“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

တရုတ်နှင့် အိန္ဒိယတို့ မြန်မာနိုင်ငံထဲမှာ အတူယှဉ်တွဲရှိနေနိုင်မလား

Photo: တရုတ်နှင့် အိန္ဒိယတို့ မြန်မာနိုင်ငံထဲမှာ အတူယှဉ်တွဲရှိနေနိုင်မလား

"အတိတ်ကလိုပဲ နောက်အနာဂတ်မှာလည်း အိန္ဒိယပြည်သူတွေက
 မြန်မာပြည်သူတွေနဲ့ ကောင်းတူဆိုးဘက် မျှဝေပြီး အတူယှဉ်တွဲပြီး ရပ်တည်သွားမှာ ဖြစ်ပါတယ်။ "

၁၉၄၈ ခုနှစ် ဗြိတိသျှတို့လက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျာဝါလာနေရူး ပြောဆိုခဲ့သော စကားများဖြစ်သည်။ ထိုအချိန်မှစပြီး ၂ နိုင်ငံအကြားဆက်ဆံေ၇းသည် ခင်မင်ရင်းနှီးမှု၊ လစ်လျှူရှုမှု၊ ရန်လိုမှုတို့ဖြင့် နိမ့်ချည်တခါ မြငိ့ချည်တလှည့်
 ဖြစ်ခဲ့သော်လည်း နိုင်ငံတကာအဆင့်ကို တက်လှမ်းသွားသည့် အိန္ဒိယနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေသည့် မြန်မာနိုင်ငံတို့က ဒေသတွင်းနိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ၎င်းတို့၏ဆက်ဆံရေးအပေါ်
 ပြန်လည်သုံးသပ်ရန် လိုအပ်လာနေသည်။ 

အလျင်အမြန်ပြောင်းလဲလာနေသော မြန်မာနိုင်ငံ နိုင်ငံေ၇းအခြေအနေကို အိန္ဒိယနိုင်ငံက ဗျူဟာတခု၊ မူဝါဒရေးရာပွင့်လင်းလာမှုတခုအဖြစ် ရှုမြင်ပြီး မြန်မာနိုင်ငံတွင် တရုတ်တို့၏ သြဇာလွှမ်းမိုးမှုရော့နည်းလာအောင် လုပ်ဆောင်နိုင်သော၊ အိန္ဒိယ၏ ဗျူဟာကို ချဲ့ထွင်နိုင်သော အခွင့်အရေး တရပ်ဖြစ် ယူဆသည်။ အချိန်တိုအတွင်း ပြိုင်ဖက်တရုတ်၏ လွှမ်းမိုးမှုကို ယှဉ်ပြိုင်နိုင်မည်လို့တော့ အိန္ဒိယက က မျှော်လင့်၍မရသေးပါ။

 မြန်မာဘက်ကလည်း အိန္ဒိယနှင့် နယ်ပယ်အဆင့်ဆင့်တွင် ခိုင်မာသော ဆက်ဆံရေးများမှတဆင့် အကျိုးအမြတ်များရရှိနိုင်သော်လည်း မဟာဗျူဟာခြိမ်းခြောက်မှုတခုဟု ယင်းဆက်ဆံရေးအား တရုတ်က ရှုမြင်သည်။ 

အိန္ဒိယက ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံအဖြစ်နှင့် ဘက်မလိုက် လှုပ်ရှားမှု၏ခေါင်းဆောင်အဖြစ် အလွန်ပင် ဂုဏ်ယူနေခဲ့သည့်
 နိုင်ငံဖြစ်သည်။ ယင်း၏ ခေတ်သစ်သမိုင်းတွင် အဆိုပါရပ်တည်ချက်က အိန္ဒိယ-မြန်မာဆက်ဆံရေးကို ပုံဖော်ခဲ့ခြင်းဖြစ်သည်။  ၁၉၅၀နှစ်များတွင် ဆက်ဆံရေးက နွေးထွေးခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းတွင် ဆက်ဆံရေးစတင်ပျက်ပြား လာတော့သည်။ ဗိုလ်ချုပ်ကြီးနေ၀င်း၏ ၁၀ စုနှစ် ၂ ခုကြာ အုပ်ချုပ်မှုအောက်တွင် မြန်မာပြည်ရှိ အိန္ဒိယလူမျိုးများကို  ဗြိတိသျှ လက်ထက်က အခွင့်ထူးခံများဟု ဆိုကာ ပစ်မှတ်ထားခဲ့သည်။ 

