“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, February 27, 2014

ပူတာအိုမြို့လျှပ်စစ်မီးရရှိရေးအတွက်ထူးကုမ္ပဏီက ငွေကျပ်သိန်း၁ဝဝဝဝ စတင်လှူဒါန်း

ထူးကုမ္ပဏီက ကချင်ပြည်နယ် ပူတာအိုမြို့ လျှပ်စစ်မီးရရှိရေး အတွက် ငွေကျပ်သိန်း ၁ဝဝဝဝကို ယခုလ ၂၄ရက်တွင်စတင်လှူဒါန်း ခဲ့သည်။ ယင်းသို့လှူဒါန်းခြင်းမှာ မဒွယ်တောင်ပေါ်တွင် ရဟတ် ယာဉ်ပျက်ကျခဲ့သူ ဦးတေဇအပါအဝင် ကပ္ပတိန်မောင်မောင်သန်း၊ ကပ္ပတိန်စည်သူတင်ချိမ့်၊ကိုသက်ထွန်း၊ကိုဇေယျာထွန်းနှင့် မဂရေ့စ်တို့ ကိုယ်စား ထူးဖောင်ဒေးရှင်းမှ ဒေသခံတို့၏ကူညီဆောင်ရွက်ပေးမှုများ အား ကျေးဇူးဆပ်သည့်အနေဖြင့်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
''ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီမြို့လေး ကိုတစ်ခုခုပြန်ပေးခဲ့ချင်တဲ့အတွက် မှတ်မှတ်ရရအစ်ကိုတို့ကအကောင် အထည်ဖော်ပေးခဲ့ချင်တယ်။ အခုပညာရေးလဲလုပ်ပေးနေတယ်။
ကျန်းမာရေးဆိုလဲပြောစရာမလိုဘူး။ အမြဲတည်မြဲအောင် မီးလေး

လုပ်ပေးရင် ပိုကောင်းမလားဆိုပြီး ဒီနေ့လုပ်ပါတယ်။ လုပ်တယ် ဆိုတာလဲ ခုမှပထမအဆင့်ပဲရှိသေးတာ။ အခုသိန်း ၁ဝဝဝဝ လှူ တယ်ဆိုတာလဲ ပညာရှင်ခေါ်တဲ့အခါ၊ ပစ္စည်းဝယ်တဲ့အခါ သုံးစွဲလို့ရ အောင်ပေးထားတာ။ သိန်း ၅ဝဝဝဝ သုံးစွဲမယ်လို့ သတ်မှတ်ထား တယ်။ ပိုချင်လဲပိုသွားမှာပေါ့''ဟု ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတေဇ ကပြောသည်။

လျှပ်စစ်မီးပေးဝေရန် Solar စနစ်နှင့် Hydro စနစ်တွင်မည်သည့် စနစ်ဖြင့်ပြုလုပ်မည်ကိုတိကျစွာမပြောနိုင်သေးသော်လည်း နိုင်ငံခြား ပညာရှင်များကို Solar စနစ်ဖြင့် ဦးစားပေးဆောင်ရွက်ရန် တောင်းဆို ထားသည်။

'' ဒီကနေ့ကမ္ဘာကြီးက အရမ်းပြောင်းလဲနေပါပြီ။ နည်းပညာ တွေအရမ်းမြင့်နေပြီ။ ဒါတွေကိုဦးစားပေးလုပ်ဖို့ ကျွန်တော်ပြောထား ပြီးဖြစ်ပါတယ်''ဟု ဦးတေဇကဆက်လက်ပြောကြားသည်။

ယင်းလျှပ်စစ်မီးလုပ်ငန်းစဉ်အတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြပြီး လေ့လာမှုများပြုလုပ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

The Union Daily

No comments:

Post a Comment