“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းသို့ Wheel chairs များလှူဒါန်း

Photo: ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းသို့ Wheel chairs များလှူဒါန်း

Kyoto East Rotary club  မှ  ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းသို့  Wheel chairs   လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီတွင် ကမာရွတ်မြို့နယ် ချင်းတွင်းလမ်းရှိ အဆိုပါရုံး၌ ကျင်းပရာ

ပြည်သူ့ကျန်း မာ ရေး ဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်၊ Kyoto East Rotary club မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက် ရောက်သည်။ အခမ်းအနားတွင် အလှူရှင်များကိုယ်စား Professor Shigeru Okada ကလှူဒါန်းရခြင်း နှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီး Wheel chairs  များ ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က လက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယခုလှူဒါန်းသွား သော Wheel chairs  အစီး ၃ဝ ကိုလည်း ရန်ကုန်တွင် ၁ဝ စီးထားရှိပြီး မွန်ပြည်နယ်သို့  အစီး  ၂ဝ  ပို့ဆောင် သွားမည်ဖြစ်ကြောင်း   ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

No comments:

Post a Comment