“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

လွှတ်တော်အတွင်း ဥပဒေပြုရေး ဆောင်ရွက်မှုဆိုင်ရာ၊ ဈေးကွက်သုတေသန ဆိုင်ရာနှင့် ပညာရေး၊ မီဒီယာ ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Photo: လွှတ်တော်အတွင်း ဥပဒေပြုရေး ဆောင်ရွက်မှုဆိုင်ရာ၊ ဈေးကွက်သုတေသန ဆိုင်ရာနှင့် ပညာရေး၊ မီဒီယာ ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား

Mark Plus. Inc တည်ထောင်သူ CEO ဖြစ်သူ Mr. Hermawan Kartajaya ဦးဆောင်သော အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ကော်မတီဆောင် အမှတ် (၁)၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် MarkPlus. Inc ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ လွှတ်တော်အတွင်း ဥပဒေပြုရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဈေးကွက် သုတေသနဆိုင်ရာနှင့် ပညာရေး၊ မီဒီယာဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာနှင့် အတူ လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်၊ ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက် ကြသည်။

No comments:

Post a Comment