“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, February 27, 2014

ဘက်ထရီ စက်ရုံ၌ ၅ ဘီလျံဒေါ်လာ ရင်းနှီးမြှုပ်နှံရန် တက်စ်လာမှ ပြင်ဆင်

လျှပ်စစ်ကားမျာအတွက် အသုံးပြုနိုင်မည့် ပိုမိုဈေးသက်သာသော ဘက်ထရီများကို အများအပြား ထုတ်လုပ်နိုင်မည့် စက်ရုံတွင် လာမည့် သုံးနှစ်အတွင်း ၂ ဘီလျံဒေါ်လာကို ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း တက်စ်လာမှ ဗုဒ္ဓဟူးနေ့တွင် ကြေငြာခဲ့သည်။
ဇိမ်ခံ လျှပ်စစ် ဆီဒင်ကားများကို ထုတ်လုပ်ခဲ့သည့် တက်စ်လာ ကုမ္ပဏီမှ အမေရိကန် အနောက်တောင်ပိုင်းတွင် ဘက်ထရီစက်ရုံ တစ်ခုကို တည်ဆောက်သွားမည် ဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း နောက်ထပ် ၃ ဘီလျံဒေါ်လာကို ထပ်မံရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။
၎င်းစက်ရုံမှ အစိတ်အပိုင်းများ ပေါင်းစပ်ထုတ်လုပ်ခြင်းထက် သတ္တုမှ ဘက်ထရီထွက်သည်အထိ အပြီးသတ် လုပ်ဆောင်နိုင်မည် ဖြစ်ပြီး ယာဉ်သုံး ဘက်ထရီများအတွက်
ကုန်ကျစရိတ်ကို လျော့ချနိုင်မည် ဖြစ်သည်။ တက်စ်လာ ကုမ္ပဏီမှ ထုတ်လုပ်သော လျှပ်စစ်ကားများအတွက် ဘက်ထရီကို ပန်နာဆိုးနစ်မှ ထုတ်လုပ်ပေးခြင်း ဖြစ်သည်။

လေ့လာဆန်းစစ်သူများမှ တတိယ မျိုးဆက် လျှပ်စစ်ကားများကို ထုတ်လုပ်ရန် တက်စ်လာအနေဖြင့် ဘက်ထရီများကို ပိုမိုလိုအပ်မည် ဖြစ်ပြီး ဘက်ထရီတန်ဖိုးများကို လျှော့ချနိုင်လျှင် လျှပ်စစ် ဆီဒင်ကားကို အမေရိကန်ဒေါ်လာ လေးသောင်းအောက် ရောင်းချနိုင်မည် ဖြစ်ကြောင်းနှင့် ယခု အက်စ် မော်ဒယ် လျှပ်စစ် ဆီဒင်ကားများကို ဘက်ထရီကြောင့် အမေရိကန်ဒေါ်လာ ခုနှစ်သောင်းအထက် ရောင်းချနေရသည်။

Edmunds ကုမ္ပဏီမှ အကြီးတန်း လေ့လာဆန်းစစ်သူ ဂျက်ဆီကာကဒ်ဝဲလဲမှ လျှပ်စစ်ကားများ၏ တန်ဖိုးနည်းပါးခဲ့လျှင် အသုံးပြုသူများမှ များစွာကြိုဆိုကြမည် ဖြစ်ပြီး ဘက်ထရီတန်ဖိုး ကျဆင်းရေးမှာ လျှပ်စစ်ကားများ တန်ဖိုးလျှော့ချရေး အတွက် အရေးပါကြောင်း ပြောဆိုခဲ့သည်။ ကိုယ်ပိုင် စက်ရုံကို တည်ဆောက်ခြင်းဖြင့် ပေးသွင်းမှု ပမာဏကို ထိန်းချုပ်နိုင်မည် ဖြစ်ပြီး ဘက်ထရီ တန်ဖိုးကို ပိုမို လျှော့ချနိုင်မည် ဖြစ်သည်။

ကုမ္ပဏီ အနေဖြင့် တတိယ မျိုးဆက် လျှပ်စစ်ကားများအတွက် စက်ရုံမှ ထုတ်လုပ်မည့်ဘက်ထရီများအတွက် တစ်ကီလိုဝပ်အတွက် ကုန်ကျမှု စရိတ်ကို ပထမနှစ်အတွင်း ၃၀ ရာခိုင်နှုန်းထက် လျော့ချသွားရန် မျှော်လင့်ထားသည်။ အလွန် ကြီးမားသော စက်ရုံမှ အပြည့်အဝ ထုတ်လုပ်မှုနှုန်းမှာ ၂၀၂၀ ခုနှစ်အထိ နှစ်စဉ် လီသီယံ ဘက်ထရီပေါင်း ငါးသိန်းကို ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ၎င်းပမာဏ မှာ ပြီးခဲ့သော နှစ်အတွင်း တစ်ကမ္ဘာလုံးမှ ထုတ်လုပ်မှုထက် ပိုမို များပြားသည်။

တည်ဆောက်မည့် စက်ရုံသည် အလုပ်အကိုင် နေရာပေါင်း ၆၅၀၀ ကိုလည်း ပေးအပ်နိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

မြန်မာ့ခေတ်

No comments:

Post a Comment