အမျိုးသားရေးဝါဒီလှုပ်ရှားမှုများကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယလူမျိုး အများအပြား ထွက်ခွာသွားခဲ့ရသည်။ ယင်းစစ်အေးတိုက်ပွဲကာလ တလျှောက်လုံးတွင် အိန္ဒိယက တုန့်ပြန်မှုမရှိဘဲ ကြားနေမူဝါဒဆက်လက် ကျင့်သုံးဆက်ဆံနေခဲ့သည်။ ၁၉၈၀ နှစ်ကုန်ပိုင်းကာလတွင်မူ အိန္ဒိယ အစိုးရက အတိုက်အခံဒီမိုကရေစီဘက်တော်သားများကို အကူအညီပေးပြီး
 မြန်မာ့အရေးတွင် လှုပ်ရှားလာသည်။ အာရှ၏ဒီမိုကရေစီအရင်းအမြစ် သဖွယ် ရပ်တည်ရန်ကြိုးပန်းလာသည်။

များမကြာမှီပင် ယုံကြည်ချက် အပေါ်အခြေခံသည့် ယင်းချည်းကပ်မှုသည်
 နိုင်ငံခြားရေးမူဝါဒ ဗျူဟာအတွက် အလုပ်မဖြစ်ကြောင်း အိန္ဒိယအစိုးရ
 တွေ့ရှိလာတော့သည်။ မြန်မာနိုင်ငံ၏ ဒီမ်ုကရေစီရေးလှုပ်ရှားမှုကိုလည်း မကူညီနိုင်ဘဲ ဖိနှိပ်သည့်အာဏာရှင်အစိုးရက ပို၍သာ ဆိုးရွားလာသည်။  ရန်ကုန်စစ်အစိုးရက အိန္ဒိယကို ပို၍ ရန်လိုလာချိန်တွင် တရုတ်တို့က စစ်အစိုးရနှင့် ပို၍နီးကပ်သော မဟာမိတ်ဖြစ်လာသည်။
 မြန်မာစစ်အာဏာရှင်အုပ်ချုပ်မည့် သက်တန်းရှညိကြာတော့မည် ဆိုသည်ကို သိရှိလာချိန် ၁၉၉၅ ခုနှစ်တွင်မူ အိန္ဒိယ၏ မြန်မာ အပေါ် ချည်းကပ်မှုက တဖြေးဖြေးနှင့် လက်တွေ့ကျလာခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာနိုင်ငံကို လက်နက်ရောင်းချနေသည့် ကမ္ဘာ့ ၈ နိုင်ငံထဲတွင် အိန္ဒိယက တနိုင်ငံဖြစ်လာခဲ့ပြီး လွတ်လပ်ရေးရပြီး
နောက်ပိုင်း ကျဆင်းလာနေခဲ့သော ၂ နိုင်ငံဆက်ဆံေ၇းကို
 ပြန်အဖတ်ဆယ်နိုင်ရန်ကြိုးစားတော့သည်။

