှုမ၇ှိပါ။ ဗျူရိုကရေစီ ၀န်ထုတ်ဝန်ပိုးကလည်း ကြီးမားသည့်အတွက် နယ်စပ်ကုန်သွယ်မှုနှင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဆောင်တာတို့ နှောင့်နှေးကြန့်ကြာနေသည်။ 

ယခုအချိန်တွင် မြန်မာကို အိန္ဒိယက လှိုက်လှိုက်လှဲလှဲ လက်ခံဆက်ဆံ လိုနေသည်။ ယင်းသို့ ပြုလုပ်နိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု တို့တွင် တိုးတက်မှုများစွာရရှိရန်လိုအပ်နေသည်။ အိန္ဒိယ၏ ခေါင်သီသော အရှေ့မြောက်ဒေသကို ပြည်မနှင့် ဆက်သွယ်ဆောင်၇ွက်နိုင်ရေး လိုလားချက်က မြန်မာနှင့် ၂ နိုင်ငံ၏ နိုင်ငံရေး စီးပွားရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးလာသည်။ သို့သော်လည်း ၂နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာများက အိန္ဒိယအာဏာပိုင်များ အတွက် အဓိက စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။ 

ဥပမာ- မြန်မာနိုင်ငံတွင်းက ဗုဒ္ဒဘာသာဝင်တို့ဦးဆောင်သည့် မွတ်စလင်ဆန့်ကျင်ေ၇းလှုပ်ရှားမှုတို့က ဒေသတွင်းက မွတ်စလင်များကို အစွန်းရောက်စေခဲ့ပြီး အိန္ဒိယနှင့် တောင်နှင့် အရှေ့တောင်အာရှဒေသ အတွင်းက ဗုဒ္ဒဘာသာအဆောက်အဦများကို လက်တုန့်ပြန်တိုက်ခိုက်မှုများ
 ဖြစ်ပေါ်လာသည်။ ၂ နိုင်ငံနယ်စပ်၏ ၂ ဘက်စလုံးတွင် နေထိုင်ကြသော နာဂအဖွဲ့များ၏ နာဂဒေသ တည်ထောင်လိုသည့် အနေအထားကလည်း ၂နိုင်ငံစလုံးအတွက် ခြိမ်းခြောက်မှုတခုဖြစ်လာနေသည်။ 

နေပြည်တော်အမြင်အရမူ အိန္ဒိယနှင့် ထဲထဲဝင်ဝင်ဆက်ဆံမှုကြောင့် ၎င်းနယ်စပ်အနီးဒေသမတည်ငြိမ်မှုအပေါ် စိုး၇ိမ်မကင်းဖြစ်နေသလို တဘက်ကလည်း တရုတ်နှင့် ဆက်ဆံေ၇းကို ဒေသတွင်းက အခြားနိုင်ငံ များနှင့် ချိန်ခွင်လျှာမျှတအောင် စွမ်းဆောင်နိုင်ကြောင်း ပြသလိုနေသည်။
 တရုတ်အစိုးရအပေါ် စီးပွားရေး နိုင်ငံေ၇းအရ မှီခိုနေရသည့် အခြေအနေကြောင့် နေပြည်တော်က အတိုင်းအတာတခုအထိသာ သတိနှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်နှင့် ဆက်ဆံရေးက အခြေခံအားဖြင့် ပြောင်းလဲသွားသည်မဟုတ်စေကာမူ (ပြောင်းသွားမည်ဟု လည်း မထင်ပါ) အိန္ဒိယနှင့် အခြားနိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်တို့က နေပြည်တော်ကို အခြားအခွင့်အလမ်းများဖွင့်ပေးနေသည်။ တရုတ်အရာရှိတို့ကမူ တဖြေးဖြေး တိုးတက်လာနေသော မြန်မာနှင့် အိန္ဒိယတို့၏ စီးပွားရေး နိုင်ငံရေးနှင့် စစ်ရေးဆက်ဆံမှုကို တရုတ်-မြန်မာ ဆက်ဆံရေးအတွက် ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်နေသည်။ 

မြန်မာအစိုးရကလည်း တရုတ်နှင့် အိန္ဒိယ ၂ နိုင်ငံစလုံးအတွက် ၎င်း၏ တန်ဖိုးကို ကောင်းစွာနားလည်သည်။ အိန္ဒိယ၏ လုံခြုံရေးစိုးရိမ်မှု
 ပြဿနာနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်အပေါ် စိတ်ဝင်စားမှုတို့က မြန်မာနှင့် အနာဂတ်ဆက်ဆံရေးအပေါ် ရိုက်ခတ် လွှမ်းမိုးနေအုန်းမည် ဖြစ်သည်။ တချိန်တည်းမှာပင် တရုတ်အတွက်လည်း ဘင်္ဂလားပင်လယ်အော်ကို လက်လှမ်းမှီနိုင်သည့်၊ သူ၏ကုန်းတွင်းပိတ်
တောင်ပိုင်းပြည်နယ်အတွက် စွမ်းအင်သေအချာရရှိနိုင်သည့်၊
 မြန်မာနိုင်ငံကို ဘေဂျင်းအတွက် အရေးပါသောဗျူဟာ ပါတနာ
ဖြစ်နေသည်။ ယင်းအချက်တို့ကြောင့်ပင် အိန္ဒိယ မြန်မာဆက်ဆံရေး နက်ရှိုင်းလာမှုက တရုတ်အတွက် ပြဿနာ တခုအဖြစ် ဆက်လက်
 ဖြစ်နေအုန်းမည်ပင် ဖြစ်သည်။ 

မြန်မာက သူ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြီးမြောက်
အောင်မြင်အောင် ဆောင်ရွက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ယခင် အာဏာရှင်စနစ်ကို နောက်ကြောင်းပြန်လှည့်သည်ဖြစ်စေ၊ မြန်မာ၏ ဒေသတွင်းဗျူဟာရေးတွင် အရေးပါမှုနှင့် သဘာဝသယံဇာတ ကြွယ်ဝမှုများက
 ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့ အကျိုးစီးပွားတို့ ထိပ်တိုက်တွေ့ဆုံရာဖြစ်နေပြီး ယင်းအတွက်ကြောင့်လည်း ဆက်လက်ပြီး အာဏာလွန်ဆွဲနေကြ အုန်းမည်ဖြစ်သည်။ 
တရုတ်နှင့် အိန္ဒိယတို့က မြန်မာတွင် အတူတကွ ယှဉ်တွဲတည်ရှိနေနိုင် ပါသည်။ 

သို့သော် ခေတ်သစ်သမိုင်းကာလအတွင်းက ပေးအပ်ခဲ့သည့် သူ၏ စစ်ရေးကူညီမှုများနှင့် နေပြည်တော်နှင့် ကာလရှည်ကြာ မဟာမိတ်ပြုမှု များအပေါ် တရုတ်က ဆက်လက်အမြတ်ထုတ် ရယူနေအုန်းမည်ကတော့ အမှန်ပင် ဖြစ်ပေသည်။ 

Country Risk Solutions ဥက္ကဌ နှင့် Gnarus အကြီးတန်းအကြံပေးသူ Daniel Wagner နှင့် သုတေသီ Giorgio Cafiero တို့ရေးသားသည့် Can China and India Coexist in Myanmar? ကို 7Day News အတွက် ခင်မေဇော်က ဘာသာပြန်ဆိုပါသည်။

"အတိတ်ကလိုပဲ နောက်အနာဂတ်မှာလည်း အိန္ဒိယပြည်သူတွေက
မြန်မာပြည်သူတွေနဲ့ ကောင်းတူဆိုးဘက် မျှဝေပြီး အတူယှဉ်တွဲပြီး ရပ်တည်သွားမှာ ဖြစ်ပါတယ်။ "
၁၉၄၈ ခုနှစ် ဗြိတိသျှတို့လက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျာဝါလာနေရူး ပြောဆိုခဲ့သော စကားများဖြစ်သည်။ ထိုအချိန်မှစပြီး ၂ နိုင်ငံအကြားဆက်ဆံေ၇းသည် ခင်မင်ရင်းနှီးမှု၊ လစ်လျှူရှုမှု၊ ရန်လိုမှုတို့ဖြင့် နိမ့်ချည်တခါ မြငိ့ချည်တလှည့်
ဖြစ်ခဲ့သော်လည်း နိုင်ငံတကာအဆင့်ကို တက်လှမ်းသွားသည့် အိန္ဒိယနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေသည့် မြန်မာနိုင်ငံတို့က ဒေသတွင်းနိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ၎င်းတို့၏ဆက်ဆံရေးအပေါ်ပြန်လည်သုံးသပ်ရန် လိုအပ်လာနေသည်။
အလျင်အမြန်ပြောင်းလဲလာနေသော မြန်မာနိုင်ငံ နိုင်ငံေ၇းအခြေအနေကို အိန္ဒိယနိုင်ငံက ဗျူဟာတခု၊ မူဝါဒရေးရာပွင့်လင်းလာမှုတခုအဖြစ် ရှုမြင်ပြီး မြန်မာနိုင်ငံတွင် တရုတ်တို့၏

ဂရိတ်ဝေါလ် ကုမ္ပဏီ မှ ဆိုင်ကယ်စီး ဦးထုပ်များ လှူဒါန်း


မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲသူရိန်ခန်းမ၌ မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ လှူဒါန်းပွဲကို
ယမန်နေ့မွန်းလွဲ ၂ နာရီကကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင် ကျော် မိုး၊ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦး ကျော်ဆန်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင်၊ အမှတ်(၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲ မှူးကြီး အောင်ကိုဦး၊ မှုခင်းတပ်ဖွဲ့ခွဲမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ဂရိတ်ဝေါလ် ကုမ္ပဏီပိုင်ရှင် ဦး တင်မောင်နှင့် ကုမ္ပဏီ ၁ဝ ခုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ဂရိတ်ဝေါလ်ကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီကိုးခုကိုယ်စား ဂရိတ်ဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးတင်မောင်က

နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများ ရင်းနှီးစွာ ဆွေးနွေး

Photo: နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများ ရင်းနှီးစွာ ဆွေးနွေး

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနဆိုင်ရာ နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး မစ္စဝန်ဒီအာရှာမန် ဦးဆောင်သည့် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell လည်း တက်ရောက်သည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနဆိုင်ရာ နိုင်ငံရေးရာ ဒုတိယ ဝန်ကြီး မစ္စဝန်ဒီအာရှာမန် ဦးဆောင်သည့် အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး H.E. Mr. Derek Mitchell လည်း

ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းသို့ Wheel chairs များလှူဒါန်း

Photo: ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းသို့ Wheel chairs များလှူဒါန်း

Kyoto East Rotary club  မှ  ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းသို့  Wheel chairs   လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကမာရွတ်မြို့နယ် ချင်းတွင်းလမ်းရှိ အဆိုပါရုံး၌ ကျင်းပရာ

