“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Tuesday, February 25, 2014

ငြိမ်းချမ်းရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး

ငြိမ်းချမ်းရေး မရသေးခြင်းကြောင့် ကချင်လူငယ်များ တိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ပေါ်လျက်ရှိ နေသည်ဟု ကချင်ပြည်နယ် လူငယ်ဖိုရမ်က ကြေညာချက် ထုတ်ပြန်ကြောင်း သတင်းဖတ်လိုက်ရသည်။
လူငယ်နှင့် အခွင့်အရေးကဏ္ဍတွင် ကချင်ပြည်နယ်အတွင်း လူငယ်များ လွတ်လပ်စွာ သွားလာခွင့်မရှိခြင်း၊ အခြားသော နယ်မြေများသို့ သွားလာမှု နည်းပါးခြင်း၊ ကုန်ဈေးနှုန်း မငြိမ်သက်မှုရှိခြင်း၊ မတရားဖမ်းဆီးခြင်း နှင့် တပ်သား စုဆောင်းခြင်းကြောင့် လူငယ်များက အုပ်ချုပ်ရေးအပိုင်းကို ယုံကြည်မှုအားနည်းခြင်း လူငယ် များ စိတ်ဓာတ်ပျက်ပြားခြင်း၊ ကြောက်ရွံ့မှုများပြားခြင်း၊ လူ့ဂုဏ် သိက္ခာကျဆင်းခြင်းနှင့် ဆုံးရှုံးခြင်းများ ဖြစ် ပေါ်နေသည်ဟု သိရှိရသည်။
ငြိမ်းချမ်းမှုမရှိခြင်း၏ ဆိုးကျိုးများသည် ရေတွက်မကုန်နိုင်အောင်ပင် ရှိပေသည်။ လူငယ်များသာမက ငြိမ်း ချမ်းမှုမရှိသည့် နယ်မြေအတွင်းရှိ လူငယ်၊ လူကြီး၊ ကလေးပါမကျန်
အကျိုးသက်ရောက်မှု ခံစားကြရသည် မှာ မလွဲပေ။

လူငယ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေးကဏ္ဍတွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင် နိုင်ဖို့ အရေးကြီးသည်။ လူငယ်များ၏ ကိုယ်စိတ် နှစ်ပါး ကျန်းမာရေးအတွက် ဖော်ဆောင်ပေးနိုင်ရန် အရေး ကြီးသည်။

လူငယ်များက ကြောက်ရွံ့စိတ်ရှိနေပြီး၊ စိတ်ဓာတ်ပျက်ပြားနေလျှင် ပညာသင်ကြားရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းရပ်များတွင် အောင်မြင်မှုရရှိနိုင်မည် မဟုတ်ပေ။ နိုင်ငံတော်၏ အနာဂတ်အတွက် အရေးပါ သည့် လူငယ် အင်အားစုများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသော မဟာဗျူဟာ ရည်မှန်းချက်တစ်ခု ဖြစ်သည်။

ကချင်တိုင်းရင်းသား လူငယ်များသာမက အခြားတိုင်းရင်းသား လူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်လာစေ ရန် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ အောင်မြင်ရေးသည် အဓိက ကျလှသည်။

ဒီမိုကရေစီ အစိုးရသစ်၏ သက်တမ်းသုံးနှစ် ပြည့်ခါနီးသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးကို ရာနှုန်းပြည့် အကောင်အထည် မဖော်နိုင်သေးပေ။

အပစ်အခတ်ရပ်စဲရေး လက်မှတ် မရေးထိုးနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကျန်ရှိနေ သေးသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့တို့ ရေးဆွဲထားသော စာချုပ်မူကြမ်းများ တိုက်ဆိုင် စစ်ဆေးခြင်းကို လာမည့် မတ်လပထမပတ်တွင် ပြုလုပ်မည်ဟု သိရသည်။ အဆိုပါစာချုပ်များကို သဘောတူညီ လက်မှတ် ရေးထိုးနိုင်ပါမှ တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာမည် ဖြစ် သည်။

ယင်းသို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိမှသာ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အာရုံပြုဖော်ဆောင် နိုင်မည် ဖြစ်သည်။

ကချင်ပြည်နယ်ရှိ လူငယ်များအပြင် အခြားဒေသအသီးသီးရှိ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် မဇ္ဈိမက လိုလားပါသည်။

နေရာဒေသအသီးသီးရှိ လူငယ်များ ပညာသင်ကြားနိုင်ရေး၊ ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ခွင့်ရရှိရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးစသည်တို့ ဖော်ဆောင်ပေးရန် နိုင်ငံတော် အစိုးရနှင့်တိုင်းရင်းသား ခေါင်းဆောင်များတွင် တာဝန်ရှိပါသည်။

ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ပြေ လည်စွာညှိနှိုင်းကာ သဘောတူညီမှုများရရှိပြီး စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်မည် ဖြစ်သည်ဟု မဇ်္ဈိမက ယုံကြည်ပါသည်။

No comments:

Post a Comment