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးစတင်ပြီး
နောက်ပိုင်းတွင် နိုင်ငံတကာစီးပွားရေးပိတ်ဆို့များ ဖယ်ရှားပေးခဲ့ပြီး သည့်နောက် အိန္ဒိယအစိုးရနှင့် ပုဂ္ဂိုလိက ကုမ္ပဏီတချို့က မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးနိုင်ရေးအခွင့်အလမ်းများ တွေ့ရှိလာကြသည်။ ONGC  Videsh , Jubilant ရေနံနှင့် သဘာဝဓာတ်ငွေ့၊ Century Ply-Star ဘိလပ်မြေထုတ်လုပ်ရေးစသည့် အိန္ဒိယကုမ္ပဏီများက မြန်မာနိုင်ငံတွင် စတင်လှုပ်ရှားလာကြသည်။  အိန္ဒိယ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည်
 ဒေါ်လာ သန်း ၃၀၀ နီးပါးရှိလာပြီဖြစ်သည်။ သို့သော် တရုတ်က တိုက်ရိုက်ရင်းနှီးမြုပ်နှံထားသော ဒေါ်လာ ၄၃ ဘီလီယံနှင့်စာလျှင် အသေးအဖွဲမျှသာ ရှိနေသေးသည်။ 

တရုတ်၏ရင်းနှီးမြုပ်နှံမှုက ၂၀၁၂ ခုနှစ်နောက်ပိုင်း လျော့ကျလာနေသော် လည်း နေပြည်တော်၏ လက်နက်ဝယ်ယူမှုအတွက် တရုတ်နှင့် ရုရှ တို့ကိုသာ မှီခိုနေရဆဲဖြစ်သည်။ ဤကိစ္စတွင်တော့ အိန္ဒိယက တရုတ်ကို ပြိုင်ဆိုင်နိုင်မည့် အခြေအနေမှာမရှိသလို လာမည့်နှစ်ပေါင်း များစွာတွင်လည်း ပြိုင်ဆိုင်နိုင်ဖို့ လမ်းမမြင်ပါ။ 

ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတွင် အိန္ဒိယက သြဇာကြီးသည့် ပါတနာဖြစ်လာနိုင်စွမ်းမရှိသည့် အချက်များစွာရှိနေသည်။ ၎င်း၏စွမ်းအင်အဆောက်အအုံဆိုင်ရာကဏ္ဍတွင် ဖွံ့ဖြိုးမှုနည်းနေသေး သဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အိန္ဒိယနိုင်ငံတွင်း သယ်ယူဖြန့်ဖြူးရန် အကန့်အသတ်ရှိနေသည်။ တရုတ်-မြန်မာနယ်စပ်နှင့် ယှဉ်လျှင် အိန္ဒိယ-မြန်မာ ၂နိုင်ငံနယ်စပ်က ဖွံ့ဖြိုးမှုမ၇ှိပါ။ ဗျူရိုကရေစီ ၀န်ထုတ်ဝန်ပိုးကလည်း ကြီးမားသည့်အတွက် နယ်စပ်ကုန်သွယ်မှုနှင် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဆောင်တာတို့ နှောင့်နှေးကြန့်ကြာနေသည်။ 

ယခုအချိန်တွင် မြန်မာကို အိန္ဒိယက လှိုက်လှိုက်လှဲလှဲ လက်ခံဆက်ဆံ လိုနေသည်။ ယင်းသို့ ပြုလုပ်နိုင်ရန်အတွက် ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု တို့တွင် တိုးတက်မှုများစွာရရှိရန်လိုအပ်နေသည်။ အိန္ဒိယ၏ ခေါင်သီသော အရှေ့မြောက်ဒေသကို ပြည်မနှင့် ဆက်သွယ်ဆောင်၇ွက်နိုင်ရေး လိုလားချက်က မြန်မာနှင့် ၂ နိုင်ငံ၏ နိုင်ငံရေး စီးပွားရေး စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးလာသည်။ သို့သော်လည်း ၂နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာများက အိန္ဒိယအာဏာပိုင်များ အတွက် အဓိက စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။ 