ပြည်သူ့ကျန်း မာ ရေး ဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်၊ Kyoto East Rotary club မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်သည်။ အခမ်းအနားတွင် အလှူရှင်များကိုယ်စား Professor Shigeru Okada ကလှူဒါန်းရခြင်း နှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီး Wheel chairs  များ ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယခုလှူဒါန်းသွား သော Wheel chairs  အစီး ၃ဝ ကိုလည်း ရန်ကုန်တွင် ၁ဝ စီးထားရှိပြီး မွန်ပြည်နယ်သို့  အစီး  ၂ဝ  ပို့ဆောင် သွားမည်ဖြစ်ကြောင်း   ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။
Kyoto East Rotary club မှ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းသို့ Wheel chairs လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကမာရွတ်မြို့နယ် ချင်းတွင်းလမ်းရှိ အဆိုပါရုံး၌ ကျင်းပရာ
ပြည်သူ့ကျန်း မာ ရေး ဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်၊ Kyoto East Rotary club မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်သည်။ အခမ်းအနားတွင် အလှူရှင်များကိုယ်စား Professor Shigeru Okada ကလှူဒါန်းရခြင်း နှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီး Wheel chairs

လွှတ်တော်အတွင်း ဥပဒေပြုရေး ဆောင်ရွက်မှုဆိုင်ရာ၊ ဈေးကွက်သုတေသန ဆိုင်ရာနှင့် ပညာရေး၊ မီဒီယာ ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Photo: လွှတ်တော်အတွင်း ဥပဒေပြုရေး ဆောင်ရွက်မှုဆိုင်ရာ၊ ဈေးကွက်သုတေသန ဆိုင်ရာနှင့် ပညာရေး၊ မီဒီယာ ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား

Mark Plus. Inc တည်ထောင်သူ CEO ဖြစ်သူ Mr. Hermawan Kartajaya ဦးဆောင်သော အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ကော်မတီဆောင် အမှတ် (၁)၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် MarkPlus. Inc ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လွှတ်တော်အတွင်း ဥပဒေပြုရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဈေးကွက် သုတေသနဆိုင်ရာနှင့် ပညာရေး၊ မီဒီယာဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာနှင့် အတူ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်၊ ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား
Mark Plus. Inc တည်ထောင်သူ CEO ဖြစ်သူ Mr. Hermawan Kartajaya ဦးဆောင်သော အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ကော်မတီဆောင် အမှတ် (၁)၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် MarkPlus. Inc ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လွှတ်တော်အတွင်း

အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အစိုးရ ထံမှ အများဆုံး ငွေကျပ်သိန်း ၅ဝဝဝ အထိ ချေးယူနိုင်

Photo: အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အစိုးရ ထံမှ အများဆုံး ငွေကျပ်သိန်း ၅ဝဝဝ အထိ ချေးယူနိုင်

မြန်မာနိုင်ငံ အတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟို ဌာနသို့ လိုင်စင်နှင့် တကွ တင်ပြ လျှောက်ထားနိုင်ပြီး ချေးငွေ အများဆုံး ငွေကျပ် သိန်း ၅ဝဝဝ အထိ ထုတ်ချေး ယူနိုင်ကြောင်း စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ချေးငွေ ထုတ်ချေးခြင်းကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ချေးငွေ ထုတ်ချေးပေးသည့် ဦးရေ ကန့်သတ်ထားခြင်း မရှိကြောင်း၊ သတ်မှတ်ချက် များနှင့် ကိုက်ညီသော လုပ်ငန်းရှင် များအား ငွေကျပ် ၁ဝ ဘီလီယံ သာမက ဘဏ်လုပ်ထုံး လုပ်နည်းများနှင့် အညီ ထုတ်ချေးပေးလျက် ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးသည် စီးပွားရေး ကဏ္ဍ တိုးတက်ရေး အတွက် အဓိက အရေးပါသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ယင်းအတွက် စီမံကိန်းချ အကောင် အထည်ဖော် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် လယ်ယာ အမတော်ကြေး ကဲ့သို့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်မှတစ်ဆင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်က ငွေကျပ် ၅ ဘီလီယံ၊ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၅ ရက်က ငွေကျပ် ၅ ဘီလီယံ ထုတ်ချေးထားကြောင်း သိရသည်။

