“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, September 6, 2014

စာချုပ်ပြည့်သွားလို့ အလွတ်ရိုက်နေတာပါလို့ ဆိုလာတဲ့ ယုသန္တာတင်

Myanmar News Media's photo.
Myanmar News Media's photo.


ပျိုးခင်းထဲက ပျိုးထောင်ပေးလိုက်တဲ့ ပန်း ၃ ပွင့်ထဲက တစ်ပွင့်ဖြစ်တဲ့ ယုသန္တာတင်ဟာ ၃ ယောက်ထဲမှာ ကားရိုက်အနည်းဆုံးလို့ ပရိသတ်တွေ ထင်ကြေးပေးကြတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုလတ်တလောမှာတော့ သူမဟာ ဦးရဲ့ဆူး ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့ သိရပြီး မင်းသား ကတော့ လူမင်းပါတဲ့။ သူမနဲ့တွေ့ဆုံခိုက် ကာရိုက်တာ ရွေးချယ်မှုနဲ့ အပြင်တိုက် တွေနဲ့ လက်တွဲရိုက်ကူးမှုတွေ ရှိမရှိမေးကြည့်လိုက်တဲ့အခါ “ဇာတ်လာသမျှက ယုကိုဆို ဒရာမာများတယ်။ ဖန်စီလေးတွေလဲ ရှိတော့ရှိတယ်။ နည်းနည်းပေါ့။ ဇာတ်အငြိမ်လေးတွေ များတယ်။ ဇာတ်လာသမျှက ကိုယ်နဲ့လိုက်ဖက်မယ် ထင်တဲ့ ဇာတ်တွေကြီးပဲဆိုတော့ သိပ်ပြီး ရွေးချယ်စရာတော့ မရှိသေးပါဘူး။ တစ်ကားနဲ့ တစ်ကားလဲ ကာရိုက်တာ မထပ်သေးဘူးဆိုတော့လေ။ စာချုပ်က ပြည့်သွားပြီ။ ယုက အခုပျိုးခင်းထဲက မင်းသားတွေနဲ့ ဆက်ရိုက်ဖြစ်နေတုန်းပေါ့နော်။ အပြင် တိုက်တွေက ကမ်းလှမ်းထားတာတော့ ရှိတယ်။ ဒါပေမဲ့ လောလောဆယ်တော့ မရိုက်ရသေးဘူး။ ပြောထားတာတွေတော့ရှိပါတယ်။ ခုစာချုပ်ပြည့်သွားတယ် ဆိုတော့ အလွတ်ရိုက်နေတာပါ”လို့ သူမက ပြောပါတယ်။

ပျိုးခင်းက တက်လာတဲ့ အနုပညာရှင် သုံးယောက်ထဲမှာ ဇာတ်ကားရိုက်ကူးမှု နည်းရခြင်းနဲ့ ပတ်သတ်ပြီးတော့ သူမက “ညီမက ကားရိုက်ကြီးပဲ သိပ်ဦးစား မပေးဘူး။ ကြော်ငြာတွေလဲ လက်ခံရိုက်ကူး ဖြစ်တော့လေ။ ကားရိုက်က ပုံမှန်ပဲ သွားပါတယ်။ နောက်ပြီး ကြော်ငြာရိုက်တယ်။ နှစ်ခုစလုံးကိုမျှပြီးတော့ လုပ်ဖြစ် ပါတယ်” တဲ့။

Myanmar News Media

No comments:

Post a Comment