ဥပမာ- မြန်မာနိုင်ငံတွင်းက ဗုဒ္ဒဘာသာဝင်တို့ဦးဆောင်သည့် မွတ်စလင်ဆန့်ကျင်ေ၇းလှုပ်ရှားမှုတို့က ဒေသတွင်းက မွတ်စလင်များကို အစွန်းရောက်စေခဲ့ပြီး အိန္ဒိယနှင့် တောင်နှင့် အရှေ့တောင်အာရှဒေသ အတွင်းက ဗုဒ္ဒဘာသာအဆောက်အဦများကို လက်တုန့်ပြန်တိုက်ခိုက်မှုများ
 ဖြစ်ပေါ်လာသည်။ ၂ နိုင်ငံနယ်စပ်၏ ၂ ဘက်စလုံးတွင် နေထိုင်ကြသော နာဂအဖွဲ့များ၏ နာဂဒေသ တည်ထောင်လိုသည့် အနေအထားကလည်း ၂နိုင်ငံစလုံးအတွက် ခြိမ်းခြောက်မှုတခုဖြစ်လာနေသည်။ 

နေပြည်တော်အမြင်အရမူ အိန္ဒိယနှင့် ထဲထဲဝင်ဝင်ဆက်ဆံမှုကြောင့် ၎င်းနယ်စပ်အနီးဒေသမတည်ငြိမ်မှုအပေါ် စိုး၇ိမ်မကင်းဖြစ်နေသလို တဘက်ကလည်း တရုတ်နှင့် ဆက်ဆံေ၇းကို ဒေသတွင်းက အခြားနိုင်ငံ များနှင့် ချိန်ခွင်လျှာမျှတအောင် စွမ်းဆောင်နိုင်ကြောင်း ပြသလိုနေသည်။
 တရုတ်အစိုးရအပေါ် စီးပွားရေး နိုင်ငံေ၇းအရ မှီခိုနေရသည့် အခြေအနေကြောင့် နေပြည်တော်က အတိုင်းအတာတခုအထိသာ သတိနှင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်နှင့် ဆက်ဆံရေးက အခြေခံအားဖြင့် ပြောင်းလဲသွားသည်မဟုတ်စေကာမူ (ပြောင်းသွားမည်ဟု လည်း မထင်ပါ) အိန္ဒိယနှင့် အခြားနိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်တို့က နေပြည်တော်ကို အခြားအခွင့်အလမ်းများဖွင့်ပေးနေသည်။ တရုတ်အရာရှိတို့ကမူ တဖြေးဖြေး တိုးတက်လာနေသော မြန်မာနှင့် အိန္ဒိယတို့၏ စီးပွားရေး နိုင်ငံရေးနှင့် စစ်ရေးဆက်ဆံမှုကို တရုတ်-မြန်မာ ဆက်ဆံရေးအတွက် ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်နေသည်။ 

မြန်မာအစိုးရကလည်း တရုတ်နှင့် အိန္ဒိယ ၂ နိုင်ငံစလုံးအတွက် ၎င်း၏ တန်ဖိုးကို ကောင်းစွာနားလည်သည်။ အိန္ဒိယ၏ လုံခြုံရေးစိုးရိမ်မှု
 ပြဿနာနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့အရင်းအမြစ်အပေါ် စိတ်ဝင်စားမှုတို့က မြန်မာနှင့် အနာဂတ်ဆက်ဆံရေးအပေါ် ရိုက်ခတ် လွှမ်းမိုးနေအုန်းမည် ဖြစ်သည်။ တချိန်တည်းမှာပင် တရုတ်အတွက်လည်း ဘင်္ဂလားပင်လယ်အော်ကို လက်လှမ်းမှီနိုင်သည့်၊ သူ၏ကုန်းတွင်းပိတ်
တောင်ပိုင်းပြည်နယ်အတွက် စွမ်းအင်သေအချာရရှိနိုင်သည့်၊
 မြန်မာနိုင်ငံကို ဘေဂျင်းအတွက် အရေးပါသောဗျူဟာ ပါတနာ
ဖြစ်နေသည်။ ယင်းအချက်တို့ကြောင့်ပင် အိန္ဒိယ မြန်မာဆက်ဆံရေး နက်ရှိုင်းလာမှုက တရုတ်အတွက် ပြဿနာ တခုအဖြစ် ဆက်လက်
 ဖြစ်နေအုန်းမည်ပင် ဖြစ်သည်။ 