အဆိုပါ ချေးငွေပြန်ဆပ် ကာလကို သုံးနှစ် သတ်မှတ်ထားပြီး ရန်ကုန်တိုင်း ဒေသကြီးမှ လုပ်ငန်းရှင် ၃ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၄ ဦး၊ နေပြည်တော် ကောင်စီမှတစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ သုံးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ရှစ်ဦး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်မှ တစ်ဦးစီ စုစုပေါင်း ၅၈ ဦးအား ထုတ်ချေး ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အနေဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟို ဌာနသို့ လိုင်စင်နှင့် တကွ တင်ပြ လျှောက်ထားနိုင်ပြီး ချေးငွေ အများဆုံး ငွေကျပ် သိန်း ၅ဝဝဝ အထိ ထုတ်ချေး ယူနိုင်ကြောင်း စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ချေးငွေ ထုတ်ချေးခြင်းကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ချေးငွေ ထုတ်ချေးပေးသည့် ဦးရေ ကန့်သတ်ထားခြင်း မရှိကြောင်း၊

ဆိုင်ကယ်များ အရစ်ကျစနစ်ဖြင့်ရောင်းချ ပေးလျက်ရှိ

Photo: ဆိုင်ကယ်များ အရစ်ကျစနစ်ဖြင့်ရောင်းချ ပေးလျက်ရှိ

 တနင်္သာရီတိုင်း ဒေသကြီး   မြိတ်မြို့တွင် ဆိုင်ကယ်များကို အရစ်ကျ စနစ်ဖြင့်  ဝယ်ယူနိုင်ပြီဖြစ်ကြောင်း   ဆိုင်ကယ် အရောင်းဆိုင်များမှ သိရသည်။

မြိတ်မြို့၌   ဆိုင်ကယ် အရောင်းပြခန်း  ၂ဝ ခန့်ရှိပြီး ဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။ အဆိုပါ ဆိုင်ကယ် အရောင်းဆိုင်များတွင်   ဝန်ထမ်းများနှင့် ဒေသခံပြည်သူ ဆိုင်ကယ် ဝယ်ယူလိုသူများအား   ဆိုင်ကယ်တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို လက်ငင်းပေးချေ၍  ကျန်ငွေများကို ဘဏ်မှ သတ်မှတ်ထားသော  အတိုးနှုန်းနှင့် တကွ  တစ်နှစ်အတွင်း  လစဉ် အရစ်ကျစနစ်ဖြင့် ပေးချေရမည် ဖြစ်ပြီး   ဆိုင်ကယ် အမျိုးအစား များမှာ ဗီယက်နမ် နိုင်ငံထုတ်  ဆိုင်ကယ်များနှင့်   ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်များ ဖြစ်ကြောင်း အဆိုပါ ဆိုင်ကယ် အရောင်းဆိုင်မှ သိရသည်။

ဆိုင်ကယ် ဝယ်ယူနိုင်ရန်   မိမိ၏ အလုပ်အကိုင်နှင့်  မိသားစုဝင် တစ်ဦး၏ အာမခံ ထောက်ခံချက်နှင့် လိုင်စင်ရှိ လုပ်ငန်းရှင် နှစ်ဦး၏  အာမခံ ထောက်ခံချက် တို့ဖြင့် ဝယ်ယူနိုင်သည့် အပြင် မြိတ်မြို့ရှိ   ပုဂ္ဂလိက ဘဏ်များမှလည်း    ဆိုင်ကယ်များကို  အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ရန်   စီစဉ် ဆောင်ရွက်ပေးလျက် ရှိကြောင်း     သိရသည်။


တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ဆိုင်ကယ်များကို အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ဆိုင်ကယ် အရောင်းဆိုင်များမှ သိရသည်။
မြိတ်မြို့၌ ဆိုင်ကယ် အရောင်းပြခန်း ၂ဝ ခန့်ရှိပြီး ဘဏ်များနှင့် ချိတ်ဆက်၍ အရစ်ကျစနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။ အဆိုပါ ဆိုင်ကယ် အရောင်းဆိုင်များတွင် ဝန်ထမ်းများနှင့် ဒေသခံပြည်သူ ဆိုင်ကယ် ဝယ်ယူလိုသူများအား ဆိုင်ကယ်တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို

ဆေးဖက်ဝင် လက်ဖက်ခြောက်များ၏ ကောင်းကျိုးများ


Photo: ဆေးဖက်ဝင် လက်ဖက်ခြောက်များ၏ ကောင်းကျိုးများ

လက်ဖက်ခြောက် သောက်ပါက ကျန်းမာသက်ရှည် စေတယ်လို့ ပြောကြပေမယ့် တိကျတဲ့ သက်သေပြ နိုင်မှု ယခုထိ များများ မရှိလှပါ။

အမေရိကန် သိပ္ပံ ပညာရှင် များ၏ လေ့လာချက် အရ လူကြိုက်များ နာမည် ကြီးလှတဲ့ ဆေး ဖက်ဝင် လက်ဖက်ခြောက် ၃ မျိုးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေး ကြည့်ရာ ကောင်းမွန်တဲ့ အရည်အသွေး အ မြောက်အမြား တကယ် ပါဝင်ကြောင်း တွေ့ခဲ့ ရပါသတဲ့။ Chamomil Tea ခေါ် လက်ဖက် ခြောက်တွင် ဗက်တီး ရီးယား ပိုးသတ် နိုင်ခြင်းနှင့် သွေးကျဲစေ ခြင်းစတဲ့ ဂုဏ်သတ္တိများ ရှိကြောင်း တွေ့ရတဲ့ အပြင် Hibiscus Tea သွေးတိုး ရောဂါ အပျော့စား လူနာများတွင် သွေးကျအောင် လုပ်ပေး နိုင်ကြောင်း တွေ့ရပါတယ်။ တစ်ဖန် ပူရှိန်း ပါဝင်တဲ့ လက်ဖက်ခြောက် တွေကတော့ ပိုးမွှား သန့်စင် ပေးခြင်း၊ ဗိုင်းရပ်စ် ပိုးသတ်ပေး ခြင်း၊ ကင်ဆာ အကျိတ် မဖြစ်အောင် ကာကွယ် ပေးခြင်းနှင့် ဓာတ်တိုး ဆန့် ကျင်ပစ္စည်းများ ပါဝင် ဂုဏ်သတ္တိရှိ ကြောင်း တွေ့ခဲ့ရ ပါတယ်။

မေ


လက်ဖက်ခြောက် သောက်ပါက ကျန်းမာသက်ရှည် စေတယ်လို့ ပြောကြပေမယ့် တိကျတဲ့ သက်သေပြ နိုင်မှု ယခုထိ များများ မရှိလှပါ။
အမေရိကန် သိပ္ပံ ပညာရှင် များ၏ လေ့လာချက် အရ လူကြိုက်များ နာမည် ကြီးလှတဲ့ ဆေး ဖက်ဝင် လက်ဖက်ခြောက် ၃ မျိုးအား ဓာတ်ခွဲ စမ်းသပ်စစ်ဆေး ကြည့်ရာ ကောင်းမွန်တဲ့ အရည်အသွေး အ မြောက်အမြား တကယ် ပါဝင်ကြောင်း တွေ့ခဲ့ ရပါသတဲ့။ Chamomil Tea ခေါ် လက်ဖက် ခြောက်တွင် ဗက်တီး ရီးယား ပိုးသတ် နိုင်ခြင်းနှင့် သွေးကျဲစေ ခြင်းစတဲ့ ဂုဏ်သတ္တိများ ရှိကြောင်း

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

Photo: ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

ကော်ဖီများများ သောက်တဲ့ သူတွေဟာ သာမန် လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိ ထားပါတယ်။

စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုးတို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှုကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက်သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံးသူများ (တစ်ရက်လျှင် တစ်ခွက်နှင့် အောက် သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။

