“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, September 4, 2014

နာမည်ကျော်တို့၏ ဓာတ်ပုံများ ပေါက်ကြားမှုတွင် iCloud စနစ်တစ်ခုလုံး ကျိုးပေါက်ခြင်း မဟုတ်ဟု Apple ရှင်းလင်း

Photo: နာမည်ကျော်တို့၏ ဓာတ်ပုံများ ပေါက်ကြားမှုတွင် iCloud စနစ်တစ်ခုလုံး ကျိုးပေါက်ခြင်း မဟုတ်ဟု Apple ရှင်းလင်း

အမေရိကန် နာမည်ကျော် အနုပညာရှင် အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပေါက်ကြားမှုတွင် Hacker များက ၎င်းတို့ အလိုရှိသည့် Account များကိုသာ သီးခြားပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး iCloud စနစ်တစ်ခုလုံး လုံခြုံရေး ကျိုးပေါက်သွားခြင်း မဟုတ်ဟု Apple ကုမ္ပဏီက ဖြေရှင်းခဲ့သည်။

အင်တာနက်ပေါ်တွင် အချက်အလက်များ သိုလှောင်သိမ်းဆည်းသည့် iCloud ဝန်ဆောင်မှုမှ ပေါက်ကြားမှု ဖြစ်ပွားပြီး အော်စကာဆုရှင် ဂျနီဖာလောရင့်စ် အပါအဝင် နာမည်ကျော် အနုပညာရှင် အချို့၏ လျှို့ဝှက်အပ်သော ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် Apple ၏ iCloud ဝန်ဆောင်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိလာပြီး Appleက ပြန်လည် စိစစ် စုံစမ်းခဲ့သည်။

စက်တင်ဘာ (၂)ရက်တွင် ကုမ္ပဏီက ရှင်းလင်းချက် ထုတ်ပြန်ခဲ့ရာ “နာရီပေါင်း (၄၀)ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် တိတိကျကျ ရည်ရွယ် ရွေးချယ်ထားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ Account တွေကို ထိုးဖောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ အင်တာနက်ပေါ်မှာ ကြုံတွေ့ နေကျ ပြဿနာမျိုးပါ။ ဒါပေမဲ့ iCloud၊ Find my iPhone တို့ အပါအဝင် ဘယ်လိုစနစ်တွေမှာမှ ကျိုးပေါက်မှု မရှိပါဘူး။ ဒီလို ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အပြစ်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မှာပါ”ဟု ဖော်ပြပါရှိသည်။

ဆိုက်ဘာ ရာဇဝတ်သား Hacker များက အမေရိကန် နာမည်ကျော် အမျိုးသမီး များ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများကို ဖောက်ထွင်းခိုးယူပြီး Social Media များပေါ် ဖြန့်ဝေခဲ့သည့် ဖြစ်ရပ်သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အထူးတလည် သတင်းကြီးခဲ့သည်။ ယင်းဖြစ်ရပ်ကို FBI ထောက်လှမ်းရေး ဌာနကလည်း တာဝန်ယူ စုံစမ်းနေကြောင်း သိရှိရသည်။

Channelnewsasia

အမေရိကန် နာမည်ကျော် အနုပညာရှင် အမျိုးသမီးများ၏ ဝတ်လစ်စားလစ် ဓာတ်ပုံများ ပေါက်ကြားမှုတွင် Hacker များက ၎င်းတို့ အလိုရှိသည့် Account များကိုသာ သီးခြားပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး iCloud စနစ်တစ်ခုလုံး လုံခြုံရေး ကျိုးပေါက်သွားခြင်း မဟုတ်ဟု Apple ကုမ္ပဏီက ဖြေရှင်းခဲ့သည်။

အင်တာနက်ပေါ်တွင် အချက်အလက်များ သိုလှောင်သိမ်းဆည်းသည့် iCloud ဝန်ဆောင်မှုမှ ပေါက်ကြားမှု ဖြစ်ပွားပြီး အော်စကာဆုရှင် ဂျနီဖာလောရင့်စ် အပါအဝင် နာမည်ကျော် အနုပညာရှင် အချို့၏ လျှို့ဝှက်အပ်သော ဓာတ်ပုံများ ပျံ့နှံ့သွားခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် Apple ၏ iCloud ဝန်ဆောင်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိလာပြီး Appleက ပြန်လည် စိစစ် စုံစမ်းခဲ့သည်။ စက်တင်ဘာ (၂)ရက်တွင် ကုမ္ပဏီက ရှင်းလင်းချက် ထုတ်ပြန်ခဲ့ရာ “နာရီပေါင်း (၄၀)ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် တိတိကျကျ ရည်ရွယ် ရွေးချယ်ထားတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ Account တွေကို ထိုးဖောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ အင်တာနက်ပေါ်မှာ ကြုံတွေ့ နေကျ ပြဿနာမျိုးပါ။ ဒါပေမဲ့ iCloud၊ Find my iPhone တို့ အပါအဝင် ဘယ်လိုစနစ်တွေမှာမှ ကျိုးပေါက်မှု မရှိပါဘူး။ ဒီလို ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အပြစ်ရှိသူတွေကို ဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား မှာပါ”ဟု ဖော်ပြပါရှိသည်။

ဆိုက်ဘာ ရာဇဝတ်သား Hacker များက အမေရိကန် နာမည်ကျော် အမျိုးသမီး များ၏ ပုဂ္ဂိုလ်ရေး ဓာတ်ပုံများကို ဖောက်ထွင်းခိုးယူပြီး Social Media များပေါ် ဖြန့်ဝေခဲ့သည့် ဖြစ်ရပ်သည့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အထူးတလည် သတင်းကြီးခဲ့သည်။ ယင်းဖြစ်ရပ်ကို FBI ထောက်လှမ်းရေး ဌာနကလည်း တာဝန်ယူ စုံစမ်းနေကြောင်း သိရှိရသည်။

Channelnewsasia

No comments:

Post a Comment