မြန်မာက သူ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပြီးမြောက်
အောင်မြင်အောင် ဆောင်ရွက်သည်ဖြစ်စေ၊ သို့တည်းမဟုတ် ယခင် အာဏာရှင်စနစ်ကို နောက်ကြောင်းပြန်လှည့်သည်ဖြစ်စေ၊ မြန်မာ၏ ဒေသတွင်းဗျူဟာရေးတွင် အရေးပါမှုနှင့် သဘာဝသယံဇာတ ကြွယ်ဝမှုများက
 ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့ အကျိုးစီးပွားတို့ ထိပ်တိုက်တွေ့ဆုံရာဖြစ်နေပြီး ယင်းအတွက်ကြောင့်လည်း ဆက်လက်ပြီး အာဏာလွန်ဆွဲနေကြ အုန်းမည်ဖြစ်သည်။ 
တရုတ်နှင့် အိန္ဒိယတို့က မြန်မာတွင် အတူတကွ ယှဉ်တွဲတည်ရှိနေနိုင် ပါသည်။ 

သို့သော် ခေတ်သစ်သမိုင်းကာလအတွင်းက ပေးအပ်ခဲ့သည့် သူ၏ စစ်ရေးကူညီမှုများနှင့် နေပြည်တော်နှင့် ကာလရှည်ကြာ မဟာမိတ်ပြုမှု များအပေါ် တရုတ်က ဆက်လက်အမြတ်ထုတ် ရယူနေအုန်းမည်ကတော့ အမှန်ပင် ဖြစ်ပေသည်။ 

Country Risk Solutions ဥက္ကဌ နှင့် Gnarus အကြီးတန်းအကြံပေးသူ Daniel Wagner နှင့် သုတေသီ Giorgio Cafiero တို့ရေးသားသည့် Can China and India Coexist in Myanmar? ကို 7Day News အတွက် ခင်မေဇော်က ဘာသာပြန်ဆိုပါသည်။

"အတိတ်ကလိုပဲ နောက်အနာဂတ်မှာလည်း အိန္ဒိယပြည်သူတွေက
မြန်မာပြည်သူတွေနဲ့ ကောင်းတူဆိုးဘက် မျှဝေပြီး အတူယှဉ်တွဲပြီး ရပ်တည်သွားမှာ ဖြစ်ပါတယ်။ "
၁၉၄၈ ခုနှစ် ဗြိတိသျှတို့လက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်တွင် အိန္ဒိယ၀န်ကြီးချုပ် ဂျာဝါလာနေရူး ပြောဆိုခဲ့သော စကားများဖြစ်သည်။ ထိုအချိန်မှစပြီး ၂ နိုင်ငံအကြားဆက်ဆံေ၇းသည် ခင်မင်ရင်းနှီးမှု၊ လစ်လျှူရှုမှု၊ ရန်လိုမှုတို့ဖြင့် နိမ့်ချည်တခါ မြငိ့ချည်တလှည့်
ဖြစ်ခဲ့သော်လည်း နိုင်ငံတကာအဆင့်ကို တက်လှမ်းသွားသည့် အိန္ဒိယနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ဆောင်နေသည့် မြန်မာနိုင်ငံတို့က ဒေသတွင်းနိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ၎င်းတို့၏ဆက်ဆံရေးအပေါ်ပြန်လည်သုံးသပ်ရန် လိုအပ်လာနေသည်။

No comments:

Post a Comment