“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေး ကျင်းပ


မြ၀တီ's photo.

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်း အဝေးကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် Grand Ballroom ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် တပ်မတော် အရာရှိကြီးများ၊ ဘရူနိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Maj Gen. Dato Seri Pahlawan Mohd Tawih Bin Abdullah ၊ ကမ္ဘောဒီးယား ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် en.Eth Sarath၊ အင်ဒိုနီးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Dr. Moeldoko၊ လာအို ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Brig.Gen.Khamlieng Outhakasone၊ မလေးရှား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Tan Sri Dato' Sri(Dr.) Zulkifeli Bin Mohd Zin ၊ ဖိလစ်ပိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen. Emmanuel T Bautista၊ စင်ကာပူ တပ်မတော် ကာကွယ်ရေး ဦးစီချုပ် Lt.Gen.Ng Chee Meng၊ ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် Gen.Tanasak Patima-pragorn၊ ဗီယက်နမ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပှ် Sr.Lt. Gen. Do Ba Ty နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အစည်းအဝေး သဘာပတိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 11th ASEAN Chiefs of Defence Forces Informal Meeting (ACDFIM) အစည်းအဝေး ဖွင့်ပွဲ နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထိုသို့ ပြောကြားရာတွင် အရှေ့တောင် အာရှ မိသားစု ဝင်ဖြစ်သည့် မိမိတို့ မြန်မာနိုင်ငံတော်သည် ခေတ်သစ် သမိုင်းကြောင်း တစ်လျှောက်တွင် ဒေသတွင်း နိုင်ငံများ၊ အိမ်နီးချင်း နိုင်ငံများနှင့် ရင်းနှီး ချစ်ကြည်စွာ ပူးပေါင်း ဆောင်ရွက် ခဲ့ပါကြောင်း ၁၉၉၇ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ အဖြစ် ဝင်ရောက်ခဲ့ပြီး ကတည်းက အာဆီယံ ၏ လုပ်ငန်းစဉ် အားလုံးတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်း၊ တာဝန်ယူ ဖော်ဆောင်ရမည့် လုပ်ငန်း တာဝန်များကို အောင်မြင်စွာ လုပ်ဆောင်ခြင်း တို့ဖြင့် တာဝန် သိသော အဖွဲ့ဝင် နိုင်ငံကောင်း တစ်နိုင်ငံ ဖြစ် တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း။

မိမိတို့ တပ်မတော် အနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ၊ အာဆီယံ ကြည်းတပ် ဦးစီးချုပ်များ အစည်းအဝေးနှင့် လုပ်သက်ရင့် အရာခံ ဗိုလ်များ အစည်းအဝေး များကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပ ပေးခဲ့သည့် အပြင် အာဆီယံ ဒေသတွင်း ဖိုရမ် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ (ARFDOD) ကိုလည်း အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပ ခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကြီးကို ခမ်းခမ်းနားနားဖြင့် အောင်မြင်စွာ လက်ခံကျင်းပ ပေးခဲ့ပါကြောင်း။

ယခု ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂ဝ၁၅ခုနှစ်တွင် ထူထောင်မည့် အာဆီယံ အသိုက်အဝန်း အတွက် ၂ဝ၁၄ခုနှစ်သည် အရေးကြီးသော ရှေ့ပြေးနှစ် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အရေးကြီးသည့် ၂ဝ၁၄ခုနှစ်တွင် ကြီးလေးသော အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို မိမိတို့ မြန်မာနိုင်ငံက အောင်မြင်စွာ ထမ်းဆောင်လျက် ရှိပါကြောင်း၊ ယခု ကျင်းပနေသည့် အစည်းအဝေးသည် အာဆီယံ ဥက္ကဋ္ဌ တာဝန်၏ ကာကွယ်ရေး ဆိုင်ရာ အပိုင်းကို မိမိတို့ တပ်မတော်က အောင်မြင်စွာ တာဝန်ယူ ဖော်ဆောင်နေခြင်းပင် ဖြစ်ပါကြောင်း။

ယခုကဲ့သို့ လုပ်ငန်းတာဝန်များကို တာဝန်ယူ လုပ်ကိုင်နိုင်ခြင်းသည် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲ လာမှုများမှ အသီးအပွင့်များလည်း ဖြစ်ပါကြောင်း၊ တပ်မတော် အစိုးရ၏ စေတနာ မှန်ကန်စွာဖြင့် စနစ်တကျ အချိန်ယူ ပြင်ဆင် ဆောင်ရွက် ခဲ့ခြင်းကြောင့် ၂ဝ၁၁ခုနှစ်တွင် ဒီမိုကရေစီ နိုင်ငံ တစ်ရပ်အဖြစ် စတင်ပေါ်ပေါက်ခဲ့ပြီး အစိုးရသစ် လက်ထက် တွင် မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲမှုများကို သိသာ ထင်ရှားစွာ ဖော်ဆောင် နိုင်ခဲ့ပါကြောင်း၊

No comments:

Post a Comment