စိတ်ဖိစီး နေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisolကို ကိုယ်တွင်းမှ ထုတ်လွတ်ပါတယ်။ ယင်း Cortisol ထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ) Cortisol ပိုမို ထုတ်လွတ်ပြီး ကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချား စရာ ပုံရိပ်များ၊အတွေးများ ပေါ်ပေါက် လာစေပါတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကော်ဖီ သောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံး မိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။

Ref: medicfact

ကော်ဖီများများ သောက်တဲ့ သူတွေဟာ သာမန် လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိ ထားပါတယ်။
စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာမျိုး၊ အသံများ ကြားနေရခြင်းမျိုးတို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှုကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့

ရှားစောင်းလက်ပပ်(အကြီး)

Photo: ရှားစောင်းလက်ပပ်(အကြီး)

ရှားစောင်း လက်ပပ်သည် အကြီး၊ အငယ်နှင့် ရှားစောင်း လက်ပပ် (အနီ) ဟူ၍ သုံးမျိုး ရှိသည်။ ရှားစောင်း လက်ပပ် (အကြီး)မှာ ချို၏။ အေး၏။ ဓာတ်များကို ပြုပြင်

တတ်၍ ခြင်ဆီဓာတ် ပွားများ စေ၏။ ဝဖြိုးစေ၏။ ကာမကို တိုးပွား စေ၏။ အဆိပ် များကို ပယ်ရှင်း စေ၏။ မျက်စိ ရောဂါ၊ အနာ၊ အဖျဉ်း ရောဂါ၊ အသည်း ရော ဂါ၊ ချောင်းဆိုး ရောဂါ၊ ရေယုန် ရောဂါ၊ အရေပြား ရောဂါ၊ ပန်းနာ ရောဂါ၊ ဆီး ရောဂါနှင့် ကျောက်တည်သော ရောဂါ များကို ကာကွယ် နိုင်သော ဆေးပင် ဖြစ်သည်။

ရေဖျဉ်း ရောဂါ ဖြစ်ပါက ရှားစောင်း လက်ပပ် (အကြီး) အတွင်းသား အနှစ်အား လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားပါက ရေဖျဉ်း ရောဂါ သက်သာ ပျောက်ကင်း၏။ ရှားစောင်း လက်ပပ် (အကြီး) အတွင်းသားကို ခပ်ပျစ်ပျစ် ကျို၍ အနာပေါ်သို့ အုံကပ် ပေးပါက အနာနု လျှင်ပိန်၊ ရင့်လျှင် ပြည်ပေါက် ၍ ပျောက်ကင်း စေသည်။ လေရောဂါ၊ လေပူလုံး ရှိသူများ ရှားစောင်းလက် ရှားစောင်းလက်ပပ် (အကြီး)ပပ် အတွင်းသား ခြောက်ပဲ၊ ထောပတ် ခြောက်ပဲ၊ ကြစုအမှုန့် တစ်ပဲနှင့် သိန္ဓောဆား တစ်ပဲသားတို့ကို ရောစပ်၍ စားပါက လေရောဂါ ပျောက်၏။

ရှားစောင်း လက်ပပ် အနှစ်ကို ဆန်ဆေးရည်တွင် ၁ နာရီခန့် စိမ်ပါ။ စိမ်ပြီး အနှစ် ငါးကျပ် သားကို သကြား အနည်း ငယ်နှင့် အရည် ထွက်အောင် ခေါက် ၍ သောက်ပါ က နွေ ရာသီ တွင် အဖြစ်များ သည့် ဆီးပူ ဆီးအောင့် ရောဂါ ပျောက်ကင်း စေသည်။ ။

အောင်မိုးမြင့်(နေပြည်တော်)

