“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

ဂရိတ်ဝေါလ် ကုမ္ပဏီ မှ ဆိုင်ကယ်စီး ဦးထုပ်များ လှူဒါန်း


မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရဲသူရိန်ခန်းမ၌ မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ လှူဒါန်းပွဲကို
ယမန်နေ့မွန်းလွဲ ၂ နာရီကကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင် ကျော် မိုး၊ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးအောင်မောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦး ကျော်ဆန်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင်၊ အမှတ်(၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲ မှူးကြီး အောင်ကိုဦး၊ မှုခင်းတပ်ဖွဲ့ခွဲမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ ဂရိတ်ဝေါလ် ကုမ္ပဏီပိုင်ရှင် ဦး တင်မောင်နှင့် ကုမ္ပဏီ ၁ဝ ခုမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ဂရိတ်ဝေါလ်ကုမ္ပဏီနှင့် မိတ်ဖက် ကုမ္ပဏီကိုးခုကိုယ်စား ဂရိတ်ဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးတင်မောင်က

မော်တော်ဆိုင်ကယ်စီး ဦးထုပ်များ လှူဒါန်းရ ခြင်းအကြောင်း ရှင်းလင်းတင်ပြသည်။

လှူဒါန်းသော ဆိုင်ကယ်စီးဦးထုပ် အလုံးရေမှာ ၁၂ဝဝဝ ရှိပြီး တန်ဖိုးငွေကျပ် သိန်းတစ်ထောင်ခန့် ရှိကာ တက္ကသိုလ်၊ ကောလိပ်များ၊ ရပ်ကွက်၊ ကျေးရွာများတွင် ပညာပေးဟောပြောပွဲ များပြုလုပ်၍ ဥာဏ်စမ်းအမေးအဖြေ မှန် ကန်စွာဖြေနိုင်သူများအား ဆုချီးမြင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့နောက် ကုမ္ပဏီများ၏ ကိုယ်စားလှယ် များက မော်တော်ဆိုင်ကယ်စီး ဦးထုပ်များကို ပေးအပ်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက လက်ခံရ ယူပြီး အမှတ်(၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ကိုဦးက ကျေးဇူးတင်စကား ပြောကြားကာ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အလှူရှင်များအား ဂုဏ်ပြုလက် မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment