“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, February 27, 2014

ရခိုင်ပြည်နယ်၌ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏လူမှုရေးလုပ်ကိုင်ခွင့် ပြည်ထဲရေးပိတ်ပင်

ရခိုင်ပြည်နယ်တွင် အခြေစိုက်ထားသည့် နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF) ကို ပြည်နယ်အတွင်း၌ ဝင်ရောက်၍ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ခွင့် မပြုရန်နှင့် ပြည်နယ်အစိုးရမှ လက်ခံခြင်းမပြုရန်အတွက် သတင်းပေးပို့လာကြောင်း ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းက ဆိုသည်။
“ ပြည်ထဲရေးက စာပို့လာပါတယ်၊ နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှာ ဆက်လက်လုပ်ကိုင်ခွင့်မပြုဖို့ပါ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေတဆင့် သက်ဆိုင်ရာအဆင့်ဆင့်ကို အကြောင်းကြားသွားမှာပါ” ဟု ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဖေဖော်ဝါရီလ(၂၅)ရက်နေ့က ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဒုချီးရားတန်းကျေးရွာဖြစ်စဉ်တွင် MSF(MEDECINA SANS FOONTERES HOLLAND) AZG အဖွဲ့မှ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနသို့ ပေးပို့ခဲ့သောစာမှာ ရခိုင်ပြည်နယ်၏ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ် ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်းလှုံ့ဆော်သော အဓိပ္ပါယ်ဖော်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ ၊ ပုဂ္ဂိုလ်စွဲ ဖြင့် ပဋိပက္ခမဖြစ်ဖြစ်အောင် သွေးတိုးစမ်း ဖန်တီမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသဖြင့် INGO အဖြစ် မှတ်ပုံ တင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MOU သက်တမ်း ထပ်မံတိုးမြှင့်ခြင်းအား
ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ်အတွင်းဝင်ရောက် လှုပ်ရှားမှုများအား ပြည်နယ်အစိုးရမှလက်ခံခြင်းမပြုရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ညွှန်ကြားထားသည်ဟု သိရသည်။

ထိုအပြင် ဒေသခံများကကလည်း အဆိုပါ အဖွဲ့အစည်းအား ရခိုင်ပြည်နယ်မှ ချက်ချင်းထွက်သွားရန် ဆန္ဒထုတ်ဖော်မှု ဆက်တိုက်ဖြစ်ပေါ်နေချိန်၌ ယခုကဲ့သို့ညွှန်ကြားလာခြင်းဖြစ်သည်။

MSF( Holland )သည် ကျန်းမာရေးဦးစီးဌာနနှင့် MOU ချုပ်ဆိုထားခြင်းဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၁၅-၉-၂၀၁၆ ထိဖြစ်သည်။ အဆိုပါအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးကဏ္ဍကို လုပ်ဆောင်နေခြင်းဖြစ်ပြီး မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာဖြစ်စဉ်တွင် ပြည်ပသတင်းဌာနများကို မမှန်မကန်သတင်း ပေးသည့်အတွက် INGO အဖြစ်မှ မှတ်ပုံတင်ခြင်းကို ရပ်စဲ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း၌ သက်ဆိုင်ရာဌာနများဖြင့် MOU ထိုးထားပြီး ဆောင်ရွက်နေသည် NGO/ INGO အဖွဲ့အစည်း ၃၀ခန့် ရှိနေကြောင်းကိုလည်း သိရသည်။

Myit Ma Kha Media Group.

No comments:

Post a Comment