“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Thursday, September 4, 2014

မြန်မာ့ဆက်သွယ်ရေး GSM၊ WCDMA ငွေဖြည့်ကတ်သုံးစွဲသူများကို စက်တင်ဘာ ၄ရက်မှ ၁၂ရက်အတွင်း အပိုထပ်တိုးငွေများ ထပ်မံဖြည့်သွင်းပေးမည်

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ GSM၊ WCDMA မိုဘိုင်းဖုန်းအသုံးပြုသူ များအတွက် စက်တင်ဘာ ၄ရက်မှ ၁၂ရက်အတွင်း ငွေဖြည့်သုံးစွဲသူများ ကို အပိုထပ်တိုးငွေများထပ်မံ ဖြည့် သွင်းပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

GSM၊ WCDMA မိုဘိုင်းဖုန်း အသုံးပြုသူများသည် ယင်းကာလ အတွင်း ငွေကျပ် ၅ဝဝဝငွေ ဖြည့် သုံးစွဲပါက ၂ဝ ရာခိုင်နှုန်း၊ ငွေကျပ် တစ်သောင်းနှင့် အထက်ငွေဖြည့် သုံးစွဲပါက ၃ဝရာခိုင်နှုန်းထပ်တိုး အပို ဖြည့်ငွေ ရရှိမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့ဆက်သွယ်ရေး၊ မိုဘိုင်း ဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာ တစ်ဦးက ''အခုအစီအစဉ်က ဝန် ဆောင်မှုတစ်ခုအနေနဲ့ အထူးအရောင်း မြှင့်တင်ရေးအတွက် ဆောင်ရွက်ပေး တာပါ။ ဒီထက် ကောင်းတဲ့ဝန်ဆောင် မှုတွေလဲ ထပ်ပြီး လာဦးမှာပါ''ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ဆက်သွယ်ရေးကွန်ရက် ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းဖြစ်သော KDDI၊ နိုင်ငံတကာစီးပွားရေးလုပ်စု Sumitomo တို့နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

''အခုစက်တင်ဘာလကစပြီး ဒီနှစ်အတွင်းမှာ ဆင်းမ်ကတ် ငါးသန်း ကျော်ကို လက်လီအရောင်းဆိုင်တွေ ကတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင် အောင် ရောင်းချပေးသွားမှာပါ'' ဟု ယင်းက ဆက်လက်ပြောသည်။

အဆိုပါဆင်းမ်ကတ်များကို တိုင်းနှင့် ပြည်နယ်ရှိ ပုဂ္ဂလိကအ ရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်ပြီး ကနဦးအနေဖြင့် တစ်ဦးလျှင် တစ်ကတ်နှုန်းသာ ရောင်းချမည်ဖြစ် ပြီး ယင်းဆင်းမ်ကတ်ကို တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ဖြန့်ဖြူးနိုင်ရန် အတွက် ပုဂ္ဂလိကကုမ္ပဏီ ၁၄ခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အီလိုက်တက်ခ်ဖုန်းအရောင်း ဆိုင်တွင် ဆင်းကတ်သွားရောက်ဝယ် ယူသူတစ်ဦးက ''အခုလိုမြန်မာ့ဆက် သွယ်ရေးက ပုဂ္ဂလိကကုမ္ပဏီနဲ့အပြိုင် ပရိုမိုးရှင်းလုပ်ပေးတာကို သဘော ကျပါတယ်။ အခုဆင်းမ်ကတ်ဝယ်ရ တာတော့ မလိုအပ်ဘဲ အချိန်ပိုကြာ နေသလိုပဲ။ မှတ်ပုံတင် မိတ္တူထပ်ရ တယ်။ မနက် ၁ဝ နာရီကတည်းက လူတွေတောင် အခု ၁၂နာရီအထိ မရသေးဘူး။ ဖြစ်နိုင်ရင်တော့ မှတ် ပုံတင်မိတ္တူပေးလိုက်ရင် ကတ်တစ်ခု ဝယ်လို့ရအောင် စီစဉ်ပေးရင်တော့ အဆင်ပြေတာပေါ့။ အခုကအားလုံး စုပြုံတိုးနေရတယ်'' ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ တန်ဖိုးနည်းဆင်းမ်ကတ်များကို ၂ဝ၁၃ခုနှစ်ဧပြီမှ စတင်ရောင်းချခဲ့ ရာ ၂ဝ၁၄ခုနှစ် မေလအထိပြည်နယ် နှင့် တိုင်းဒေသကြီးအားလုံးတွင် စုစု ပေါင်းမိုဘိုင်းဖုန်း ၅ဒဿ မဝ၅သန်း ချထား ခဲ့သည်ဟု ထုတ်ပြန်ချက်များ အရ သိရသည်။

AKS

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

No comments:

Post a Comment