“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, February 27, 2014

မန်းရတနာပုံ လေကြောင်းလိုင်း စတင် ပြေးဆွဲ

မန္တလေးအခြေစိုက် မန်းရတနာပုံ လေကြောင်းလိုင်းဟာ ပြင်သစ်နိုင်ငံလုပ် ခရီးသည် ၇၀ ဆံ့ Turbo Prop လေယာဉ် အသုံးပြုပြီး ရန်ကုန်၊ မြစ်ကြီးနား၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံနဲ့ တာချီလိတ်ခရီးစဉ်တွေကို ဒီနေ့ စပြေးဆွဲနေပြီလို့ လေကြောင်းလိုင်း တာဝန်ရှိသူတဦးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
မန်းရတနာပုံလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ ၉ ခုမြောက် ပြည်တွင်းလေကြောင်းလိုင်း ဖြစ်ပြီး နောက်ထပ်
လေယာဉ်တွေ ထပ်ရောက်လာဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။
လာမယ့် မတ်လအတွင်း ATR 72, 600 လေယာဉ် ၁ စီး ထပ်ရောက်လာရင် မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ မုံရွာ၊ ဟုမ္မလင်းနဲ့ လွိုင်ကော်မြို့တွေကို ပျံသန်းသွားမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

DVB

No comments:

Post a Comment