“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, September 4, 2014

ပျိုးခင်းက ထပ်တင်မယ့် အနုပညာရှင်သစ်တွေကို တတ်စွမ်းသလောက် ကူညီပေးသွားမယ်လို့ ဆိုတဲ့ ရွှေမှုန်ရတီ

Myanmar News Media's photo.Myanmar News Media's photo.Myanmar News Media's photo.

အသက်ငယ်ငယ်နဲ့ သွက်လက်ထက်မြက်သလို သရုပ်ဆောင် ပညာမှာလည်း ခေသူမဟုတ်တဲ့ ရွှေမှုန်ရတီကို အနုပညာ ပျိုးခင်းကတစ်ဆင့် အနုပညာ လောကထဲ ရောက်ရှိလာသူမှန်း အားလုံး သိပြီးဖြစ်ကြမှာပါ။ ခုအခါ အနုပညာ ပျိုးခင်းက နောက်ထပ်သရုပ်ဆောင် အသစ်တွေ ထပ်မံရွေးချယ်သွားမယ် ဆိုတာနဲ့ ပတ်သက်ပြီး သူမက ၀မ်းသာပါတယ်တဲ့။
“နောက်လူတွေတင်မှာ အရမ်းကို ကောင်းပါတယ်။ အရမ်းလဲဝမ်းသာတယ်။ နောက်လူတွေလာရင်လဲ ရွှေမှုန့်ရဲ့ ဆရာတွေက သူတို့ရဲ့ တပည့်တွေကို အကောင်းဆုံး ပျိုးထောင်သွားမှာဖြစ်တဲ့တွက် ရွှေမှုန်တို့ကလဲ တတ်နိုင်သ လောက် ကူညီသွားမှာပါ။ ရွှေမှုန်တို့လဲ လေ့လာလိုက် ရိုက်လိုက်ဆိုတော့လေ။ လေ့လာလို့မကုန်တဲ့ အရာတွေထဲမှာ ဒီအနုပညာကလဲ တစ်ခုအပါအ၀င်ဆိုတော့ နောက်အသစ်တက်လာမဲ့ သူတွေကိုလဲ ရွှေမှုန်တို့ တတ်နိုင်သလောက် ကူညီ ပေးသွားမှာပါ။”လို့ ရွှေမှုန်ရတီ က ပြောပါတယ်။

ဇာတ်ကားထဲမှာ ၀တ်ဆင်တဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း သူမက “အ၀တ်အစား ၀တ်ဖြစ်တဲ့အပိုင်းကတော့ ကာရိုက်တာကိုပဲ ကြည့်တာပေါ့နော်။ တစ်ခါတစ်လေ ဖက်ရှင်တွေမှားပြီး စီစဉ်တာမျိုးတွေရှိတယ်။ ရွှေမှုန်က များသောအားဖြင့် ရွှေမှုန်ကြိုက်တဲ့ ကာရိုက်တာမျိုးလေးတွေမှာ ၀တ်တတ်တဲ့ အ၀တ်အစားကို ၃ ကား ၄ကားစာလောက် ကြိုပြီးပြင်ထားတတ်တော့ သိပ်တော့ အခက်အခဲမရှိပါဘူ။ ဒီဇိုင်နာတွေကတော့ ကားကြီးဆိုရင် Vivid (မသဲ)ဆီမှာ ချုပ်ဖြစ်ပါတယ်”တဲ့။

လက်ရှိမှာ သူမဟာ အချစ်ကိုစောင့်ဆိုင်းခြင်းဆိုတဲ့ ဗီဒီယိုကားလေးကို ရိုက်ကူး နေတယ်လို့ သိရပြီး ဒီကားပြီးရင်လည်း ဦးသိန်းဟန်(ဖီးလစ်) ရိုက်တဲ့ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment