ရန်ကုန်မြို့၏ နေ့အပူချိန်မှာ ၃၅ မှ ၄၂ ဒီဂရီ စင်တီဂရိတ်ကြား ရှိနေခြင်းကြောင့် ယာဉ်မောင်းသူ များသည် မိမိတို့ယာဉ်၏ အိတ်ဇောတည်ဆောက်ပုံ၊ ၀ိုင်ယာကြိုး များအခြေအနေနှင့် ဆီသန့်ရှင်းမှု ရှိ၊ မရှိ ဂရုစိုက်သင့်ကြောင်း မော်တော်ယာဉ်ပြုပြင်သည့်လုပ် ငန်းအတွေ့အကြုံနှစ်ပေါင်း ၂၀ ခန့်ရှိသူ ဦးကျော်စွာကပြောသည်။
‘‘အိတ်ဇောကျောက်ဆန်ခါ ပိတ်တာနဲ့ မီးခိုးနဲ့မီးတွေက အ တွင်းပြန်လှည့်တာနဲ့ သူ့အပေါ်က ၀ိုင်ယာကြိုးကို ထိပြီးမီးလောင် တတ်တယ်။ ဒါမျိုးက ပရို ဘောက်စ်လိုကားမျိုးမှာ ဖြစ်တာ များတယ်။ ပရိုဘောက်စ်မှာ တောင် အင်ဂျင်ပါဝါ ပွိုင့်သရီး မှာ ဖြစ်တယ်။ ပွိုင့်ဖိုက်မှာဖြစ် တာတော့ မကြားမိသေးဘူး’’ဟု ဦးကျော်စွာကပြောသည်။
ထိုသို့ဖြစ်ရခြင်းမှာ ပွိုင့်သရီး အမျိုးအစားသည် အင်ဂျင်ပါဝါ သေးနေ၍ နွားနှစ်ကောင်ရုန်းရ မည့်နေရာတွင် တစ်ကောင်တည်း ရုန်းရသကဲ့သို့ဖြစ်နေရပြီး အဲကွန်းပါထပ်သုံးပါက ၀န်နှင့်အားမမျှ တော့ဘဲ ဖြစ်တတ်၍ ကျောက်ဆန်ခါများကိုခွဲကာ ပြုပြင်ပေးရလေ့ရှိကြောင်း ၎င်းက ပြော သည်။ထို့အပြင် ပန်ကာကိုအသေ ပုံစံမထားဘဲ အပူရှိန်မြင့်လာပါ က အလိုအလျောက်ပန်ကာလည် သည့် ပုံစံတည်ဆောက်ထားသည့် သာမိုစတက်ကို မဖြုတ်သင့် ကြောင်းအကြံပြုထားသည်။
ပရိုဘောက်စ်ယာဉ်များ မြန် မာနိုင်ငံသို့ စ၀င်လာသည့် ၂၀၁၁ ခုနှစ်အတွင်း မန္တလေးမြို့မှ ပြင်ဦးလွင် အတက်လမ်းတွင် ပရိုဘောက်စ် ယာဉ်တစ်စီး မီးလောင်ရာမှ ကားပြုပြင်သူများ သတိထားမိခဲ့ခြင်းဖြစ် သည်။
မတ် ၃၁ ရက် သန်းခေါင်ယံ အချိန်က ပုဇွန်တောင်မြို့နယ်အ တွင်း ပရိုဘောက်စ်ယာဉ်တစ်စီး သည် ယာဉ်ရှေ့ခေါင်းခန်းရှိဝိုင်ယာ ကြိုးများအပူလွန်ကဲရာမှ မီး လောင်ခဲ့သည်။ ထိုသို့ ကားမီး လောင်နေစဉ် မီးသတ်ယာဉ်များ ရောက်လာပြီး ငြှိမ်းသတ်နိုင်ခဲ့ သော်လည်း ဆယ်မိနစ်ကြာမီး လောင်မှုကြောင့် ကားတစ်စီးလုံး လောင်ကျွမ်းသွားသည်။အဆိုပါ ယာဉ်ပိုင်ရှင်ဖြစ်သူသည် မှော်ဘီ မြို့နယ်မှ ကားမောင်း၍ ပြန်လာပြီး အိမ်ဘေး၌ ရပ်ထားစဉ်နှစ်နာရီခန့်အကြာတွင် ကားမီးလောင်ကျွမ်းခံရခြင်းဖြစ်သ
အလားတူဖြစ်ရပ်မျိုး မော် တော်ယာဉ်များတွင် မကြာခဏ ဖြစ်ပွားနေရာ ယာဉ်အချို့မှာ ဟောင်းနွမ်းမှုကြောင့်ဖြစ်ရသကဲ့သ
‘‘တနေ့က မေတ္တာလှိုင်း ယာဉ်လိုင်းက ကားတစ်စီး ကျွန် တော့်အိမ်ရှေ့မှာ မီးလောင်တာ ၀ိုင်ယာရှော့ဖြစ်နေတာကို မောင်း လာနေရင်းနဲ့ဖြစ်သွားတာပဲ’’ဟု ဒ ဂုံမြို့သစ်မြောက်ပိုင်းမြို့နယ
ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံခြား မှ တစ်ပတ်ရစ်ယာဉ်များတင်သွင်း ရာတွင် ယာဉ်အတွင်းရှိဝိုင်ယာကြိုး များမှာ ဟောင်းနွမ်းဆွေးမြည့်နေတတ်သေြာေ
ကားမီးလောင်မှုများတွင် လူ ထိခိုက်မှုများမတွေ့ရသော်လည်း ၁၉၉၃ ခုနှစ်က ပြည်လမ်းမပေါ် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) တွေ့လမ်းမပေါ်တွင် ဆလွန်းကား တစ်စီးမီးလောင်မှု၌ ယာဉ် မောင်းသူ လူငယ်တစ်ဦးသည် ယာဉ်မောင်းထိုင်ခုံတွင် ထိုင်လျက်ခါးပတ်ဖြုတ်မရဘဲ မီးလောင်ကျွမ်းကာသေဆုံးခဲ့ရကြော
ယခုရက်ပိုင်းအတွင်း နေ့အ ပူချိန်မှာ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီခန့်အထိရှိနေပြီး ရန်ကုန်၊ စစ်ကိုင်း၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ၃၅ ဒီဂရီမှ ၄၂ ဒီဂရီစင်တီဂရိတ်ခန့်အထိ ရှိသည်။
7Day Daily
No comments:
Post a Comment