ရှားစောင်း လက်ပပ်သည် အကြီး၊ အငယ်နှင့် ရှားစောင်း လက်ပပ် (အနီ) ဟူ၍ သုံးမျိုး ရှိသည်။ ရှားစောင်း လက်ပပ် (အကြီး)မှာ ချို၏။ အေး၏။ ဓာတ်များကို ပြုပြင်
တတ်၍ ခြင်ဆီဓာတ် ပွားများ စေ၏။ ဝဖြိုးစေ၏။ ကာမကို တိုးပွား စေ၏။ အဆိပ် များကို ပယ်ရှင်း စေ၏။ မျက်စိ ရောဂါ၊ အနာ၊ အဖျဉ်း ရောဂါ၊ အသည်း ရော ဂါ၊ ချောင်းဆိုး ရောဂါ၊ ရေယုန် ရောဂါ၊ အရေပြား
 ရောဂါ၊ ပန်းနာ ရောဂါ၊ ဆီး ရောဂါနှင့် ကျောက်တည်သော ရောဂါ များကို ကာကွယ်
 နိုင်သော ဆေးပင် ဖြစ်သည်။
ရေဖျဉ်း ရောဂါ ဖြစ်ပါက ရှားစောင်း လက်ပပ် (အကြီး) အတွင်းသား အနှစ်အား လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားပါက ရေဖျဉ်း ရောဂါ သက်သာ ပျောက်ကင်း၏။ ရှားစောင်း လက်ပပ် (အကြီး) အတွင်းသားကို ခပ်ပျစ်ပျစ် ကျို၍ အနာပေါ်သို့ အုံကပ် ပေးပါက

ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ဖို့ မမေ့ပါနှင့်

Photo: ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ဖို့ မမေ့ပါနှင့်

ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက် ခြင်းဖြင့် ခန္ဓာကိုယ် ဝိတ်အား ထိန်းသိမ်း ပေးသည်။

အမေရိကန် ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူ အယောက် (၁ဝဝဝ) ဖြင့် လေ့လာဆန်းစစ် ရာတွင် ထမင်းမစားမီ ဟင်းရည်ပူ သောက်သူသည် စားသောထမင်း နပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းစေသည်။ သာမန်အားဖြင့် ထမင်းစား မြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက် အတွင်းရှိ (အာသာ) ချဉ်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့် သတင်းရဖို့ အချိန်အနည်းငယ် ယူရသည်။ ထိုအချိန် ယူနေစဉ် အတွင်းတွင် အစားမြန်သောသူက ပိုလွန်သော အစားများ စားသုံးပြီး ဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည် တစ်ခွက် သောက်ခြင်းဖြင့် ထမင်းအစား နည်းစေပြီး ဝခြင်းမှ ကာကွယ် ပေးနိုင်သည်။

ရိုးရာလေး ကျန်းမာရေး


ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက် ခြင်းဖြင့် ခန္ဓာကိုယ် ဝိတ်အား ထိန်းသိမ်း ပေးသည်။
အမေရိကန် ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူ အယောက် (၁ဝဝဝ) ဖြင့် လေ့လာဆန်းစစ် ရာတွင် ထမင်းမစားမီ ဟင်းရည်ပူ သောက်သူသည် စားသောထမင်း နပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းစေသည်။ သာမန်အားဖြင့် ထမင်းစား မြန်သူသည်

11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေး ကျင်းပ


မြ၀တီ's photo.

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်း အဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် Grand Ballroom ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ ဘရူနိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Maj Gen. Dato Seri Pahlawan Mohd Tawih Bin Abdullah ၊ ကမ္ဘောဒီးယား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် en.Eth Sarath၊ အင်ဒိုနီးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Dr. Moeldoko၊ လာအို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Brig.Gen.Khamlieng Outhakasone၊ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Tan Sri Dato' Sri(Dr.) Zulkifeli Bin Mohd Zin ၊ ဖိလစ်ပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Emmanuel T Bautista၊ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီချုပ် Lt.Gen.Ng Chee Meng၊ ထိုင်းတပ်မတော် ကာကွယ်ရေး